စိတ်စွမ်းအင်ကို ထိန်းချုပ်နိုင်ဖို့ သင်လိုအပ်တာ ၂၁ ရက်တည်းပါ။
sayar.com.mm
|
2020-12-22

စိတ်စွမ်းအင်ကို ထိန်းချုပ်နိုင်ဖို့ သင်လိုအပ်တာ ၂၁ ရက်တည်းပါ။

စိတ်စွမ်းအင်ဆိုတာ အခြားမဟုတ်ပါဘူး။ “စိတ်ဆိုတဲ့ ဆင်ရိုင်းကို ချွန်းဆိုတဲ့အသိစိတ်နဲ့ ကိုင်တွယ်စေခိုင်းတတ်ခြင်းစွမ်းရည်ဖြစ်ပါတယ်။” ပထမဦးဆုံး ကျွန်တော်တို့စိတ်ကဘယ်လိုအလုပ်လုပ်လဲဆိုတာကို နားလည်အောင်ကြိုးစားရမှာပါ။ ဒီမှာ ကျွန်တော်တို့ နားလည်ရမယ့်အကြောင်းအရာ(၂) ခုရှိပါတယ်။ အဲ့တာကတော့ Awareness (သိခြင်း) နှင့် The Mind(စိတ်)ဖြစ်ပါတယ်။ ဒီအရာနှစ်ခုကို အဓိပ္ပာယ်ဖွင့်ကြည့်ရအောင်။

(၁) Awareness - အသိစိတ် ကို ရွေ့လျားနိုင်တဲ့ ဘောလုံးကြီးတစ်ခုအဖြစ်သတ်မှတ်လိုက်ပါ။
(၂) Mind - စိတ်ကိုတော့ မတူညီတဲ့နေရာဒေသတွေအများကြီးရှိတဲ့ နေရာကျယ်ကြီးတစ်ခုအဖြစ်သတ်မှတ်လိုက်ပါ။ ဒီ စိတ်ထဲမှာရှိတဲ့ မတူညီတဲ့ ဒေသတွေကတော့ ဒေါသ၊ အမုန်း၊ မနာလိုခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းသာခြင်း ဆိုတဲ့ ခံစားချက်နယ်ပယ်တွေပါ။

ဒီတော့ ကျွန်တော်တို့ရဲ့ Awareness( အသိစိတ် ) ဆိုတဲ့ ဘောလုံးကြီးက Mind(စိတ်) ရဲ့ ဘယ်နေရာကိုမဆို သွားနိုင်ပါတယ်။ အဓိပ္ပာယ်က ဒီဘောလုံးကြီးက စိတ်ရဲ့ ပျော်ရွှင်ခြင်းဆိုတဲ့ ဒေသကို ရောက်ရင် ကျွန်တော်တို့ ပျော်ရွှင်ကြပါတယ်။ အဆိုပါ ဘောလုံးကြီးက ဒေါသဆိုတဲ့ နေရာကိုရောက်ရင် ကျွန်တော်တို့ ဒေါသထွက်ကြပါတယ်။

ကျွန်တော်တို့ စိတ်က ဖြစ်ပေါ်လာတဲ့ ခံစားချက်တိုင်းက အသိစိတ်က နှိုးဆော်လို့ ဖြစ်လာရတဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ မျှော်လင့်တဲ့ ဘဝတစ်ခုရရှိဖို့အတွက် ကျွန်တော်တို့ရဲ့ စိတ်(Mind) ကို သွားထိန်းချုပ်လို့မရပါဘူး။

အသိစိတ်( Awareness ) ကို သာ ထိန်းချုပ်ရမှာဖြစ်ပါတယ်။

ဒါဆို အသိစိတ်(Awareness) ကို ဘယ်လိုထိန်းချုပ်မလဲ ဆိုတဲ့ မေးခွန်းရှိလာပါပြီ။
အသိစိတ်(Awareness) ကို ထိန်းချုပ်နိုင်ဖို့အတွက် လိုအပ်တဲ့အရာကတော့ “စိတ်စွမ်းအင်” နဲ့ “အာရုံစိုက်နိုင်စွမ်း” ပါပဲ။ များသောအားဖြင့်တော့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အသိစိတ်ဘောလုံးကြီးကို ပတ်ဝန်းကျင်ကြောင့် ရွှေ့ချင်သလိုရွှေ့ခွင့်ပေးထားတတ်ကြပါတယ်။ ဒီလိုသာ ပတ်ဝန်းကျင်က လူနဲ့တခြားသောအရာတွေကြောင့် ဒီ အသိစိတ်ဘောလုံးကြီး ကို ရွှေ့ချင်တိုင်းရွှေ့ခွင့်ပေးထားသလိုဖြစ်နေတာက ကျွန်တော်တို့ အာရုံစိုက်နိုင်စွမ်းမရှိလို့ပါ။

“အာရုံစိုက်နိုင်စွမ်း နဲ့ စိတ်စွမ်းအင်” ဆိုတာ လေ့ကျင့်ပျိုးထောင်ရတဲ့ အရာဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ကျွန်တော်တို့ရဲ့ ဆရာ၊ဆရာမတွေက “ နင်တို့ ဒီကိုအာရုံစိုက်” လို့အမြဲပြောခဲ့ပေမယ့် ဘယ်လိုအာရုံစိုက်ရမလဲ ဆိုတာကိုတော့ မသင်ပြခဲ့ကြပါဘူး။
လူတွေအာရုံမစိုက်နိုင်တာက အကြောင်းပြချက်(၂ ) ခုကြောင့်ဖြစ်နိုင်ပါတယ်။

(၁) ဘယ်လိုအာရုံစိုက်မလဲဆိုတာကို မသင်ခဲ့ဖူးတာ။
(၂) ဘယ်လိုအာရုံစိုက်ရမလဲဆိုတာကို မလေ့ကျင့်ခဲ့ကြတာ။
ဒီအချက်(၂) ခုကြောင့် ကျွန်တော်တို့ရဲ့ အာရုံစိုက်နိုင်စွမ်းက နည်းပါးနေရတာဖြစ်ပါတယ်။

ကျွန်တော်တို့က အာရုံလွဲပြောင်းဖို့ကျ တအားလွယ်ပါတယ်။ ဒါပေမယ့် အာရုံကျသေချာမစိုက်နိုင်ကြပါဘူး။ ဒါဟာ ကျွန်တော်တို့ အာရုံလွဲပြောင်းမှုကို နေ့တိုင်းကျင့်နေလို့ပါ။

အာရုံစိုက်နိုင်စွမ်းကောင်းဖို့ ဘယ်လိုလေ့ကျင့်ကြရမလဲ?
အလုပ်လုပ်ရင်တစ်ခုပဲလုပ်ပါ။ နေ့တိုင်းကျင့်ကြံပါ။ ၂၁ရက်တာ လေ့ကျင့်ခြင်းက ကျွန်တော်တို့ရဲ့ အာရုံစိုက်နိုင်စွမ်းကို တိုးတက်စေပါတယ်။အာရုံစိုက်နိုင်စွမ်းအားကောင်းလာရင် စိတ်စွမ်းအင် ဆိုတဲ့ အဆင့်ကိုသင်တက်နိုင်ပါပြီ။

စိတ်စွမ်းအင်ကောင်းဖို့အတွက်လည်း လေ့ကျင့်ယူရပါမယ်။ စိတ်စွမ်းအင် က ခန္ဓာကိုယ်ကြွက်သားလိုပါပဲ။စိတ်စွမ်းအင်တိုးတက်အောင် လေ့ကျင့်နည်းက(၃) နည်းရှိပါတယ်။
(၁) စ တာကို ဆုံးအောင်လုပ်ပါ။
(၂) မျော်လင့်ထားတာကိုကောင်းကောင်းအဆုံးသတ်ပါ။
(၃) သင်လုပ်နိုင်တယ်လို့ထင်တာထက်နည်းနည်းလေးဖြစ်ဖြစ်ပိုလုပ်ပါ။

ဒီ(၃)ခုလုံးကို လုပ်ဆောင်ဖို့အတွက် အားစိုက်ထုတ်မှု(Commitment) လိုအပ်ပါတယ်။ဒီ အားစိုက်ထုတ်မှုကပဲ သင့်ကို စိတ်စွမ်းအင်ကောင်းအောင် ကူညီပေးပါလိမ့်မယ်။

ကျွန်တော်တို့ ဘဝမှာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရှာဖွေဖို့အတွက် စိတ်စွမ်းအင် က အပြည့်အဝကူညီနိုင်ပါတယ်။ ဒါကြောင့် စိတ်စွမ်းအင် နဲ့ အာရုံစိုက်မှု ကို လေ့ကျင့်ပျိုးထောင်တာက သင့်ရဲ့ ပျော်ရွှင်ခြင်းသစ်ပင် ကို ပျိုးထောင်နေတာနဲ့ တူတူပါပဲ။

ဒီလို အာရုံစိုက်နိုင်အားကောင်းဖို့ စိတ်စွမ်းအင်ကောင်းဖို့အတွက် သင်တကယ်ထိထိရောက်ရောက် ကျင့်ယူရမယ့် ရက်က ၂၁ ရက်တည်းပါ။ ၂၁ ရက်အတွင်းမှာ သင် စိုက်ထုတ်ထားတဲ့ အား ရဲ့ ရလဒ် က သင့်ဘဝတစ်သက်စာအတွက် အလေ့အကျင့်ကောင်းတစ်ခုကို မွေးထုတ်ပြီးသားဖြစ်နေမှာပါ။

Ref:

https://www.youtube.com/watch?v=i0KQanVxMck

အလုပ်လုပ်ရင်တစ်ခုပဲလုပ်ပါ။ နေ့တိုင်းကျင့်ကြံပါ။ ၂၁ရက်တာ လေ့ကျင့်ခြင်းက ကျွန်တော်တို့ရဲ့ အာရုံစိုက်နိုင်စွမ်းကို တိုးတက်စေပါတယ်။
အာရုံစိုက်နိုင်စွမ်းအားကောင်းလာရင် စိတ်စွမ်းအင် ဆိုတဲ့ အဆင့်ကိုသင်တက်နိုင်ပါပြီ။

စိတ်စွမ်းအင်ကောင်းဖို့အတွက်လည်း လေ့ကျင့်ယူရပါမယ်။ စိတ်စွမ်းအင် က ခန္ဓာကိုယ်ကြွက်သားလိုပါပဲ။စိတ်စွမ်းအင်တိုးတက်အောင် လေ့ကျင့်နည်းက(၃) နည်းရှိပါတယ်။
(၁) စ တာကို ဆုံးအောင်လုပ်ပါ။
(၂) မျော်လင့်ထားတာကိုကောင်းကောင်းအဆုံးသတ်ပါ။
(၃) သင်လုပ်နိုင်တယ်လို့ထင်တာထက်နည်းနည်းလေးဖြစ်ဖြစ်ပိုလုပ်ပါ။

ဒီ(၃)ခုလုံးကို လုပ်ဆောင်ဖို့အတွက် အားစိုက်ထုတ်မှု(Commitment) လိုအပ်ပါတယ်။ဒီ အားစိုက်ထုတ်မှုကပဲ သင့်ကို စိတ်စွမ်းအင်ကောင်းအောင် ကူညီပေးပါလိမ့်မယ်။

ကျွန်တော်တို့ ဘဝမှာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရှာဖွေဖို့အတွက် စိတ်စွမ်းအင် က အပြည့်အဝကူညီနိုင်ပါတယ်။ ဒါကြောင့် စိတ်စွမ်းအင် နဲ့ အာရုံစိုက်မှု ကို လေ့ကျင့်ပျိုးထောင်တာက သင့်ရဲ့ ပျော်ရွှင်ခြင်းသစ်ပင် ကို ပျိုးထောင်နေတာနဲ့ တူတူပါပဲ။

ဒီလို အာရုံစိုက်နိုင်အားကောင်းဖို့ စိတ်စွမ်းအင်ကောင်းဖို့အတွက် သင်တကယ်ထိထိရောက်ရောက် ကျင့်ယူရမယ့် ရက်က ၂၁ ရက်တည်းပါ။ ၂၁ ရက်အတွင်းမှာ သင် စိုက်ထုတ်ထားတဲ့ အား ရဲ့ ရလဒ် က သင့်ဘဝတစ်သက်စာအတွက် အလေ့အကျင့်ကောင်းတစ်ခုကို မွေးထုတ်ပြီးသားဖြစ်နေမှာပါ။

Ref:

https://www.youtube.com/watch?v=i0KQanVxMck

#အာရုံ
#အသိစိတ်
#စွမ်းအင်
#အသိ
#အရာ

Some text some message..