ကြိုတင်ခန့်မှန်းနိုင်မယ့် စနိုက်ကြော်မမတို့ရဲ့လက္ခဏာများ
moda.com.mm
|
2020-12-12

ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ကိုယ့်ရည်းစားကို ကြောင်တောင်နှိုက်တဲ့ဇာတ်လမ်းတွေ အများကြီးကြည့်ဖူးကြမှာပါ။ ဇာတ်လမ်းထဲမှတော့ သူတို့ကို ဗီလိန်လို့ နာမည်လှလှလေးခေါ်ပေမယ့် အပြင်မှာတော့ လွယ်လွယ်ကူကူ စနိုက်ကြော်မလို့ အခေါ်ခံရတတ်ပါတယ်။ အဲဒီစနိုက်ကြော်မလေးတွေဟာ ကိုယ့်ချစ်သူနဲ့မိတ်ဆက်ပေးလိုက်တော့မှပဲ ခင်မင်မှူကိုမှအားမနာ တခြားယောက်ျားလေးတွေကိုမေ့ပြီး ကိုယ့်ရည်းစားမှကိုယ့်ရည်းစား အတင်းကာရောကြောင်တောင်နှိုက်ဖို့ကြိုးစားကြတာဟာ ဇာတ်ကားတွေအကြည့်များလို့ပဲလား သူ့တို့ရဲ့ ပင်ကိုယ်ဗီဇပဲလားဆိုတာတော့ သူတို့ကိုယ်တိုင်ပဲသိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်က သူတို့ရဲ့ခြေလှမ်းတွေကို လုံးဝမသိလိုက်ပဲ နောက်ကျမှ ခံလိုက်ရတာမျိုးမဖြစ်အောင် သိသင့်တာလေးတွေကို သိထားဖို့လိုပါတယ်။ ဒါကြောင့်မို့ သူတို့လေးတွေရဲ့ ခြေလှမ်းတွေနဲ့ ချည်းကပ်ပုံချည်းကပ်နည်းလေးတချို့ကို လက်လှမ်းမီသလောက်စုစည်းဖော်ပြပေးမှာဖြစ်ပြီး ကျန်တာကတော့ မိန်းကလေးတွေရဲ့ မွေးရာပါဆဌမအာရုံကို ဆက်ပြီးအသုံးချကြဖို့ပါပဲ။


CB ကိုကွှ




ဒီနေ့ခေတ်မှာ Social Media ဆိုတာ ကိုယ်သဘောကျတဲ့သူကို အလွယ်ကူဆုံးချည်းကပ်နိုင်ပြီး အပြင်မှာရိုးသားဟန်ဆောင်လို့ရတဲ့ အကောင်းဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။ သမီးရည်းစားတွေ Password အပြန်အလှန်ပေးထားရင်တော့ သူ့ကံပေါ့နော်။ ဒါတောင် ကာယကံရှင်က တခြားအကောင့်နဲ့သွားကြူနေရင်မပြောတတ်ဘူး။ ဥပမာ သင့်ချစ်သူနဲ့မိတ်ဆက်ပေးလိုက်ပြီး သိပ်မကြာခင်မှာပဲ သင့်ချစ်သူရဲ့ Fri List ထဲမှာတွေ့ရပြီး Love react တွေနဲ့ မလွတ်မကင်း Comment တွေအမြဲပေးနေတာမျိုးဆိုရင်တော့ နည်းနည်းသတိထားစောင့်ကြည့်ဖို့လိုပါပြီ။


ကိုယ့်ကိုပိုခင်လာသူ




ပုံမှန်ဆုံလေ့မရှိပေမယ့် သင့်ချစ်သူနဲ့မိတ်ဆက်ပေးပြီးနောက်ပိုင်းမှ သင်နဲ့ခပ်စိပ်စိပ်ဆုံကြဖို့ပြောလာတာမျိုး ၊ အကြောင်းမရှိအကြောင်းရှာပြီး နင့်ဘဲရောမခေါ်ဘူးလား ဆိုတာမျိုး ၊ နှစ်ယောက်တည်းဆိုပျင်းစရာကြီး နင့်Boyfriend ပါခေါ်လိုက်လေဆိုတာမျိုးတွေပြောလာရင်တော့ တပ်အပ်ကြီးမစွပ်စွဲသင့်ပေမယ့် နည်းနည်းသတိထားဖို့တော့လိုပါပြီ။ ဘယ်သူကမှ ကိုယ့်ကိုကိုယ် Third Wheel အဖြစ်ခံပြီး သူများအတွဲကြားထဲ ကန့်လန့်ကန့်လန့်နဲ့ လျှောက်မသွားချင်ပါဘူး။


ပိုလှလာသောစနိုက်မလေး




တခြားအချိန်တွေမှာ ကပိုကရိုနဲ့ ပစ်စလက်ခတ်နေသလောက် သင့်ရည်းစားပါလာတော့မယ်ဆိုရင် တခါမှမလိမ်းဖူးတဲ့ မိတ်ကပ်တွေ နှုတ်ခမ်းနီတွေသေချာလိမ်းထားပြီး အရမ်းတွေလှချင်နေတာမျိုး။ အရင်က တဗြဲဗြဲအော်ဟစ်ပြောဆိုရယ်မောတတ်ပေမယ့် သင့်ရည်းစားရှေ့မှာလေယူလေသိမ်းတွေကအစ ညင်သာပျော့ပြောင်းနေတာမျိုးဆိုရင် သိပ်မရိုးသားတော့ပါဘူး။


အချိန်မဟုတ်အခါမဟုတ်




ညသန်းခေါင် ဒါမှမဟုတ် မနက်စောစောလိုအချိန်မျိုးမှာ စာတွေပုံမှန်ပို့ထားတာမျိုး ဖုန်းဆက်ထားတာမျိုးတွေတွေ့တယ်ဆိုရင်တော့ အထူးသတိထားဖို့လိုပါပြီ။ ဘယ်မိန်းကလေးကမှ တခြားယောက်ျားလေးကို အချိန်မဟုတ်အခါမဟုတ်ကြီး Message မပို့ ဖုန်းမဆက်ပါဘူး။ ဒါဟာ သင်မရှိလောက်တဲ့အချိန်ကိုမှန်းပြီးတော့သော်လည်းကောင်း အခြားအကြံအစည်တစ်ခုခုနဲ့သော်လည်းကောင်း ဇာတ်လမ်းဆင်ဖို့ကြိုးစားတာပဲဖြစ်နိုင်လို့ပါ။ နောက်ပြီး လိုတာထက်ပိုပြီး ခဏခဏ စာပို့တာ ဖုန်းဆက်တာမျိုးတွေလုပ်လာရင်လည်း အတူတူပါပဲ။


အိုဗာတင်း




မသိမသာကော သိသိသာသာကော သင့်ရည်းစားကို ထိတာ ၊ စကားပြောရင်း လှမ်းရိုက်တာ ၊ လမ်းသွားရင်လက်မောင်းကိုလှမ်းချိတ်တာ (ငယ်ပေါင်းကြီးဖော်ခင်တဲ့ပုံစံနဲ့) ၊ သင့်ချစ်သူပြောသမျှဟာသတွေကို မရယ်ရလည်း အသားကုန်အူတက်နေတာ (အိုဗာတင်းဖျော်တာ) ၊ သင်မမြင်ဘူးထင်ပြီး Eye Contact တွေလှမ်းလှမ်းလုပ်တာ၊ သင့်ချစ်သူရှေ့မှာ စကားတွေအရမ်းသွက်နေတာမျိုးတွေဆိုရင် သတိထားပါ။


စိုးရိမ်စရာအဆင့်



အဆိုးဆုံးကတော့ သင်အလုပ်မအားတဲ့အချိန်မျိုးကိုရွေးပြီး နှစ်ယောက်တည်းဆုံဖို့
မျက်နှာပြောင်တိုက် ကြိုးစားလာတာမျိုးပါ ။ဥပမာ- ငါ Shopping သွားချင်လို့ နင်မအားဘူးဆိုရင် နင့်ဘဲကို ခေါ်သွားလိုက်မယ်နော်ဆိုတာမျိုးပါပဲ။

Photo Credit to the Rightful Owners


#ရည်းစား
#ချစ်သူ
#အိုဗာ
#ဇာတ်လမ်း
#ယောက်ျားလေး

Some text some message..