ခင်ပွန်းက လျစ်လျူရှုနေတာလားဆိုတာ သိနိုင်တဲ့ အချက်များ
myanmaplatform.com
|
2021-01-09

အိမ်ထောင်တစ်ခု ထူထောင်လိုက်ပြီဆိုရင် ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ တစ်ခုပြီးတစ်ခု လိုအပ်ကြတဲု့သူတွေများကြပါတယ်။ အချိန်ကြာလရင် အိမ်ထောင်ရေးအဆင်မပြေတာတာတွေများလာတာ၊ အိမ်ထောင်ရေးမှာ စိတ်ရှုပ်တာတွေ များလာရင် အပြင်မှာ အပျော်ရှာတတ်ကြပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာလေ အိမ်က မိန်းမကို လျစ်လျူရှုတာမျိုးလုပ်လာကြပါတယ်။ ဒါကြောင့် အခုပြောပြချင်တာကတော့ ခင်ပွန်းက သင့်ကို လျစ်လျူရှုနေတာ သေချာတယ်ဆိုတဲ့ အချို့အချက်တွေကို ပြောပြလိုက်ပါတယ်နော်။




၁။ အိမ်ထောင်ရေးမှာ ငြီးငွေ့လာခြင်း

အိမ်ထောင်ရေးအဆင်မပြေခြင်းရဲ့ အချက်တွေထဲက အဓိက တစ်ချက်ပဲ ဖြစ်ပါတယ်။ ဒါကတော့ အိမ်ထောင်ရေး ငြီးငွေ့လာခြင်းပဲ ဖြစ်ပါတယ်။ တစ်ယောက်အပေါ်မှာ တစ်ယောက်တပ်မက်မှု မရှိတော့ဘဲ ပျင်းရိဖွယ်ဖြစ်လာခဲ့ပါတယ်။ အိမ်ထောင်တစ်ခုမှာ လိင်ကိစ္စတစ်ခုတည်းမဟုတ်ဘဲ ချစ်ခင်မှု။ ကြင်နာမှုနဲ့ ဂရုစိုက်မှုတွေ နဲ့ တည်ဆောက်ထားပေမယ့် အချိန်ကြာကြီး ကိုယ့်အပေါ်ကို ဂရုမစိုက်တော့တာတွေ ဖြစ်လာပြီဆိုရင်တော့ သင့်ကို လျစ်လျူရှုနေတာ သေချာနေပါပြီ။




၂။ စိတ်မရှည်ခြင်း

အိမ်ထောင်သက်ကြာလာတဲ့အချိန်မှာ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့်လား၊ အလုပ်အဆင်မပြေတာကြောင့်လား၊ မိန်းမက နားပူနားဆာလုပ်ခြင်းကြောင့်လားတော့ မသိနိုင်ပါဘူး။ အရင်က စိတ်ရှည်သလောက် အိမ်ထောင်သက်ကြာလေ ကိုယ့်အပေါ်ကို စိတ်မရှည်လာလေ ဖြစ်နေပြီဆိုရင်တော့ ဘာကြောင့်လဲ ဆိုတာ စဉ်းစားဖို့ လိုနေပါပြီ။ လျစ်လျူရှုခြင်းလို့လား။ ဒါဆိုရင်တော့ အချိန်ယူပီး ဖြေရှင်းပါ။




၃။ တွန်းအားမပေးပါနဲ့။

အိမ်ထောင်တစ်ခုမှာ စိတ်မရှည်လာလို့ဆိုပြီးတော့ တွန်းအားပေးလို့ မရပါဘူး။ သဘောမကျတာကို ပိုလုပ်တတ်တာက လူတွေရဲ့ သဘာဝပါ။ ဒါကြောင့် သူ့ကိုလည်း တွန်းအားမပေးပါနဲ့။ ကိုယ်ကိုယ်တိုင်တောင် တွန်းအားပေးရင်မကြိုက်သေးတာလဲ သူတို့လဲ မကြိုက်ပါဘူး။ ဒါကြောင့် တွန်းအားမပေးပါနဲ့။




၄။ လိင်ကိစ္စတွေ နည်းလာခြင်း

အိမ်ထောင်တစ်ခုမှာ လိင်ကိစ္စတွေ နည်းလာပြီဆိုရင် သာယာဖို့အတွက်က ဖြစ်နိုင်ခြေနားလာပါတယ်။ အိမ်ထောင်ရေးဆိုတာက လိင်ကိစ္စလဲ ပါလာသလို ချစ်ခြင်းမေတ္တာ၊ ကြင်နာမှုတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ တကယ်လို့သာ တစ်ခုခုမှာ အားနည်းလာပြီဆိုရင် ခင်ပွန်းနဲ့ တဖြေးဖြေးဝေးသွားတာမျိုးဖြစ်လာတတ်ပါတယ်။


#အိမ်ထောင်ရေး
#တွန်းအား
#အိမ်ထောင်
#အိမ်ထောင်သက်
#ခင်ပွန်း

Some text some message..