စိတ်ခံစားမှုခံနိုင်ရည် (Emotional resilience) တည်ဆောက်ခြင်းက ကျွန်မတို့ လုပ်ရမယ့်အားကောင်းသော အရာတစ်ခုဖြစ်ပါတယ်။ ဘာ့ကြောင့်လုပ်ရမှာလဲ? ဘာကြောင့်လဲဆိုတော့ သင်ဟာ စိတ်ခံစားမှုခံနိုင်ရည်ကို တည်ဆောက်မယ်ဆိုရင် စိတ်ခံစားမှုပိုင်းဆိုင်ရာမှာ ခံနိုင်ရည်ရှိလာနိုင်လို့ပါပဲ။ အချို့လူတွေက အခြားသူတွေထက် ပင်ကိုယ်အားဖြင့် ခံနိုင်ရည်ပိုရှိကြပါတယ်။ ကျွန်မက သူတို့ထဲက တစ်ယောက်မဟုတ်ခဲ့ပါဘူး။
ကလေးဘဝမှာ စိတ်ခံစားမှု ခံနိုင်ရည်မရှိတဲ့အတွက်ကြောင့် ကျွန်မရဲ့ကလေးဘဝ စိတ်ဒဏ်ရာက ပိုနက်ရှိုင်းလာခဲ့ပါတယ်။ ကျွန်မမှာ ရှိခဲ့တဲ့ စိတ်ဒဏ်ရာကို ပျောက်ကင်းအောင် စိတ်ခံစားမှုခံနိုင်ရည်လို့ခေါ်တဲ့ ဒီအရာကို တည်ဆောက်ခဲ့ရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ စိတ်ခံစားမှုခံနိုင်ရည်တည်ဆောက်နိုင်မယ့် နည်းလမ်း ၁၀ချက်ကို မျှဝေပေးလိုပါတယ်။ စိတ်ခံစားမှုခံနိုင်ရည်ရှိခြင်းက သင့်အားနည်းလမ်းများစွာဖြင့် ကူညီပါလိမ့်မယ်။
စိတ်ခံစားမှု ခံနိုင်ရည်ဆိုတာဘာလဲ?
ရိုးရိုးလေးပြောရမယ်ဆိုရင် စိတ်ခံစားမှုခံနိုင်ရည်ရှိဖို့ဆိုတာ ပြန်ခုန်ထွက်နိုင်စွမ်းပါပဲ။ သို့သော် ဒီထက်မက ပိုရှိပါတယ်။ လူတစ်ယောက်မှာ ခံနိုင်ရည်ရှိလာတဲ့အခါ သူတို့ဟာ အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ စိတ်ဖိစီးမှုတွေနဲ့ အခက်အခဲတွေကနေ မြန်မြန်ပြန်နာလန်ထူနိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်လာကြပါတယ်။
ခံနိုင်ရည်ဟာ ပြိုလဲရမယ့်အစား ရင်ဆိုင်ဖြေရှင်းရမယ့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားတစ်ခုဖြစ်ပါတယ်။ ခံနိုင်ရည်အားကောင်းတဲ့သူတွေဟာ ဆိုးရွားတဲ့အခြေအနေတွေမှာတောင် အေးဆေးနေနိုင်ပါတယ်။ ဒါက သူတို့ဟာ စိတ်ဖိစီးမှု မခံစားရတာမဟုတ်ပါဘူး။ သူတို့ဟာ ထွက်ပြေးမယ့်အစား (သို့) စိတ်ခံစားမှုကို ပိတ်လှောင်ထားမယ့်အစား ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိတယ်လို့ ဆိုလိုပါတယ်။ ခံနိုင်ရည်ရှိခြင်းက အပြင်ဘက်ရှိဘဝကို handle လုပ်ဖို့ သင့်အား အတွင်းပိုင်းကို ပိုအားကောင်းစေပါတယ်။
“ခံနိုင်ရည်မရှိခြင်းကို ဖော်ပြနေတဲ့ နယ်ပယ်အချို့”
အကျပ်အတည်းတစ်ခုမှာ အသုံးဝင်သော လုပ်ဆောင်မှုပေါ်ကို အာရုံစိုက်နိုင်စွမ်း၊ မိမိကိုယ်ကို အေးဆေးတည်ငြိမ်နိုင်စွမ်းမရှိခြင်း
အခက်အခဲတွေကို ကျော်လွှားဖို့ မျှော်လင့်ချက်မရှိဘူးဟု အမြဲတမ်းမြင်ခြင်း
မရေရာမသေချာမှုကို သည်းခံနိုင်စွမ်းမရှိခြင်း (သို့) တိုးတတ်မှုအသစ်တွေနဲ့ အံဝင်ခွင်ကျ မဖြစ်နိုင်ခြင်း
self-concept ကင်းမဲ့ခြင်း
သိချင်စိတ် ကင်းမဲ့ခြင်း၊ အသစ်သောအရာတွေကို ကြောက်ရွံ့ခြင်း
အခက်အခဲတွေကို အသုံးချနိုင်စွမ်းမရှိခြင်း
“စိတ်ခံစားမှုခံနိုင်ရည်ကို တည်ဆောက်နိုင်တဲ့ နည်းလမ်းများ”
၁။ ကောင်းတဲ့ဘက်ကကြည့်ပါ
ဒါက သင့်ရဲ့အားသာချက်တွေကို အသိအမှတ်ပြုပြီး သင့်အားနည်းချက်တွေကို ကျော်လွှားဖို့ နည်းလမ်းတွေကို ရှာဖွေပေးပါတယ်။
၂။ သင့်ရဲ့ဟာသဉာဏ်ကို တိုးတတ်စေပါ
ကိုယ့်ဘာသာကိုယ် ရယ်မောနိုင်ပြီး ဘဝရဲ့ မကျေနပ်ချက်တွေကို လျော့နည်းသွားစေပါတယ်။ ၎င်းက ခက်ခဲတဲ့အချိန်တွေမှာ အခြားသူတွေနဲ့ နှောင်ကြိုးဖြစ်စေဖို့ စွမ်းအားပေးပါတယ်။ ရယ်မောသူတွေဟာ ခံနိုင်ရည်တည်ဆောက်ခြင်းအပြင် life-giving အကျိုးကျေးဇူးတွေပိုရှိစေပါတယ်။ ပိုပြီးရယ်ပါ။
၃။ သင့်ခန္ဓာကိုယ်ကို လှုပ်ရှားပါ
ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းက endorphins ဟော်မုန်းကို ထောက်ပံ့ပေးပြီး သင့်ရဲ့ခံနိုင်ရည်ကို တိုးစေနိုင်ပါတယ်။ လမ်းလျှောက်ပါ။ gym ကစားပါ။
၄။ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းလုပ်ပါ
သင့်စိတ်ကို လေ့ကျင့်ခြင်းက စိတ်ကို ပိုပြတ်သားစေပါတယ်။ ခံနိုင်ရည်ရှိသောသူတွေဟာ အမြဲတမ်း learning လုပ်ကြပါတယ်။ လန်ဒန်တက္ကသိုလ် Cathie Hammond မှ ၂၀၀၄ခုနှစ်မှာ ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုအရ ရာသက်ပန်သင်ယူခြင်းက သုချမ်းသာ၊ စိတ်ကျန်းမာရေး အခက်အခဲတွေမှ ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် စိတ်ဖိစီးမှု ဖြစ်စေနိုင်တဲ့ အလားအလာများကို ရင်ဆိုင်နိုင်စွမ်းစတဲ့ ကျန်းမာရေးရလဒ်တွေနဲ့ ဆက်စပ်နေတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
၅။ Friendship
ပေါင်းသင်းဆက်ဆံရေးမှာ သူစိမ်းတစ်ယောက်ကို ကြင်နာမှုပြခြင်းဖြင့် ရိုးရိုးမိတ်ဆွေဖြစ်ခြင်းကနေ နက်ရှိုင်းစွာ ခင်မင်ခြင်းအထိ အတိမ်အနက် ကွဲပြားပါတယ်။ ခင်မင်ရင်းနှီးမှု အပေးအယူနှစ်ခုလုံးက inner support ကိုဖန်တီးပေးပါတယ်။
၆။ သတ္တိကို ကျင့်သုံးပါ
ရဲစွမ်းသတ္တိက ကြောက်စိတ်မရှိတာ မဟုတ်ပါဘူး။ ကြောက်ရွံ့မှုကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချခြင်းဖြစ်ပါတယ်။ သတ္တိကို ကျင့်သုံးခြင်းက ရဲရင့်ခြင်းပုံစံမှာ ခံနိုင်ရည်ကို တည်ဆောက်စေပါတယ်။
၇။ သင့်ရဲ့ ကိုယ်ကျင့်တရား သံလိုက်အိမ်မြှောင်ကို သိပါ
သင့်ရဲ့ ကိုယ်ကျင့်တရားသံလိုက်အိမ်မြှောင်ဟာ အမှားနဲ့ အမှန်ကို ခွဲခြားတဲ့ အတွင်းပိုင်းလမ်းညွှန်ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားက ခက်ခဲတဲ့ အချိန်တွေမှာ လူတစ်ယောက်ရဲ့ သန္နိဌာန်ကို ခိုင်မာစေပါတယ်။ သင်ဟာ မဖြစ်နိုင်ဘူးလို့ ခံစားမိရင်တောင် မှန်ရာကို ပြုလုပ်ဖို့ မဖြစ်မနေလုပ်စေပါတယ်။
၈။ ရည်ရွယ်ချက်ကို ဖွံ့ဖြိုးစေပါ
ဘဝရည်ရွယ်ချက်ရှိခြင်းက ကျွန်မတို့ကို နံနက်ခင်းမှာ အိပ်ရာမှထစေပါတယ်။ ရည်ရွယ်ချက်သဘော အားကောင်းသူဟာ ခံနိုင်ရည်ပိုရှိပါတယ်။ ရည်ရွယ်ချက်တစ်ခုရှိခြင်းက ကြီးမားတဲ့ ကမ်းလှမ်းချက်တစ်ခု၊ ကြီးမားတဲ့ တာဝန်ကြီးတစ်ခုဖြစ်ဖို့ မလိုပါဘူး။ pilot light အချက်ပြမီးလို နှလုံးသားထဲမှာ မီးကျွမ်းလောင်နေဖို့သာ လိုအပ်ပါတယ်။
၉။ ပိုင်ဆိုင်မှုကို ရယူပါ
စိတ်ဒဏ်ရာရခဲ့သူတွေဟာ ဘာထိန်းချုပ်မှုမရှိဘဲ ရှုံးနိမ့်မှုကို ခံစားကြရပါတယ်။ ကျွန်မတို့ မထိန်းချုပ်နိုင်တဲ့အရာတွေ အများကြီးရှိသလို ကျွန်မတို့ တတ်နိင်တဲ့ အရာတွေလည်း အများကြီးရှိပါတယ်။ သင့်ပိုင်ဆိုင်ရာတွေကို ပြန်လည်ရယူခြင်းက ခံနိုင်ရည်ကို တည်ဆောက်ပါတယ်။
၁၀။ ကျန်းမာတဲ့ သဘောထားတွေကို မွေးမြူပါ
စိတ်ပညာက ဒါကို growth mindset လို့ခေါ်ပါတယ်။ ကိုယ့်ကိုယ်ကို တိုးတတ်မြင့်မားစေတဲ့ စိတ်ဓါတ် (growth mindset) က ဘဝအခက်အခဲတွေကို လမ်းပိတ်ဆို့မှုအစား စိန်ခေါ်မှုအဖြစ် ရှုမြင်ပါလိမ့်မယ်။
#Lifestyle_Myanmar
LM_Nandar
Source-themindsjournal.