၂၀၂၀ က လူတိုင်းအတွက် မငြိမ်မသက်ဖြစ်ခဲ့သော နှစ်ဖြစ်သော်လည်း ၂၀၂၁ခုနှစ်က ကျွန်မတို့အတွက် ပိုကောင်းမွန်မယ့်နှစ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့တရုတ်ရာသီခွင်သင်္ကေတအရ ၂၀၂၁ မှာ သင့်ရဲ့အချစ်ရေး၊ အလုပ်အကိုင်၊ စည်းစိမ်ဥစ္စာနဲ့ ကျန်းမာရေးအတွက် သင်မျှော်လင့်ထားနိုင်တဲ့ ခန့်မှန်းချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
၁။ မြင်း (1954, 1966, 1978, 1990, 2002, 2014)
၂၀၂၁ ဟာ Tai Sui နဲ့ပဋိပက္ခတွေကြောင့် မြင်းနှစ်မှာ မွေးဖွားလာသူတွေအတွက် လှည့်ကွက်တွေနဲ့ အလှည့်အပြောင်းတွေ ပြည့်နှက်နေတဲ့နှစ်ဖြစ်ပါတယ်။ ပြဿနာတွေက အလုပ်ခွင်မှာ ပုံမှန်ထက် ပိုများလာပါလိမ့်မယ်။ ထို့ကြောင့် အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကို ပွင့်ပွင့်လင်းလင်း ပြုလုပ်ဖို့ ကြိုးစားပါ။ အချစ်ရေးကံက စိတ်ကျေနပ်စရာကောင်းပြီး ဆန့်ကျင်ဘက်လိင်နဲ့ အပြန်အလှန်ဆက်ဆံမှုတွေ မြင့်တတ်လာမှာကို မျှော်လင့်နိုင်ပါတယ်။ ကျန်းမာရေးနှင့် စည်းစိမ်ဥစ္စာ ထိခိုက်ပါလိမ့်မယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေကို ထိန်းသိမ်းထားဖို့ အရေးကြီးပါတယ်။
အလုပ်အကိုင်: 2.5/5 stars
ကြွယ်ဝမှု: 2/5 stars
အချစ်ရေး: 3/5 stars
ကျန်းမာရေး: 2.5/5 stars
Overall zodiac stars ranking: 8th
ကံကောင်းစေမယ့် နံပါတ်-7280
ကံကောင်းစေမယ့်အရောင်- အညို, အနီ, ခရမ်း, အစိမ်း
၂။ ဆိတ် (1955, 1967, 1979, 1991, 2003, 2015)
ဆိတ်နှစ်မှာ မွေးဖွားသူတွေအတွက် ၂၀၂၁ခုနှစ်ဟာ ခက်ခဲသော သင်ခန်းစာတွေ ရလာမယ့်နှစ် ဖြစ်ပါတယ်။ ကျေးဇူးတင်စရာကောင်းတာက အတိတ်နိမိတ်ကောင်းကြယ်တွေဟာ အလုပ်မှာပြဿနာတွေ ဖြေရှင်းဖို့ ကူညီပေးပါလိမ့်မယ်။ ချမ်းသာကြွယ်ဝမှုကံက မကောင်းပေမယ့် တည်ငြိမ်ပါတယ်။ ဒါ့ကြောင့် သင့်ဘတ်ဂျက်ကို ဆုပ်ကိုင်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။ မကျေနပ်မှုတွေ မကြာခဏ ဖြစ်တတ်တဲ့အတွက် သင့်ပါတနာကို ကြင်နာပါ။ ဒီနှစ်မှာ ကျန်းမာရေးကို ထိခိုက်စေမယ့်အစား ပုံမှန် wellness တည်ဆောက်ဖို့ အချိန်ပိုသုံးပါ။
အလုပ်အကိုင်: 3/5 stars
ကြွယ်ဝမှု: 2.5/5 stars
အချစ်ရေး: 2/5 stars
ကျန်းမာရေး: 1/5 stars
Overall zodiac stars ranking: 11th
ကံကောင်းစေမယ့် နံပါတ်- 0514
ကံကောင်းစေမယ့် အရောင် – မီးခိုး, ကာကီ,အညို, အဖြူ
၃။ မျောက် (1956, 1968, 1980, 1992, 2004, 2016)
၂၀၂၁ခုနှစ်ဟာ မျောက်နှစ်ဖွားတွေအတွက် ကောင်းတဲ့နှစ်တစ်နှစ်ဖြစ်ပါလိမ့်မယ်။ အချို့သော ဆုတ်ယုတ်မှုတွေကို မျှော်လင့်ထားသင့်သော်လည်း အလုပ်အကိုင်ကံ မြင့်တတ်လာပါလိမ့်မယ်။ သို့သော် သင့်အရှိန်အဟုန်ကို ထိန်းသိမ်းပါ။ တိုးတတ်မှုရှိပါလိမ့်မယ်။ ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကနေ ငွေကြေးအကျိုးအမြတ်တွေကို ရိတ်သိမ်းနိုင်ပါတယ်။ သင့်အချစ်ရေးမှာ ဟန်ချက်ညီစေဖို့ ကြိုးစားရုန်းကန်ရပါမယ်။ ကျန်းမာရေးက သင့်ရဲ့အဓိကစိုးရိမ်ပူပန်မှု ဖြစ်ပါလိမ့်မယ်၊ ထို့ကြောင့် ကိုယ့်ကိုယ်ကို ကောင်းစွာ ဂရုစိုက်တဲ့ အလေ့အထတွေကို ကျင့်သုံးပြီး ရောဂါတွေကို ကာကွယ်ဖို့ ကောင်းကောင်းစားပါ။
အလုပ်အကိုင်: 4.5/5 stars
ကြွယ်ဝမှု: 4.5/5 stars
အချစ်ရေး: 3/5 stars
ကျန်းမာရေး: 2/5 stars
Overall zodiac stars ranking: 5th
ကံကောင်းစေမယ့် နံပါတ်- 1689
ကံကောင်းစေမယ့် အရောင်- အနီ, ပန်း, အဝါ, အပြာ
၄။ ကွကျ (1945, 1957, 1969, 1981, 1993, 2005)
အတိတ်နိမိတ်ကောင်းတဲ့ ကြယ်လေးတွေဟာ တောက်ပစွာ ထွန်းလင်းလာတာကြောင့် ကြက်နှစ်မှာ မွေးဖွားသူတွေအတွက် ၂၀၂၁ဟာ တိုးတတ်မှုတွေ အပြည့်နဲ့ ပျော်ရွှင်မှုတွေ ဆောင်ယူလာမယ့် နှစ်တစ်နှစ် ဖြစ်ပါလိမ့်မယ်။ သင်ဟာ အလုပ်မှာ အကျိုးခံစားခွင့်တွေ ကြုံတွေ့ရပါလိမ့်မယ်။ အောင်မြင်မှုတွေ ရရှိပါလိမ့်မယ်။ ငွေသုံးဖြုန်းတာမျိုး ၊ ကိုယ့်ကိုယ်ကို အလိုလိုက်လွန်းတာမျိုး ရှောင်ပါ။ အချစ်ရေးက ယခုနှစ်မှာ သာယာဖြောင့်ဖြူးပြီး သဟဇာတဖြစ်ပါလိမ့်မယ်။
ကျန်းမာရေးပြဿနာတွေက အထူးသဖြင့် အသက်ကြီးသူတွမှာ အချို့သော စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ပါ။
အလုပ်အကိုင်: 4/5 stars
ကြွယ်ဝမှု: 4/5 stars
အချစ်ရေး: 3.5/5 stars
ကျန်းမာရေး: 4/5 stars
Overall zodiac stars ranking: 2nd
ကံကောင်းစေမယ့် နံပါတ် -8160
ကံကောင်းစေမယ့် အရောင်- ရွှေရောင်, အဝါရောင်,အပြာရောင်,ခရမ်း
၅။ ခွေး (1946, 1958, 1970, 1982, 1994, 2006)
Tai Sui ရဲ့လွှမ်းမိုးမှုကြောင့် ခွေးနှစ်မှာ မွေးဖွားသူတွေအတွက် ၂၀၂၁ ဟာ မတည်ငြိမ်သော နှစ်ဖြစ်ပါလိမ့်မယ်။ သင့်ရဲ့ အသက်မွေးဝမ်းကျောင်းမှုက ဖွံ့ဖြိုးတိုးတတ်မှုအနည်းငယ်သာရှိပါတယ်။ အိမ်သုံးစရိတ်တွေ မြှင့်တက်လာခြင်းကြောင့် ငွေရေးကြေးရေးပိုင်းမှာ ကျပ်တည်းမှုတွေ ကြုံလာရနိုင်ပါတယ်။ အချစ်ရေးကံက အကောင်းဆုံးပုံစံမဟုတ်သော်လည်း အတွင်းစိတ် ယုံကြည်မှုရှိခြင်းက သင့်အားပျော်ရွှင်မှုကို ရရှိစေပါတယ်။ မကြာခဏ ဖျားနာနိုင်ပါတယ်။ ဒါ့ကြောင့် အနားယူခြင်းက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အရေးပါပါတယ်။
အလုပ်အကိုင်: 2/5 stars
ကြွယ်ဝမှု: 1.5/5 stars
အချစ်ရေး: 2/5 stars
ကျန်းမာရေး: 1/5 stars
Overall zodiac stars ranking: 12th
ကံကောင်းစေမယ့် နံပါတ် -2460
ကံကောင်းစေမယ့် အရောင် -ငွေ, လိမ္မော်, အဖြူ, အစိမ်း
၆။ ဝက် (1947, 1959, 1971, 1983, 1995, 2007)
2021 ဟာ အတိတ်နိမိတ်ကောင်းတဲ့ကြယ်လေးတွေရဲ့အကူအညီနဲ့ ဝက်နှစ်ဖွားလေးတွေအတွက် အောင်မြင်မှုနှစ် တစ်နှစ်ဖြစ်ပါလိမ့်မယ်။ သင့်ရဲ့လုပ်ငန်းကိုင်ငန်းမှာ အခက်အခဲတွေ ကြုံတွေ့ရမှာ ဖြစ်ပေမယ့် ကြိုးစားအားထုတ်မှုတွေက အကျိုးဖြစ်ထွန်းမှာဖြစ်ပြီး လမ်းကြောင်းမှန်ကို ပြန်ရပါလိမ့်မယ်။ ဥစ္စာဓနကြွယ်ဝချမ်းသာမှုစွမ်းအင်ကို ဒီနှစ်မှာ သင်ကျေးဇူးတင်ရပါလိမ့်မယ်။ ငွေကြေးအကျိုးအမြတ်ကို မျှော်လင့်နိုင်ပါတယ်။ အချစ်ရေးကံက စိတ်နေစိတ်ထား အဆင်မပြေဖြစ်စေခြင်းနှင့်အတူ အရမ်းကောင်းမှာ မဟုတ်ပါဘူး။ ကျန်းမာရေးက တည်ငြိမ်နေမှာဖြစ်ပေမယ့်လည်း အိပ်မပျော်ခြင်းက သင့်အတွက် အကြီးမားဆုံးပြဿနာ ဖြစ်နိုင်ပါတယ်။
အလုပ်အကိုင်: 4.5/5 stars
ကြွယ်ဝမှု: 5/5 stars
အချစ်ရေး: 3/5 stars
ကျန်းမာရေး: 3/5 stars
Overall zodiac stars ranking: 3rd
ကံကောင်းစေမယ့် နံပါတ် -9681
ကံကောင်းစေမယ့် အရောင်များ- ပန်းရောင်, အဖြူ, အစိမ်း, အပြာ
Lifestyle_Myanmar
LM_Nandar
Source-girlstyle