ချစ်အစ်မကြီး ချစ်ချစ်ဇော်တို့ဇနီးမောင်နှံက ကြည်ကြည်နူးနူးနဲ့ ကိတ်မုန့်လေးဖုတ်နေလို့ ဘေးကနေကူညီပေးနေတဲ့ လင်းဇာနည်ဇော်
mmload.com
|
2020-12-24
ချစ်ချစ်ဇော်နဲ့လင်းဇာနည်ဇော်တို့ညီအစ်မနှ
စ်ယောက်ဟာဆိုရင် အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ယနေ့ခေတ်မှာဆိုရင်တော့ ချစ်ချစ်ဇော်က အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပြီး လင်းဇာနည်ဇော်ကသာ ဇာတ်ကားတွေရိုက်ကူးနေဆဲဖြစ်ပါတယ်နော်။လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်က စည်းစည်းလုံးလုံးရှိကြပြီး စီးပွားရေးဆိုလည်း တက်ညီလက်ညီနဲ့ကြိုးစားလုပ်ဆောင်ကြတဲ့ညီအစ်မတွေဖြစ်ပါတယ်။ချစ်ချစ်ဇော်နဲ့လင်းဇာနည်ဇော်တို့ရဲ့"ရွှေခေါက်ဆွဲ"လေးကလည်း အချိန်တိုအတွင်းမှာ အောင်မြင်လာတာဖြစ်ပါတယ်နော်။
လင်းဇာနည်ဇော်တို့မိသားစုကတော့ အိမ်ကြီးကြီးထဲမှာ မောင်နှမတွေစုနေပြီး ချစ်ချစ်ခင်ခင်နေထိုင်ကြတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့မိသားစုက စိတ်သဘောထားပြည့်ဝလို့ အိမ်မှာအလုပ်လုပ်တဲ့ကလေးတွေကိုလည်း မိသားစုဝင်လိုမျိုးဆက်ဆံပေးပြီး ပျော်စရာတွေဖန်တီးပေးတာဖြစ်ပါတယ်နော်။ချစ်ချစ်ဇော်တို့ဇနီးမောင်နှံကလည်း တစ်မိသားစုလုံးကို သေချာဂရုစိုက်စောင့်ရှောက်ပေးတာဖြစ်ပါတယ်။အခုဆိုရင်တော့ ချစ်ချစ်ဇော်တို့ဇနီးမောင်နှံနဲ့အတူ လင်းဇာနည်ဇော်က ပျော်ပျော်ပါးပါးနဲ့ ကိတ်မုန့်စမ်းလုပ်ကြည့်နေတာဖြစ်ပါတယ်နော်။
ချစ်ချစ်ဇော်ကတော့"စမ်းသပ်တီထွင်၊ ပညာသင် Butter Cake လေးစမ်းလုပ်ကြည့်ပါသည်။ပုံထွက်ကလေးက မဆိုး ။(မဆိုးဆို တော်တော်လေးလှတာပါ) ရှယ်၊အနံ့ကလေးကတော့ ပြောမနေနဲ့တော့ တစ်အိမ်လုံးကို မွှေးကြိုင် အီစိမ့် ဂွမ့် ကြွားပြီပေါ့ ဒေါ်ချစ်ချစ်ဇော် အမေ့ကိုအရင်ဆုံး၊ဒုတိယ လင်းဇာနည်ဇော် ပြီးတော့ နီးစပ်ရာရာ သူငယ်ချင်းတွေဆီဖုန်းဆက် ""ဟာ.....မိန်းမ ""အယ် ..ဖုန်းပြောရင်းတန်းလန်းကြီးကို ဘာတုန်းကွ" "မင်းဟာ စားကြည့်ပါဦး ....တဲ့""အလယ်ကလည်းပျော့စိစိနဲ့ မကျက်ဘူး....တဲ့"သွားရော၊ထောပတ်ကိတ်မဟုတ် ၊ ထောပတ်ဘိန်းမုန့် ကျသွားတဲ့ စိတ်ကိုချက်ခြင်းကောက်တင်၊ဒုတိယအကြိမ် အကူကောင်မလေးတစ်ယောက်ထပ်ခေါ်လိုမယ်ထင်တာတွေ Online မှာထပ်ကြည့် ဘာရမလဲ ထွက်ပြီကွ(ထောပတ်ကိတ်ကလေး)နောက်တစ်ကြိမ်ထပ်စမ်းသပ်ပြီးရင်တော့ အကုန်လုံးကို ဝေမှာမို့ မြည်းစမ်းလိုသူများ ခုကတည်းကစာရင်းပေးထားကြပါလို့"ဆိုပြီး ပုံလေးတွေနဲ့အတူ မျှဝေလာတာဖြစ်ပါတယ်။
#ဇာနည်
#ညီအစ်မ
#ထောပတ်
#ဒေါ်ချစ်
#ဇနီးမောင်နှံ
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ