တောင်ကိုရီးယားမှာ ချစ်သူစုံတွဲတွေ မဖြစ်မနေ လုပ်တတ်ကြတဲ့ အပြုအမူ(၈)ခု
auntymay.com
|
2020-12-12

ကမ္ဘာပေါ်မှာ ရှိသမျှ သူတိုင်းက အချစ်ရေးကို ပတ်သတ်ကြရတာပါပဲ။ ဒါပေမယ့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဓလေ့တွေ မတူကြသလို တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စုံတွဲတွေ ဖြတ်သန်းကြတဲ့ ပုံစံတွေလည်း မတူကြပါဘူး။ ချစ်သူစုံတွဲတွေရဲ့ ဓလေ့ထုံးတမ်းတွေက ခေတ်အလိုက် နိုင်ငံတွေ ပြောင်းလဲလျက် ရှိပါတယ်။ ကိုရီးယားနိုင်ငံမှာ ရှိကြတဲ့ စုံတွဲတွေဆိုရင် မဖြစ်မနေ လုပ်တတ်ကြတဲ့ အရာမျိုးတွေ ရှိပါတယ်။ သူတို့ရဲ့ အချစ်ရေးမှာ တွေ့ရတဲ့အရာတွေကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတယ်နော်။


(၁) စုံတွဲလက်စွပ်

အခြားသူတွေပါ အချစ်ကို ချပြထားတဲ့ စုံတွဲတွေက တရားဝင် စုံတွဲ ဖြစ်ကြောင်း လက်စွပ် ဝတ်ထားကြလေ့ ရှိပါတယ်။ တစ်ချို့ကတော့ ချစ်သူ ဖြစ်တာ ရက်တစ်ရာ ပြည့်တဲ့နေ့မှာ စပြီး လက်စွပ်ဝတ်ကြလေ့ ရှိပါတယ်။


exebiche/Freepik


(၂) နှစ်ပတ်လည်နေ့တွေ

ကိုရီးယားတွေက တစ်ခါနှစ်ခါလောက်ပဲ အထိမ်းအမှတ်နေ့တွေကို ပြုလုပ်တတ်ကြတာ မဟုတ်ပါဘူး။ စုံတွဲတွေက ချစ်သူစဖြစ်တဲ့ ပထမနေ့ကနေ ရက်တစ်ရာပြည့်၊ ရက်နှစ်ရာပြည့် နဲ့ ရက်တစ်ထောင် ပြည့် စသဖြင့် ရေတွက်ပြီး အထိမ်းအမှတ်နေ့ ကျင်းပတတ်ကြပါတယ်။


(၃) ဆင်တူပစ္စည်းတွေ

ချစ်သူစုံတွဲတွေက စုံတွဲ ပစ္စည်းလို့ သတ်မှတ်ပြီး ပစ္စည်းတွေ သုံးတတ်ကြပါတယ်။ နှစ်ယောက်ဆင်တူ ဘာပဲဖြစ်ဖြစ် သုံးကြတာမျိုး လုပ်တတ်ကြပါတယ်။


topntp26/Freepik


(၄) ချစ်ဖို့ကောင်းတဲ့ အမူအရာတွေ

ချစ်ဖို့ကောင်းတဲ့ အပြုအမူတွေဆိုတာ မိန်းကလေးမှာမှ ရှိရမယ်လို့ တောင်ကိုရီးယားကသူတွေက မသတ်မှတ်ထားကြပါဘူး။ ကောင်လေးတွေကလည်း လုပ်တတ်ကြပါတယ်။ ဒါကြောင့် ချစ်စရာကောင်းတဲ့ sticker တွေ emoji တွေလည်း အသုံးများကြပါတယ်။


(၅) ပန်းပေးတယ်

ပန်းဆိုင်တွေလည်း အရမ်းများသလို တောင်ကိုရီးယားတွေက သူတို့ရဲ့ ဂရုစိုက်မှုကို ပြဖို့ ပန်းပေးတာကို အမြဲ လုပ်တတ်ကြပါတယ်။ ဒါကြောင့် ကိုရီးယားရုပ်ရှင်တွေမှာ ပန်းတွေ ပေးကြတာကို အမြဲ တွေ့ကြရတာ ဖြစ်ပါတယ်။


senivpetro/Freepik


(၆) လူရှေ့မှာ ထိန်းသိမ်းတဲ့အရာတွေ

ကိုရီးယားရုပ်ရှင်တွေထဲမှာ kiss scenes တွေ ရိုက်ကူးတတ်ကြပါတယ်။ ဒါပေမယ့်လည်း တောင်ကိုရီးယားက လူအများမြင်ရတဲ့ နေရာမှာ လက်တွဲတာ ပုံမှန် ဖြစ်ပြီး kiss ကတော့ နည်းပါတယ်။ ပွင့်လင်းတဲ့ နိုင်ငံက လာတယ်ဆိုရင်တောင်မှ လူအများရှေ့မှာ ဆင်ခြင်ကြရပါတယ်။


(၇) အဆက်အသွယ် အမြဲလုပ်ကြတယ်

တောင်ကိုရီးယားမှာ ဝိုင်ဖိုင်နဲ့ အင်တာနက် ဒေတာဆိုတာ သိပ်ကို ပေါပါတယ်။ ဒါကြောင့် ချစ်သူတွေက တစ်ယောက်နဲ့ တစ်ယောက် အမြဲလိုလို အဆက်အသွယ် လုပ်ကြပါတယ်။ တစ်နေ့တာ ဘာတွေ လုပ်ကြတယ်ဆိုတာမျိုးတွေ ပြောတတ်ကြပါတယ်။


Freepik.com


(၈) White Day ကျင်းပကြတယ်

နိုင်ငံတော်တော်များများက စုံတွဲတွေက Valentine’s Day ကို ဆင်နွှဲတတ်ကြပါတယ်။ ဒါပေမယ့် ကိုရီးယားတွေကတော့ Valentine’s Day ပြီးလို့ နောက်တစ်လ အကြာမှာ ရှိတဲ့ မတ်လ ၁၄ ရက်နေ့မှာ White Day ကို ကျင်းပကြပါတယ်။ အဲ့ဒီနေ့မှာ ကောင်လေးတွေက ချစ်သူကို သကြားလုံး အဖြူလေးတွေ၊ အဖြူရောင် လက်ဝတ်ရတနာတွေ ပေးပြီး သူတို့ရဲ့ အချစ်ကို ပြသတတ်ကြပါတယ်။

Kham


#စုံတွဲ
#လက်စွပ်
#ချစ်သူ
#ကိုရီးယား
#တောင်ကိုရီးယား

Some text some message..