ဆုံးဖြတ်ချက်တွေချတဲ့အခါ မမှားစေဖို့
အားလုံးမှာ Dilemma လို့ခေါ်တဲ့ ဆုံးဖြတ်ရခက်တဲ့အခြေအနေတွေကြုံဖူး၊ရှိဖူးကြမှာပါ။ ဆုံးဖြတ်ချက်ချပြီဆို မှန်ရင်ကိုယ့်ဘဝတက်လမ်းအတွက်ချည်းပဲ ဖြစ်ပေမယ့် ဆုံးဖြတ်ချက်မှားခဲ့ရင်လည်းမထင်ထားတဲ့ကံဆိုးခြင်းတွေဆက်တိုက် ကိုယ့်ဆီရောက်လာအောင် ဖန်တီးနိုင်ပါတယ်။ ဒါကြောင့် ဘဝရဲ့အချိုးအကွေ့တွေတိုင်းမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့ ဆုံးဖြတ်ချက်တွေချတဲ့အခါသိထားသင့်တဲ့အချက်တွေကို အားလုံးအတွက် ဝေမျှပေးပါရစေ။
(၁) စဉ်းစားချင့်ချိန်တွေးခေါ်ပါ။
ပြဿနာ(ဒါမှမဟုတ်)အဖြစ်အပျက်တစ်ခုရဲ့ အရင်းအမြစ်ကိုတွေ့အောင်ရှာပါ။ပြီးရင်တော့ ခွဲခြမ်းစိတ်ဖြာပြီးသုံးသပ်ပါ။ ဒါမှ သင့်အတွက်ဘာတွေကောင်းမွန်လာမလဲ ဘာတွေဆုံးရှုံးနိုင်လဲဆိုတာ သင်တွေးဖို့ လမ်းစရလာမှာပါ။
(၂) သင့်ဆုံးဖြတ်ချက်ကြောင့်ဖြစ်လာနိုင်တဲ့အကျိုးသက်ရောက်မှုတွေကို ပုံဖော်ကြည့်ပါ။
ဘယ်အရာကပြဿနာလဲ ဆိုတာကို သင်သိပြီ။ ဆုံးဖြတ်ချက်တစ်ခုလည်းချမိပြီးပြီ ဆိုရင်တော့ အရင်ဆုံး အတွေးထဲမှာ ဖြစ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေကို ပုံဖော်ကြည့်ပါ။ တစ်ခုရှိတာက အကောင်း၊အဆိုးမျှအောင် အမြင်နှစ်ဘက်နဲ့ စဉ်းစားဖို့ပါပဲ။ ဒါမှ သင့်ဆုံးဖြတ်ချက်မှန်မမှန် သင်ချင့်ချိန်နိုင်ပြီး လိုအပ်ရင်နောက်ဆုတ်နိုင်မှာဖြစ်ပါတယ်။
(၃) SWOT နည်းကို သုံးပြီး ဝေဖန်ပိုင်းခြားပါ။
SWOT ဆိုတာက Strength, Weakness, Opportunity, Threat တို့ ဖြစ်ပါတယ်။ သင့် ဆုံးဖြတ်ချက်ရဲ့အားသာချက်ကဘာလဲ၊ အားနည်းချက်ကရော၊ ဒီဆုံးဖြတ်ချက်ကိုချလိုက်လို့ သင်ရနိုင်တဲ့ အခွင့်အရေးတွေက ဘာတွေဖြစ်မလဲ၊ သင့်ကိုခြိမ်းခြောက်မယ့်အရာတွေကရော ဘာတွေလဲ ဆိုတာကို SWOT analysis နည်းနဲ့ အဖြေရှာနိုင်ပါတယ်။
(၄) Plan A, Plan B ရှိပါစေ။
တစ်ခုတည်းကို ဇောက်ချပြီး ဘာကိုမှမကြည့်ဘဲ ဆောင်ရွက်တာက ကောင်းပေမယ့် အန္တရာယ်များတဲ့လုပ်ရပ်တစ်ခုပါ။ “ Don’t work hard, work smart” ဆိုတဲ့အတိုင်း သင်က Smart Worker တစ်ယောက်ဖြစ်နေပါစေ။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားတဲ့ မဟာဗျူဟာတွေ သင့်မှာ အစဉ်လိုက်ရှိနေဖို့လိုပါတယ်။ ဆုံးဖြတ်ချက်တစ်ခုချပြီး အဆိုပါဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရင်း အခြေအနေမဟန်တဲ့အခါ အန္တရာယ်ကိုကျော်ဖြတ်နိုင်ဖို့ Plan B သင့်မှာရှိနေဖို့လိုပါတယ်။
(၅ ) အချိန်ယူပါ။
ဆုံးဖြတ်ချက်တစ်ခုချတဲ့အခါ အချိန်ယူဖို့ကို ဝန်မလေးပါနဲ့။ အချိန်သေချာယူပြီး သေချာစစ်ဆေးပါ။ ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလိုချမှတ်လိုက်ရင် ၆၅ % က မှားဖို့ရှိနိုင်ပါတယ်။ သင့်ဘဝကြီးကို ဖုတ်လိုက်ဖုတ်လိုက်နဲ့ မရပ်တည်ချင်ရင်တော့ ဆုံးဖြတ်ချက်ကြီးတွေချတဲ့အခါ အချိန်သေချာယူစဉ်းစားပါ။ ဆုံးဖြတ်ချက်ချပြီးလို့ အကောင်အထည်ဖော်ဖို့ကိုတော့ အချိန်ဆွဲလို့မကောင်းပါဘူး။မြန်မြန်အကောင်အထည်ဖော်ပါ။
စာဖတ်သူတွေအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ကြပါစေနော်။