မင်္ဂလာပန်းလေးတွေနဲ့ သူတို့ရဲ့ အဓိပ္ပါယ်
weddingguide.com.mm
|
2020-12-18

Wedding Guide ရဲ့ သတို့သမီး၊ သတို့သားလောင်းလေးတွေအတွက် ပန်းရွေးချယ်တော့မယ်ဆိုရင် ပန်းလေးတွေရဲ့ အဓိပ္ပါယ်လေးတွေကိုတော့ သိထားဖို့ လိုပါတယ်။

အဲ့တာကြောင့် မင်မင်က မင်္ဂလာပန်းတစ်ခုချင်းဆီရဲ့ အဓိပ္ပါယ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။



နှင်းဆီ
နှင်းဆီပန်းဟာ ချစ်မြတ်နိုးခြင်းနဲ့ အလှတရားကို ဖော်ကျူးပါတယ်။ အနီရောင်နှင်းဆီကတော့ တစ်ကမ္ဘာလုံးက နားလည်လက်ခံထားတဲ့ အချစ်ရဲ့သင်္ကေတတစ်ခုပါ။ အဖြူရောင်နှင်းဆီက ဖြူစင်သောချစ်ခြင်း၊ ပန်းရောင်က နူးညံ့သိမ်မွေ့ခြင်း နဲ့ ကျက်သရေရှိခြင်းတို့ကို ဖော်ကျူးပါတယ်။


ကျူးလစ်
ကျူးလစ်ပန်းလေးတွေကတော့ ပြီးပြည့်စုံတဲ့ချစ်ခြင်းလို့ အဓိပ္ပါယ်ဆောင်ပါသတဲ့ ။ အနီရောင်နဲ့ ခရမ်းရောင် ကျူးလစ်က အမြဲရှင်သန်နေမဲ့ ချစ်ခြင်းကိုရည်ညွှန်းပြီး၊ အဖြူရောင်ကတော့ တစ်ဖက်သက်အချစ်လို့ဆိုပါတယ်။


လီလီ
လီလီပန်းတွေကတော့ ခန်းနားထည်ဝါခြင်း၊ မြင့်မြတ်ခြင်း၊ အရှိန်အဝါကြီးခြင်းကို ဖော်ဆောင်တဲ့ပန်း ဖြစ်ပါတယ်။


ကာနေရှင်း
ကာနေရှင်းပန်းလေးတွေကတော့ ကျေးဇူးတရားနဲ့ လေးနက်သောချစ်ခြင်းကို ရည်ညွှန်းပါတယ်။ အဖြူရောင် ကာနေရှင်းက အချစ်စစ်နဲ့သစ္စာတရားကို ဖော်ကျူးပါတယ်။


ဒစေီ
ဒေစီပန်းလေးတွေကတော့ သစ္စာရှိခြင်း နဲ့ အပြစ်ကင်းစင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။


သစ်ခွပန်း
သစ်ခွပန်းတွေကတော့ ဆွဲဆောင်မှုရှိခြင်း၊ နှစ်သက်ကြည်နူးဖွယ်ကောင်းခြင်းကို ဖော်ကျူးပါတယ်။


စံပါယ်
စံပါယ်ပန်းကတော့ နှစ်လိုဖွယ်ကောင်းခြင်း နဲ့ အဆုံးမရှိ ချစ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။


Source: Myanmar Wedding Guide




#ချစ်ခြင်း
#အဓိပ္ပါယ်
#ဒေစီ
#သစ်ခွပန်း
#နှင်းဆီ

Some text some message..