နိုင်ငံခြားခဏသွားတဲ့ချစ်ဇနီးလေးရဲ့အိမ်ပြန်ခရီးကို တစ်ညလုံးမအိပ်ဘဲ လေယာဉ်ကွင်းမှာ သွားစောင့်နေခဲ့တဲ့နိုင်းဝမ်း
celezone.net
|
2021-01-14



သိပ်ချစ်လွန်းလို့ အတူတူနေရဖို့အများကြီးကြိုးစားခဲ့ရတဲ့နိုင်းဝမ်းဟာ ကြင်စဦးဇနီးလေးရဲ့ နိုင်ငံခြားခရီးစဉ်က ပြန်လာမယ့်နေ့မှာ ဖယ်ရီမစီးစေချင်တာကြောင့် တစ်ညလုံးမအိပ်ဘဲ လေယာဉ်ကွင်းမှာသွားထိုင်စောင့်နေခဲ့ပါတယ်။ ဒီလိုဂရုစိုက်ပြီး ကြင်နာတတ်တဲ့ခင်ပွန်းကို ပိုင်ဆိုင်နိုင်ခဲ့သူလေးကတော့ တကယ့်ကိုကံကောင်းလွန်းသူပါ။




နိုင်ငံခြားကပြန်လာပေမယ့် ပစ္စည်းသွားပို့တာသပ်သပ်ဖြစ်ပြီး ခရီးသည်မပါတာကြောင့် Q ဝင်စရာမလိုကြောင်းကိုလည်း ပရိသတ်တွေနားလည်အောင်ရှင်းပြပေးခဲ့ပါသေးတယ်။ ချစ်ဇနီးကိုစိတ်မချဖြစ်ပြီး စောင့်နေရတဲ့ခံစားချက်လေးကိုလည်း သီချင်းတစ်ပုဒ်အဖြစ် အသက်သွင်းမယ့်အကြောင်း ပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။




မျှော်ရတဲ့ခံစားချက်ကို ” မိန်းမကိုသိပ်ချစ်လွန်းတော့လဲ သူအလုပ်ပြီးလို့ဖယ်ရီနဲ့ အိမ်ပြန်မလာစေချင်လို့ တစ်ညလုံးမအိပ်ဘဲ မိန်းမမြန်မာပြည်ပြန်ရောက်မဲ့အချိန်ကို ဘယ်သူမှမရှိတဲ့လေဆိပ်ကြီးရှေ့မှာလာထိုင်စောင့်နေတတ်တာမျိုး လေယာဉ်ပျံကြီး မြေပေါ်မဆင်းလာမချင်း စိတ်ပူပန်နေမိတဲ့ဖီလင်က ပြောပြလို့တောင်မတတ်ဘူး ဒီခံစားချက်လေးနဲ့ သီချင်းလေးတစ်ပုဒ်လောက် ရေးကြည့်ဦးမှပါလေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။



Happy – Cele Zone
Photo – Nine One


#ဖယ်ရီ
#လေဆိပ်ကြီး
#နိုင်းဝမ်း
#မိန်းမ
#ဇနီး

Some text some message..