
လူတိုင်းမှာ ရည်းစားဟောင်းဆိုတာ ရှိတတ်ပါတယ်။ FA လေးတွေက လွဲရင်ပေါ့။ တစ်ချို့ အတွဲတွေကျတော့လည်း အချိန်တော်တော်ကြာ တွဲလာတဲ့ ချစ်သူနဲ့ပဲ လက်ထပ်သွားတာ ရှိသလို တစ်ချို့ကျပြန်တော့်လည်း အကြောင်းအမျိုးမျိုးကြောင့် ချစ်သူတွေနဲ့ လမ်းခွဲခဲ့ရတဲ့ အခိုက်အတန့်ဆိုတာ ရှိစမြဲပါပဲ။ ချစ်သူနဲ့ လမ်းခွဲသွားတဲ့ လူတော်တော်များများဟာလည်း အချိန်တစ်ခုကြတဲ့အထိ တစ်ယောက်တည်းနေတတ်ပြီး စိတ်တွေ အနည်ထိုင်သွားတော့မှ နောက်ထပ်ချစ်သူတစ်ယောက် ရသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ချစ်သူအသစ်ထပ်ထားတော့မယ်ဆိုရင် ပြင်ဆင်သင့်တဲ့ အချက် ၄ ချက်ကို ပြောပြပေးသွားချင်ပါတယ်။

Pixabay-bngdesigner
၁။ ချစ်သူအဟောင်းအပေါ် ခံစားချက်မရှိတော့မှ နောက်တစ်ယောက်ကိုချစ်ပါ
အဲဒီအချက်က အရေးကြီးပါတယ်။ လူတစ်ယောက်ကို ချစ်တာနဲ့ သံယောဇဉ်ရှိတာကို ကွဲပြားအောင် အရင်ဆုံးလုပ်ပါ။ ကိုယ်ကိုယ်တိုင်က Ex အပေါ် ခံစားချက်ရှိပြီး အသစ်တစ်ယောက်ကိုလည်း ဒီအတိုင်းလေးပဲ တွဲလိုက်မယ်ဆိုရင် ရေရှည်မှာ ကိုယ်ဟာ တစ်ကယ်မချစ်ခဲ့တဲ့အတွက်ကြောင့် ခံစားစရာတွေ ဖြစ်ကုန်ပါလိမ့်မယ်။
၂။ ချစ်သူအသစ်ကိုလည်း ချစ်သူအဟောင်းနဲ့ မနှိုင်းယှဉ်မိပါစေနဲ့
တစ်ချို့လူတွေကျပြန်တော့ ချစ်သူအသစ်ကို ငါ့ရဲ့ ex က ငါ့ကိုဆိုရင် ဘယ်လိုအလိုက်ခဲ့တာ၊ ဘာတွေဘယ်လိုလုပ်ပေးခဲ့တာ အစရှိသဖြင့် သူ့အရှေ့မှာ ပြောပြီး နှိုင်းယှဉ်တတ်ပါတယ်။ အဲဒီလိုလူမျိုးတွေ မသိတာက လက်ရှိသူတို့အနားမှာ ရှိနေပေးတာ သူတို့ ex မဟုတ်ပါဘူး။ တစ်ဖက်လူ စိတ်ထဲမှာ ဘယ်လောက်သိမ်ငယ်သွားမလဲဆိုတာကို စဉ်းစားာကည့်လိုက်ပါ။

Pixabay-panajiotis
၃။ ကိုယ်ရဲ့ ချစ်သူအသစ်အပေါ် တကယ်ချစ်နိုင်မှသွားပါ
လူတော်တော်များများဟာ ex နဲ့ ပြတ်သွားပြီး တစ်ယောက်တည်း အထီးမကျန်ချင်တာကြောင့်ရယ်၊ တစ်ယောက်တည်းမနေချင်တာကြောင့်ရယ်တို့ကြောင့် နောက်တစ်ယောက်ကို အလွယ်တူရှာပြီး အစားထိုးတတ်လိုက်ကြပါတယ်။ အဲဒီလိုလုပ်တာဟာ ကိုယ့်အတွက် ဘာမှမဖြစ်ပေမယ့် တစ်ဖက်လူအတွက် ရေရှည်မှာ တော်တော်သနားဖို့ကောင်းပါတယ်။
၄။ အရင်တစ်ယောက်နဲ့ မှားခဲ့ဖူးတဲ့ အမှားမျိုးတွေကို ထပ်မကျူးလွန်မိပါစေနဲ့
အရင် ex နဲ့ တုန်းက ကိုယ်လုပ်ခဲ့ဖူးတဲ့ အမှားတစ်ချို့ကို လက်ရှိချစ်သူအပေါ်မှာ ထပ်မလုပ်မိပါစေနဲ့။ အမှားဆိုတာကြီးကို သိသိရက်နဲ့ ရမလားဆိုတဲ့ စိတ်နဲ့ တော်တော်များများက သွေးတိုးစမ်းတတ်တဲ့ ပုံစံတွေ ရှိတတ်တာကြောင့်မို့လို့ပါ။

Pixabay-5688709
phk