သင့်ချစ်သူကောင်လေး ဖောက်ပြန်နေတယ်ဆိုတာကို သိသာစေနိုင်တဲ့ အချက်(၄)ချက်
auntymay.com
|
2020-12-23

ကိုယ့်ချစ်သူကောင်လေး ဖောက်ပြန်တဲ့အခြေအနေနဲ့ ကြုံတွေ့လာရင် ပျိုမေတော်တော်များများက ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ကြပါတယ်။ ငါအသုံးမကျလို့၊ ငါပိုက်ဆံမရှိလို့၊ ငါမလှလို့ အစရှိသဖြင့် ကိုယ့်ကိုယ်ကို အပြစ်တင်ပြီး တွေးတော်တတ်ကြပါတယ်။ တစ်ကယ်တမ်းတော့ အဲဒီလို ကိုယ့်ချစ်သူကောင်လေး ဖောက်ပြန်တယ်ဆိုတာ သင့်အပြစ် မဟုတ်ပါဘူး။ ဖောက်ပြန်တတ်တဲ့ ဗီဇရှိသူက ဘယ်လောက်ပဲ သင်ကောင်းအောင် နေနေပါစေ၊ ဖောက်ပြန်တတ်ကြပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ သင့်ချစ်သူကောင်းလေး ဖောက်ပြန်နေတယ်ဆိုတာကို သိသားစေနိုင်တဲ့ အချက် ၄ ချက်ကို ပြောပြပေးချင်ပါတယ်။


Pixabay-RyanMcGuire


၁။ သင့်ချစ်သူဟာ သင်နဲ့တွေ့တိုင်း ရည်းစားစဖြစ်ခါစလောက် ဟက်ဟက်ပက်ပက် မရှိတော့ပါဘူး

စတွဲခါစ အချိန်မှာဆိုရင်တော့ ကိုယ်နဲ့ ချိန်းတွေ့တိုင်း အမြဲရယ်ရယ်မောမော ရှိနေတတ်တဲ့ ချစ်သူက အခုဆို သင်နဲ့ တွေ့တိုင်း စိတ်မပါလက်မါနဲ့ ပြန်မယ့်အချိန်ကိုသာ စောင့်ပြီး ဖင်တကြွကြွ ဖြစ်နေပြီဆိုရင်တော့ သတိထားပါ။ အဲဒီလိုမျိုး အချိန်တော်တော်ကြာ ဖြစ်နေပြီဆိုရင်တော့ ကိန်းသေတာက သင့်ချစ်သူဟာ သင့်ကွယ်ရာမှ တခြားမိန်းကလေးတစ်ယောက်နဲ့ ဖောက်ပြန်နေပြီဆိုတာပါပဲ။


၂။ ညဖက်အိပ်ရာ ဝင်ခါနီး ဖုန်းဆက်တိုင်း ဖုန်းမအားတတ်ပါဘူး

ညအိပ်ရာဝင်ခါနီး ကိုယ်ဖုန်းဆက်တိုင်း သူငယ်ချင်းနဲ့ ပြောနေလို့၊ အလုပ်ကိစ္စကြောင့် ဖုန်းပြောနေလို့ အစရှိသဖြင့် အကြောင်းပြချက်မျိုးစုံ ပေးလေ့ရှိတတ်ပါတယ်။ တစ်ခါနှစ်ခါလောက်က နားလည်ပေးလို့ ရပေမယ့် ၃ ခါအထက်ဆိုရင်တော့ သင့်ချစ်သူဟာ အဲဒီအချိန်မှာ သင့်အပြင် နောက်ထပ် မိန်းကလေးတစ်ယောက်နဲ့ ဖုန်းပြောနေတာပါပဲ။


Pixabay-nastya_gepp


၃။ သင့်ကို အကြောင်းပြချက် မျိုးစုံပေးပြီး အပြင်ရောက်နေတတ်ပါတယ်

အမြဲလိုလို သူင်ယချင်းတွေနဲ့ ချိန်းထားလို့၊ အလုပ်ကလူတွေနဲ့ သွားသောက်လို့၊ အိမ်က မောင်နှမတွေနဲ့ အပြင်သွားလို့၊ အိမ်က ဘာခိုင်းထားလို့ ညာခိုင်းထားလို့ အစရှိတဲ့ ဆင်ခြေတွေနဲ့ သင့်ချစ်သူဟာ အပြင်မှာရောက်နေတယ်ဆိုရင်တော့ နောက်မီးလင်းတာ ဖြစ်ဖို့ များနေပါပြီ။ သေချာချင်တယ်ဆိုရင်တော့ သူသွားတဲ့နေရာကိုမေးပြီး သင်ကိုယ်တိုင် နောက်ယောက်ခံလိုက်ကြည့်လိုက်တာတာပါပဲ။


၄။ သင်ဖုန်းဆက်တိုင်း သူအချိန်ပြည့်မအားတဲ့ ပုံစံနဲ့ အလုပ်ရှုပ်ပြနေတတ်ပါတယ်

အလုပ်ရှိတဲ့ ချစ်သူကောင်လေးဆိုရင်တော့ ဒီအခြေအနေမှာ အတိုင်းအတာတစ်ခုအထိ နားလည်ပေးလို့ ရပါတယ်။ အလုပ်လည်းမရှိပဲ အိမ်မှာ နေနေတဲ့ လူတစ်ယောက်က အချိန်ပြည့် အလုပ်တွေရှုပ်နေပြီး သင်ဖုန်းဆက်တိုင်း အကြောင်းပြချက်မျိုးစုံနဲ့ ဖုန်းချပစ်တယ်ဆိုရင်တော့ ကျန်းသေတာ သူ့မှာ နောက်တစ်ယောက် ရှိနေပါပြီ။ ကိုယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကိုတော့ ဘယ်ယောကျာ်းလေးမဆို အချိန်ပေးပြီး ဖုန်းပြောလေ့ ရှိပါတယ်။


Pixabay-Free-Photos

phk


#ချစ်သူ
#အကြောင်းပြချက်
#ကောင်လေး
#ဖင်တကြွကြွဖြစ်
#မျိုးစုံ

Some text some message..