
မိန်းကလေးတစ်ယောက် အထာကိုင်တယ်ဆိုတာ ဖြစ်သင့်တဲ့ အရာတစ်ခုလို့ မြင်ပါတယ်။ အထာကိုင်တယ်ဆိုတာကို တစ်ခြားသူတွေ ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြတယ်မသိပေမယ့် အက်မင်ကတော့ အထာကိုင်တတ်တဲ့ မိန်းကလေးက သူတို့ရဲ့ အချစ်ကို တန်ဖိုးထားတဲ့သူတစ်ယောက်လို့ မြင်မိပါတယ်နော်။ ဒီလို အထာကိုင်တတ်တဲ့ မိန်းကလေးတွေဆီမှာတွေ့ရတတ်တဲ့ အမှန်တရားလေးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တစ်ယောက်တည်း ဖြစ်နေတတ်တယ်

ArthurHidden/Freepik
အိုင်တင်ခံတာများရင် အပျိုကြီးဖြစ်မယ်ဆိုတဲ့ စကားက ဟာသလေးတစ်ခုလိုပြောတတ်ကြပေမယ့် ဒါဟာ တော်တော်လေးကို မှန်ကန်တဲ့ စကားတစ်ခုပါနော်။ ဒီလို အထာကိုင်လွန်းတဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတော်တော်များများက မကြိုက်တတ်ကြပါတယ်။ ခုခေတ်မှာဆို အထာလေးနည်းနည်းကိုင်မိရင်တောင် ခက်ခဲတယ်ဆိုပြီး နောက်တစ်ယောက်ဆီ ချက်ချင်းပြောင်းသွား တတ်ကြတာမျိုးပါ။ ဒါကြောင့် အထာကိုင်တတ်တဲ့ မိန်းကလေးတွေက ဆင်ဂယ်ဖြစ်နေတာ သိပ်မဆန်းပါဘူး။
မာနနည်းနည်း ကြီးတယ်

shutterstock/Dmytro Buianskyi
အထာကိုင်တတ်တယ်ဆိုတဲ့ မိန်းကလေးတော်တော်များများက မာနကြီးတဲ့ သူတွေဖြစ်နေတတ်ကြပါတယ်။ ဒီမာနမျိုးဟာ တစ်ပါးသူကို ထိခိုက်စေတဲ့မာနမျိုးမဟုတ်ပဲ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကြောင့် ဖြစ်လာကြတာပါ။ သူတို့ရဲ့ အချစ်ကိုလိုချင်ရင်တော့ အထာကိုင်တာလေးလောက်ကိုတော့ သည်းခံစောင့်စားနိုင်မှ ဖြစ်မှာပါ။
အချစ်ကို စမ်းသပ်ချင်လို့

Photo by Amina Filkins from Pexels
နောက်ထပ် မိန်းကလေးတွေ အထာကိုင်ရတဲ့ အကြောင်းအရင်းတွေထဲမှာ သူကိုယ့်အပေါ် ဘယ်လောက်ထိ သည်းခံနိုင်စွမ်း ရှိမရှိ၊ သူ ကိုယ့်အပေါ် ဘယ်လောက် စိတ်ရှည်နိုင်စွမ်းရှိလဲဆိုတဲ့ အချစ်ကို စမ်းသပ်ချင်ကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတော့ သူတို့ဆီက အချစ်ကိုရဖို့အတွက် ဇွဲလေးတော့ကောင်းဖို့ လိုအပ်မယ်ထင်ပါတယ်။
အချိန်ယူချင်သေးလို့

shutterstock/ Makistock
ဘယ်လောက်ပဲ ကိုယ့်ကိုယ်ပိုးပန်းနေတဲ့သူကို စိတ်ဝင်စားနေပေမယ့် ကိုယ့်စိတ်ကို သေချာစေဖို့အတွက်ရော၊ သူ့ရဲ့ အချစ်တွေ သေချာစေဖို့အတွက်ပါ အချိန်ဆိုတာ လိုအပ်ပါတယ်နော်။ ဒီတော့ အထာကိုင်ခြင်းလို့ အများကသတ်မှတ်ထားတဲ့ အချိန်ယူခြင်းဟာ relationship တစ်ခုတည်ဆောက်ဖို့ ဖြစ်သင့်တဲ့ အရာတစ်ခုလို့ မြင်ပါတယ်။ ဒီတော့ အထာကိုင်တယ်ဆိုပြီး သိပ်လည်းဆုံးဖြတ်မစောလိုက်ပါနဲ့ အဲဒီနောက်မှာ လှပတဲ့ချစ်ခြင်းတွေ ရှိနေတဲ့အတွက်ကြောင့်ပါနော်။
Khin