
လောကကြီးမှာ လူကောင်းတွေ ရှိနေသလို မကောင်းတဲ့သူတွေလည်း အများကြီး ရှိနေပါတယ်။ တစ်ချို့ကတော့ ဆိုးသွမ်းတဲ့ စရိုက်လက္ခဏာမျိုး ရှိတာ ဖြစ်ပြီး တစ်ချို့ကတော့ စိတ်ဓာတ် မကောင်းတာမျိုး ဖြစ်ပါတယ်။ ဆိုးသွမ်းတဲ့သူတွေကိုတော့ အမြင်မှာတွေ့ရလို့ သတိနဲ့ ရှောင်လို့ ရပေမယ့် စိတ်ဓာတ်မကောင်းတဲ့သူတွေကိုတော့ လွယ်လွယ် မသိနိုင်ပါဘူး။ စိတ်ဓာတ် အောက်တန်းကျတယ်လို့ သတ်မှတ်ရလောက်တဲ့သူတွေကတော့ ဒီလို အရာတွေကို အများဆုံး လုပ်လေ့ ရှိကြပါတယ်။
(၁) သူများကို ခြောက်တွန်းတာ
လူအချင်းချင်းမှာ ရှိထားသင့်တဲ့ ကျင့်ဝတ်က ကောင်းတာ မလုပ်ရင်တောင် သူများကို ဒုက္ခမပေးသင့်ဘူးဆိုတာ ပါပဲ။ စိတ်ဓာတ် မကောင်းတဲ့သူတွေကတော့ ဒါမျိုးတွေ မတွေးကြပါဘူး။ သူတို့က သူတို့ မကျေနပ်တဲ့သူကို ဒုက္ခရောက်စေချင်တဲ့ စိတ်နဲ့ ခြောက်တွန်းတာမျိုး၊ ပျက်စီးသွားဖို့ မျှော်လင့်နေတာမျိုးတွေ လုပ်တတ်ကြပါတယ်။

nakaridore/Freepik
(၂) မကောင်းတာလုပ်ဖို့ တွန်းအားပေးတာ
စိတ်ဓာတ်အောက်တန်းကျတဲ့သူတွေက သူများတွေ ပျက်စီးသွားဖို့ မျှော်လင့်နေတတ်ကြပါတယ်။ ဒီအတွက် သူတို့က မကောင်းတာ အတူလုပ်ဖို့ အဖော်ညှိတာမျိုးအပြင် တစ်ချို့က ကိုယ်တိုင် မလုပ်ဘဲ သူများကိုပဲ မကောင်းတာ လုပ်ဖြစ်အောင် တမင်မြှောက်ပင့်ပေးနေတတ်ကြပါတယ်။
(၃) ဒုက္ခရောက်ရင် ထပ်ဒုက္ခရောက်အောင် လုပ်တာ
မိတ်ဆွေတွေဆိုတာ တယောက် ဒုက္ခရောက်ရင် တစ်ယောက်က ကူညီနိုင်တဲ့ နည်းလမ်းကနေ ကူညီကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်မကောင်းတဲ့သူတွေကတော့ ဒုက္ခရောက်တာကို ထပ်ပြီး ဒုက္ခရောက်စေချင်တာမျိုး ရှိပါတယ်။ ကူညီဖို့လည်း မကြိုးစားကြသလို ဒုက္ခရောက်သွားတာကို ထပ်ပြီး မြင်ချင်တာမျိုးတွေ ရှိနေတတ်ပါတယ်။

yanalya/Freepik
(၄) ကုန်းချောတာ
စိတ်ဓာတ်မကောင်းတဲ့သူတွေ အလုပ်အများဆုံး အရာထဲမှာ မကောင်းကြောင်း ပြောတာပါပဲ။ သူတို့ မကြည်တဲ့သူတစ်ယောက်ရဲ့ အကြောင်းကို အများက အမြင်မကြည်အောင် မကောင်းတာတွေ လုပ်ကြံပြီး ပြောဆိုတာတွေ လုပ်တတ်ပါတယ်။ ဒီလိုမျိုး ကုန်းတိုက်တတ်တဲ့သူတွေကြောင့် ကိုယ့်က အထင်လွဲခံရတာမျိုးတွေ ရှိတတ်ပါတယ်။

teksomolika/Freepik
(၅) သူများကို မကြည့်တတ်တာ
အရေးအကြောင်းဆိုရင် ရှောင်ထွက်သွားတတ်တဲ့သူတွေကလည်း စိတ်ဓာတ်မကောင်းတဲ့သူတွေပဲ ဖြစ်ပါတယ်။ သူ့ဆီ အမှုပတ်မှာစိုးလို့ဆိုပြီး အကြောင်းပြချက်တွေ ပေးတတ်ကြပါတယ်။ တကယ်တမ်း ကူညီနိုင်တဲ့ ပါဝင်ပြီး ဖြေရှင်းပေးနိုင်တဲ့ အခြေအနေမျိုး ရှိရက်နဲ့ကို လုပ်ပေးချင်စိတ် မရှိကြတာမျိုး ဖြစ်ပါတယ်။

cookie_studio/Freepik
(၆) စည်းမစောင့်တာ
လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ထားရှိသင့်တဲ့ စည်းစံတွေကို လိုက်နာသင့်ပါတယ်။ စိတ်ဓာတ်မကောင်းတဲ့သူတွေကတော့ ဒီလို စည်းတွေကို လိုက်နာရကောင်းမှန်း မသိပါဘူး။ သူငယ်ချင်းရဲ့ ရည်းစားကို တမင် ဖြတ်ခုတ်တာမျိုး၊ သူငယ်ချင်း ရမယ့် အခွင့်အရေးကို ကိုယ်က သူငယ်ချင်း မသိအောင် ယူလိုက်တာမျိုး စတဲ့ အရာတွေကို လုပ်တတ်ကြပါတယ်။
Kham