ရည်းစားဟောင်းဆီ ပြန်သွားမယ်ဆိုရင် မဖြစ်မနေစဉ်းစားရမယ့် အချက် ၅ ချက်
auntymay.com
|
2020-12-11

ကိုယ်နဲ့ အဆင်မပြေလို့ ပြတ်သွားခဲ့တဲ့ ချစ်သူတစ်ယောက် ရှိတယ်ဆိုပါတော့။ အချိန်တစ်ခုရောက်တဲ့ အထိ သူကလည်း ကိုယ့်ကို မေ့လို့မရ၊ ကိုယ်ကလည်း သူ့ကို အမြဲလိုလို သတိရနေ၊ အဲဒီလိုမျိုးတွေ ဖြစ်နေပြီဆိုရင်တော့ ကျိန်းသေတာ မကြာခင်အချိန်အတွင်း သူကကိုယ့်ဆီ တရားဝင်ဖွင့်ပြောပြီး ပြန်လာတာပဲဖြစ်ဖြစ်၊ ကိုယ်ကစပြီး သူနဲ့ပြန်တွဲတာပဲဖြစ်ဖြစ် လုပ်ကြတော့မှာပါပဲ။ ဒါပေမယ့် အဲဒီလို ပြတ်ပြီးသား relationship တစ်ခုကို ပြန်ဆက်မယ်ဆိုရင် အရင်တုန်းကလောက် ခံစားချက်တွေ ကိုယ်စီမရှိကြတော့တာ အမှန်ပါပဲ။ ဒါ့ကြောင့် ဒီလိုမျိုး ကိုယ့်ရဲ့ ရည်စားဟောင်းဆီကို ပြန်သွားတော့မယ်ဆိုရင် မဖြစ်မနေကို သေသေချာချာ စဉ်းစားရယ့် အချက် ၅ ချက်ကို ပြောပြပေးသွားချင်ပါတယ်။


Pixabay-RyanMcGuire


၁။ သူကယုံကြည်ရလောက်တဲ့ အခြေအနေ ရှိ၊မရှိ သေချာစဉ်းစားပါ

သူကဖောက်ပြန်လို့ ပြတ်သွားခဲ့တဲ့ relationship တစ်ခုဆိုရင် သူအဲဒီလိုနောက်တစ်ခေါက်ထပ်လုပ်နိုင်သေးလား၊ သူဟာယုံကြည်လို့ရတဲ့ လူစားမျိုးလား၊ သူတစ်ကယ်နောင်တရနေလားဆိုတာတွေကို သေသေချာချာ လေ့လာအကဲခတ်ပါ။ တစ်ကာ်လို့ မယုံကြည်ရတဲ့ အခြေအနေဆိုတာကို သိသိရက်နဲ့ ပြန်သွားရင် သင်ပဲခံစားရမှာပါ။


၂။ အတိတ်တွေကို အတိတ်မှာပဲ ထားခဲ့နိုင်အောင် စိတ်ဆုံးဖြတ်ပါ

အိတ်ကဖြစ်ခဲ့တဲ့ ကိစ္စတေါကို အတိတ်မှာပဲထားပြီး လက်ရှိနဲ့ အနာဂတ်ကိစ္စတွေကိုပဲ စဉ်းစားပါ။ ဘာကြောင့်လဲဆိုတော့ အတိတ်က ဖြစ်ခဲ့ပြီးသား ကိစ္စတွေဆိုတာ ဘယ်လိုမှ ပြန်ပြင်လို့ မရနိုင်တော့တာကြောင့်ပဲ ဖြစ်ပါတယ်။


Pixabay-JUrban


၃။ မှားပြီးသား အမှားတွေကို ထပ်မလုပ်မိအောင် နေပါ

တစ်ကယ်လို့ ကိုယ်ကမှားတဲ့လူဆိုရင်တော့ ပြန်တွဲဖြစ်ခဲ့ရင် နောက်ထပ်တစ်ခါ အဲဒီလိုမျိုးအမှားကို ထပ်မမှားနိုင်အောင် ကြိုးစားပါ။ အမှားတစ်ခုကို သိသိရက်နဲ့ နောက်တစ်ကြိမ်ထပ်ပြီး ကျူးလွန်တာဟာ မကောင်းပါဘူး။


၄။ သူ့ကို ခွင့်လွှတ်နိုင်လား သေချာစဉ်စားပါ

ကိုယ်က သူ့အမှားတွေကို ခွင့်လွှတ်နိုင်မှသာ ပြန်တွဲတာ အကောင်းဆုံးပါပဲ။ ခွင့်မလွှတ်နိုင်ပဲ ပြန်တွဲရင်တော့ ကိစ္စတစ်ခုခုဖြစ်တာနဲ့ သင်ဟာ အဲဒီကိစ္စတွေကို ထပ်ခါထပ်ခါ ပြန်ပြောပြီး ပြသနာရှာကာ နှစ်ဦးနှစ်ဖက်လုံး စိတ်ဆင်းရဲရမှာ အမှန်ပါပဲ။


Pixabay-DanaTentis


၅။ မိဘသူငယ်ချင်းတွေနဲ့လည်း သေချာတိုင်ပင်ပါ

တစ်ကယ်လို့ သင့် ex ကို မိဘတွေ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးထားပြီး သင်နဲ့သူ ပြန်တွဲဖို့ စဉ်းစာနေရင်တော့ အရင်ဆုံး သင့်မိဘ၊ သူငယ်ချင်းတွေနဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာလည်း သင့်ကို မထင်မှတ်ထားတဲ့ အကြံဉာဏ်တွေ ပေးနိုင်တာကြောင့်မို့ပါပဲ။

phk


#အတိတ်
#အမှား
#သူငယ်ချင်း
#တိုင်ပင်
#မိဘ

Some text some message..