Relationship တစ်ခုတည်မြဲဖို့ အဓိက လိုအပ်တဲ့အချက် (၅) ချက်
mystylemyanmar.com
|
2020-12-17

ကိုယ့်စိတ်ချမ်းသာဖို့ ကိုယ့် Relationship က သာယာဖို့ လိုပါတယ်။ မိသားစု၊ သူငယ်ချင်း၊ ချစ်သူစတဲ့သူတွေနဲ့ ကိုယ့်ရဲ့ Relationship ကို မူတည်ပြီး ကိုယ့်စိတ်ခံစားချက် ပျော်ရွှင်မှု၊ စိတ်ဓာတ်ကျမှုက မူတည်သွားတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ချစ်သူနှစ်ဦးရဲ့ ပျော်ရွှင်ဖွယ် Relationship အတွက် လိုအပ်တဲ့ အဓိက အချက်တွေကို ဖော်ပြပါရစေ။

၁။ သစ္စာရှိဖို့




သူနဲ့ အတူတွဲလိုက်တဲ့အချိန်ကစပြီး ကိုယ့်ဘက်ရော သူ့ဘက်ပါ သစ္စာရှိဖို့လိုအပ်ပါတယ်။

၂။ သူတို့ကို အလိုရှိကြောင်းပြပါ




ကိုယ်က အချိန်တိုင်းမအားဘူးဆိုရင်တောင် သူ့ကို လိုအပ်ကြောင်း၊ သတိရကြောင်း ပြောပြသင့်ပါတယ်။

၃။ လေးစားမှု




ကိုယ့်ချစ်သူကို တစ်ပါးသူရှေ့ကော သူ့ရှေ့မှာပါ အထင်သေးတဲ့စကားတွေ၊ မလေးစားတဲ့ စကားတွေ မပြောသင့်ပါဘူး။ ဒါက Relationship တစ်ခုကို Toxic ဖြစ်စေမယ့် အရာတစ်ခုပါ။

၄။ တခြားသူတွေနဲ့ လုံးဝ မကြူမိပါစေနဲ့




သူက အဝေးမှာရောက်နေလို့ ဖြစ်ဖြစ် သူနဲ့ တွဲတဲ့အချိန်ကစပြီး တခြားသူနဲ့ မအီမိစေဖို့ သတိပြုသင့်ပါတယ်။

၅။ အချိန်ပေးပါ




သူနဲ့ အပြင်မှာဒိတ်ဖို့၊ ဖုန်းပြောဖို့ အချိန် တစ်ခု သတ်မှတ်ထားသင့်ပါတယ်။ ရည်းစားထားတယ်ဆိုမှတော့ အချိန်ပေးနိုင်ဖို့လည်း လိုအပ်ပါမယ်။

Photo Source: Pinterest

By MyStyle Myanmar


#ချစ်သူ
#အချိန်
#ပျော်ရွှင်ဖွယ်
#ပျော်ရွှင်မှု
#Photo

Some text some message..