အရည်အချင်းတွေ၊ ကျွမ်းကျင်မှုတွေနဲ့ ပတ်သက်လာရင် အရေးကြီးဆုံးနှင့် အသုံးဝင်ဆုံးဖြစ်တဲ့ တီထွင်ဖန်တီးမှုကို ပိုင်ဆိုင်ထားတဲ့ ရာသီခွင်တွေဖြစ်ပါတယ်။ ဖန်တီးမှုစွမ်းရည်ရှိခြင်းက သင့်ဘဝမှာ ကြီးမားတဲ့အကူအညီတွေကို ရစေနနိုင်ပါတယ်။ ၎င်းက ပြဿနာတွေကို ဖြေရှင်းခြင်း (သို့) သင့်ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်စေဖို့ အသစ်အသစ်သော အတွေးအခေါ်တွေ ပေါ်လာခြင်းစသည်တို့ဖြစ်ပါတယ်။ သို့ပေမယ့် လူတိုင်းကတော့ သဘာဝကျသော တီထွင်ဖန်တီးမှုကို စွမ်းဆောင်နိုင်တာမျိုးမဟုတ်ဘဲ တစ်ခါတရံမှာ ၎င်းက သူတို့ရဲ့ ရာသီခွင်အပေါ်မှာ မူတည်ပါတယ်။ ဒီကနေ့မှာတော့ တစ်ခြားရာသီခွင်တွေထက် သာလွန်ပြီး ထူးထူးခြားခြားတီထွင်ဖန်တီးမှုအားအကောင်းဆုံးရာသီခွင် (၅) ခုကို မျှဝေချင်ပါတယ်။
၁။ Gemini (May 21 – June 20)
Gemini တွေဟာ တော်တော်လေးတီထွင်ဖန်တီးနိုင်စွမ်းရှိသူတဲ့ ရာသီခွင်ပါ။ သူတို့တွေက တစ်ခါမှ အလုပ်မျိုးတွေကို လုပ်ရဖို့ စိတ်ဝင်စားတတ်သူတွေဖြစ်ပြီး စိတ်ကူးကောင်းကောင်းနဲ့ ဖန်တီးတတ်သူတွေပါ။ ဒါ့အပြင် သူတို့ရဲ့ စိတ်ကူးတွေနဲ့ စွမ်းရည်တွေအကြောင်း ယုံကြည်လာတဲ့အခါ သူတို့ဟာ ကမ္ဘာပေါ်မှာ ဖန်တီးမှုအကောင်းဆုံး လူသားတွေဖြစ်သွားပါတော့တယ်။ အဓိကသူတို့ရဲ့ တီထွင်ဖန်တီးမှုအဆင့်က သူတို့ရဲ့ ယုံကြည်မှုအပေါ်မှာ မူတည်ပါတယ်။
ကဗျာ၊ ပန်းချီ နဲ့ စာရေးခြင်းတွေက Gemini တွေရဲ့ ဒုတိယအောက်စီဂျင်တွေဖြစ်ပါတယ်။ သူတို့ဟာ အရာအားလုံးကို တည်ဆောက်နိုင်သလို ရင်သပ်ရှုမောဖွယ်အပိုင်းအစတွေကို ဖန်တီးပုံကလည်း လူအများစုမလုပ်နိုင်တဲ့အရာဖြစ်ပါတယ်။ တစ်နည်းပြောရရင် မရဏဖွားတွေဟာ ပါရမီရှင်တွေဖြစ်ပါတယ်။
၂။ Libra (Sep 23 – October 22)
Libra တွေဟာ အလှအပပစ္စည်းတွေနဲ့ တွေ့ကြုံလာရင် လုံးဝမျက်စိမလွဲနိုင်ကြဘဲ ၎င်းအလှအပတွေကို အရောင်တင်ဖို့ ကြိုးစားကြသူတွေပါ။ လူတွေရဲ့ မျက်စိကို ဆွဲဆောင်နိုင်တဲ့ အရာတွေနဲ့ ပတ်သက်ပြီး တော်တော်လေးကောင်းတဲ့ စိတ်ကူးတွေရှိကြပါတယ်။ လူတော်တော်များများကတော့ သူတို့ရဲ့ အလုပ်ကို ပျင်းစရာကောင်းတယ်လို့ ထင်မြင်ကြပါလိမ့်မယ်။ သူတို့ရဲ့ ဖန်တီးမှုတွေကလည်း လူတိုင်းအတွက် မဟုတ်ပါဘူး။
၃။ Taurus (April 20 – May 20)
Libra လိုပါပဲ။ Taurus ကလည်း တီထွင်ဖန်တီးမှုအားကောင်းတဲ့ ရာသီခွင်တစ်ခုဖြစ်ပါတယ်။ အလှအပတွေကို ခံစားတဲ့နေရာမှာ ပြင်းထန်တဲ့ခံစားချက်တွေရှိကြပြီး အလွန်ကောင်းတဲ့ ဖန်တီးမှုတွေနဲ့ ကမ္ဘာကြီးကို လှပစေမယ့်သူပါ။ သို့ပေမယ့် တစ်ခါတရံမှာ သူတို့ရဲ့ ဖန်တီးမှုကို ဖော်ပြဖို့ ရုန်းကန်မှုလေးတွေရှိကြပါတယ်။ သေချာတာကတော့ သူတို့တွေနဲ့ တစ်ခြားရာသီခွင်တွေနဲ့ တော်တော်လေးကွဲပြားခြားနားတယ်ဆိုတာပါပဲ။
၄။ Aquarius (Jan 20 – Feb 18)
Aquarius တွေကတော့ ဖန်တီးမှုအားကောင်းသူတွေလို့ သိပ်မထင်ရတဲ့ ဆရာကြီးတွေပါ။ လူတော်တော်များများက သူတို့ကို စိတ်ကူးတွေများလွန်းတာကြောင့် ၎င်းတို့ကို ဖန်တီးမှုလို့ မယူဆကြတာပါ။ ထူးခြားတဲ့ အတွေးအခေါ်တွေနဲ့ တီထွင်ဖန်တီးမှုတွေဟာ တစ်ချိန်တည်းပေါ်လာတတ်သူတွေဆိုရင်လည်း မမှားပါဘူး။
၅။ Pisces (Feb 19- March 20)
ဒီရာသီခွင်ကို ပိုင်ဆိုင်ထားသူတွေကတော့ သဘာဝပါရမီရှင်နဲ့ အနုပညာရှင်တွေပါ ။ အရာရာတိုင်းအပေါ်မှာ သူတို့ရဲ့ ထင်မြင်ပုံ၊ ချဉ်းကပ်ပုံနှင့် ရိပ်မိပုံတွေဟာ သူတို့ဟာ အခန်းထဲမှာ ဖန်တီးမှုအရှိဆုံးပုဂ္ဂိုလ်ဖြစ်စေတာပါ။
Lifestyle_Myanmar
Nyein_Thu
ref-themindjournal