လူတိုင်းက ကိုယ့်ရဲ့ Soulmate (စိတ်တူကိုယ်တူရှိတဲ့ သူတစ်ယောက်) ကိုရှာဖွေနေကြပါတယ်။ သင်က ကုံရာသီဖွားတစ်ယောက်ဆိုရင် သင့်အတွက် ဘယ်ရာသီခွင်တွေက စိတ်တူကိုယ်တူအဖော်ဖြစ်မလဲ ဆိုတာကို တွေးမိပါလိမ့်မယ်။ ဒါကတော့ ကုံရာသီဖွားတွေရဲ့ soulmate ရာသီခွင် ၆ခုပါ။
Gemini
Aries
Leo
Libra
Sagittarius
Aquarius
ဘယ်အရာက ဒီရာသီခွင်တွေကို ကုံရာသီခွင်တွေနဲ့ သဟဇာတဖြစ်စေတာလဲ? ဒါက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စရိုက်လက္ခဏာတွေကြောင့် ဖြစ်ပါတယ်။ ကုံရာသီဟာ ရာသီခွင်တွေထဲမှာ လွတ်လပ်မှုအရှိဆုံး loving signs တစ်ခုဖြစ်ပါတယ်။ အတွေးအခေါ်အားဖြင့်လည်း ခေတ်မီတယ်။ အများကောင်းကျိုးကို လိုလားကြတယ်။ သူတို့ရဲ့လူသားချင်းစာနာထောက်ထားတတ်မှုတွေကြောင့် သူတို့ဟာ လက်တွဲဖော်ဖြစ်လာမယ့်သူတွေကို များစွာဆွဲဆောင်နိုင်တာက အံ့သြစရာတော့ မဟုတ်ပါဘူး။ သို့သော် ကုံရာသီဖွားတွေဟာ သင်ထင်ထားတာထက် ပိုရှုပ်ထွေးပါတယ်။ သူတို့က တစ်ချို့ရာသီခွင်သင်္ကေတတွေနဲ့သာ အချစ်ရေးမှာ အားထုတ်မှု အစစ်အမှန် ရှိကြပါလိမ့်မယ်။
သင်က သင့်ရဲ့ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုကို ရှာဖွေနေတဲ့ ကုံရာသီဖွားတစ်ယောက်လား? (ဒါမှမဟုတ်) ကုံရာသီဖွားတစ်ယောက်ကို အရမ်းကြွေဆင်းနေသူတစ်ယောက်လား? ဘာပဲဖြစ်ဖြစ် ဒီလမ်းညွှန်ချက်တွေကို လေ့လာထားသင့်ပါတယ်။
၁။ Gemini – မေထုန်ရာသီဖွား (May 21 – June 20)
မေထုန်နဲ့ ကုံရာသီ နှစ်ခုစလုံးက အကောင်းဆုံးနည်းနဲ့ ခွဲခြမ်းစိတ်ဖြာခြင်းမှာ ကျွမ်းကျင်မှုရှိတဲ့ air signs တွေဖြစ်ပါတယ်။ ချစ်သူတွေအဖြစ်နဲ့ သူတို့ဟာ ဘယ်အကြောင်းအရာကိုပဲဖြစ်ဖြစ် နက်ရှိုင်းစွာ analyse လုပ်ပြီး ပြောဆိုဆက်ဆံမှုတွေမှတဆင့် တစ်ယောက်ရဲ့ အဖော်ပြုခြင်းကို တစ်ယောက်က သာယာကြည်နူးပါလိမ့်မယ်။
သူတို့နှစ်ယောက်စလုံးက ကမ္ဘာကြီးကို ယဉ်ကျေးမှုအဆင့်ပေါ်မှာ လေ့လာလိုတဲ့ သင်္ကတတွေဖြစ်ပါတယ်။ များစွာသော အမှတ်ရစရာ အတွေ့အကြုံတွေနှင့်အတူ ခရီးသွားပါရမီဖြည့်ဖက် ဆက်ဆံရေးမျိုး ရှိပါလိမ့်မယ်။
၂။ Sagittarius – ဓနုရာသီဖွား (November 22 – December 21)
ဓနု နှင့် ကုံရာသီခွင် သင်္ကတနှစ်ခုလုံးက ကတိကဝတ်ပေးရမှာကို ကြောက်ရွံ့ပေမယ့်လည်း ဒီစုံတွဲတွေဟာ များသောအားဖြင့် long-term relationship မျိုးကို ရည်စူးထားတတ်ကြပါတယ်။ ဒီသင်္ကေတနှစ်ခုလုံးဟာ ပင်ကိုယ်အားဖြင့် အရမ်းလွတ်လပ်ပြီး relationship တစ်လျှောက်လုံးမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားမှုကို ဆက်ထိန်းသိမ်းသွားပါလိမ့်မယ်။ သူတို့မျှဝေခဲ့တဲ့ စွမ်းအင်နဲ့ အကောင်းမြင်ဝါဒတွေက သူတို့ကို ပျော်ရွှင်တဲ့ ဇနီးမောင်နှံအဖြစ် ဘဝကို ဖြတ်သန်းသွားနိုင်အောင် ကူညီပါလိမ့်မယ်။ သူတို့ရဲ့ တူနှစ်ကိုယ်နေ့စဉ်ဘဝ ပျော်စရာရှာခြင်းမှာဒုက္ခဆိုတာ မရှိပါဘူး။
၃။ Libra – တူရာသီဖွား (September 23 – October 22)
ကုံရာသီနှင့် တူရာသီဟာ အပြင်ထွက် စွန့်စားတတ်တဲ့ ရာသီခွင်တွေဖြစ်ပြီး relationshipမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး စုံတွဲတစ်တွဲ ဖြစ်စေပါတယ်။ သူတို့ရဲ့ ပူပင်ကြောင့်ကြမဲ့သော သဘောထားနဲ့ အကောင်းမြင်သော အမူအကျင့်တွေကြောင့် ဘယ်အတားအဆီးမဆို ကျော်လွှားနိုင်ကြပါတယ်။ တူရာသီကို အသည်းအသန်ချစ်မြတ်နိုးသူတွေလို့ သိကြပြီး ကုံရာသီတွေအတွက်ကတော့ ဒါကို အမှီလိုက်ဖို့ ခက်ခဲပါလိမ့်မယ်။ လက်တွဲနေသမျှ ကာလပတ်လုံး ရင်းနှီးမှုနဲ့ ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုမှုရှိနေသရွေ့ ဒါက ပြဿနာတစ်ခု မဟုတ်ပါဘူး။
၄။ Aquarius – ကုံရာသီဖွား (January 20 – February 18)
ဓါတ်တူ ရာသီဖွားအချင်းချင်း ပေါင်းစပ်ကြတာကြောင့် ကျန်းမာ ရှင်သန်တဲ့ relationshipမျိုးကို တွေ့မြင်ရတာက အဆန်းတော့ မဟုတ်ပါဘူး။ သူတို့က စိတ်ဝင်စားရာ တူကြသူတွေဖြစ်တာကြောင့် သူတို့နှစ်ယောက်စလုံးနှစ်သက်တဲ့ ဝါသနာတွေ၊ စကားပြောဖို့ အကြောင်းအရာတွေ ဘယ်တော့မှ ကုန်နိုင်မှာ မဟုတ်ပါဘူး။ တခြားသူတွေအပေါ် နက်ရှိုင်းစွာ စာနာနားလည်တတ်မှုက ပုံမှန်အားဖြင့် ဒီရာသီခွင်နှစ်ယောက်လုံးကို စေတနာ့ ဝန်ထမ်းအလုပ်နဲ့ ရပ်ကျိုးရွာကျိုး ကြိုးပမ်းမှုတွေကို ဦးဆောင်စေပါတယ်။
၅။ Leo – သိဟ်ရာသီဖွား (July 23 – August 22)
သိဟ် နဲ့ ကုံရာသီခွင်တွေဟာ အရမ်းခြားနားတာမျိုး မရှိပါဘူး။ Leo ဟာ အာရုံစိုက်ခံရတာကို နှစ်သက်ပြီး ကုံရာသီတွေကတော့ အားပေးသူ တစ်ယောက်ဖြစ်ရတာကို နှစ်သက်ပါတယ်။ Leo တွေဟာ တန်ဖိုးထားခံရတဲ့အခါ သူတို့ရဲ့ပါတနာကို ချစ်ခင်ကြင်နာမှုတွေ ပုံပေးတတ်ကြပါတယ်။ ဒီနှစ်ယောက်ဟာ ခြားနားကြပေမယ့် ပြီးပြည့်စုံတဲ့ စုံတွဲဖြစ်ရတာကိုလည်း နှစ်သက်ပါတယ်။ သိဟ်ရာသီဖွားတွေနဲ့သာ ကုံရာသီဖွားတွေ တွဲဖက်မိသွားမယ်ဆိုရင်တော့ အလွန်ထူးခြားပြီး အံ့သြဖွယ်ကောင်းတဲ့ ပေါင်းစည်းမှုဖြစ်လာပါလိမ့်မယ်။ နှစ်ယောက်စလုံးမှာ ဒေါသထွက်တဲ့ စိတ်နေစိတ်ထားရှိကြသော်လည်း သဘောထားကွဲလွဲမှုတွေကို လိမ္မာပါးနပ်စွာ ကိုင်တွယ်နေသမျှ ကာလပတ်လုံး အဆင်ပြေနေမှာ ဖြစ်ပါတယ်။
၆။ Aries – မိဿရာသီဖွား (March 21 – April 19)
မိဿ နဲ့ ကုံရာသီဖွား နှစ်ယောက်စလုံးမှာ ဟာသဉာဏ်ရှိခြင်းကြောင့် တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်းရယ်မောနေကြရမှာ သေချာပါတယ်။ ဒီစုံတွဲဟာအမြဲတမ်း ရွင်ရွင်ပြပြ ရှိနေမှာ သေချာပြီး သူတို့ရဲ့ အံ့သြစရာစွမ်းအားက သူတို့နဲ့ နီးစပ်သူတွေကို ကူးစက်စေမှာပါ။ Aries တွေဟာ တစ်ခါတစ်ရံ မှာ မကောင်းတဲ့စိတ် ဆိုးဆိုးရွားရွား ဖြစ်လာနိုင်ပေမယ့် ခွဲခြမ်းစိတ်ဖြာတတ်တဲ့ ကုန်ရာသီတွေကတော့ သူတို့ကို နွံ့ထဲကနေ ဆွဲထုတ်ဖို့ လောဂျစ် သုံးနိုင်စွမ်းရှိပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-yourtango