မိသားစုစုံစုံလင်လင်နဲ့ နေရာအနှံ့ကို ပျော်ပျော်ပါးပါးခရီးထွက်ခဲ့ကြတဲ့ပုံလေးတွေကိုကြည့်ပြီး ပြန်လည်တမ်းတနေတဲ့ ယွန်းဝတီလွင်မိုး
mmload.com
|
2021-01-08



ပရိသတ်ကြီးရေ အကယ်ဒမီလွင်မိုးတို့မိသားစုလေးကတော့ သိုက်သိုက်ဝန်းဝန်းရှိကြပြီး အခုဆိုရင် မြေးလေးတစ်ယောက်လည်းရှိနေပြီဖြစ်လို့ ပိုပြီးစိုပြေသွားပါတယ်နော်။လွင်မိုးက အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေပြီး မြေးလေးနဲ့အတူ အချိန်တော်တော်များများကုန်ဆုံးနေတာဖြစ်ပါတယ်။လွင်မိုးရဲ့ချစ်ဇနီးချောလေးမေသူကတော့ Liamလေးကို ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးပြီး ရင်အုပ်မကွာဂရုစိုက်နေတာပဲဖြစ်ပါတယ်နော်။






ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကတော့ နိုင်ငံရပ်ခြားမှာကျောင်းတက်နေကြပြီး မိသားစုနဲ့တော့Video Callအမြဲတမ်းပြောနေတာဖြစ်ပါတယ်။ခေးလေးတို့ဇနီးမောင်နှံကတော့ လူငယ်တွေပီပီအရမ်းရိုတတ်ပြီး အေးအတူပူအမျှလက်တွဲနေထိုင်နေကြတာဖြစ်ပါတယ်နော်။လွင်မိုးကလည်း သမီးချောလေးနဲ့ သားမက်လေးကို အကောင်းဆုံးလမ်းညွှန်ပေးပြီး လိုအပ်သမျှကို နောက်ကနေ ပံ့ပိုးပေးနေတဲ့ဖခင်ကောင်းဖြစ်ပါတယ်။လွင်မိုးတို့က ယွန်းဝတီလွင်မိုးတို့ ပြန်လာလည်ချိန်ဆိုရင် ခရီးတွေထွက်ပြီး ပျော်ပျော်ပါးပါးနဲ့မိသားစုအချိန်လေးတွေကုန်ဆုံးကြတာဖြစ်ပါတယ်နော်။






ယွန်းဝတီလွင်မိုးတို့မိသားစုက အပြန်အလှန်ချစ်ခင်ကြင်နာကြပြီး နားလည်မှုအပြည့်ရှိလို့ အရမ်းသာယာကြည်နူးဖို့ကောင်းတဲ့ မိသားစုလေးဖြစ်ပါတယ်။အခုဆိုရင်တော့ ယွန်းဝတီလွင်မိုးက "ဒီလိုမိသားစုခရီးလေး ပြန်ထွက်ချင်မိ"ဆိုကာ အရင်တုန်းကအမှတ်တရပုံရိပ်လေးတွေကိုကြည့်ပြီး ပြန်လည်တမ်းတနေတာဖြစ်ပါတယ်။နေရာအနှံ့ကို တက်ညီလက်ညီနဲ့ ပျော်ပျော်ပါးပါး ခရီးတွေထွက်ခဲ့တဲ့ ယွန်းဝတီလွင်မိုးတို့ရဲ့မိသားစုပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။





#လွင်မိုး
#မိသားစုလေး
#မိသားစု
#ဇနီးမောင်နှံ
#ပုံရိပ်

Some text some message..