
လူငယ်ဘဝရဲ့ အမှတ်တရတွေထဲမှာ ချစ်သူထားတာကလည်း တစ်ခု အပါအဝင်ပါပဲ။ ကိုယ်ချစ်ရတဲ့ သူနဲ့ ချစ်သူဖြစ်ခွင့်ရတာက တကယ့်ကို ကံကောင်းလွန်းပါတယ်။ ကောင်လေးတွေက သူတို့ ချစ်မိတဲ့ ကောင်မလေးကိုဆိုရင် ဘယ်လိုဖြစ်ဖြစ် ချစ်နေတတ်ကြပါတယ်။ ဒါပေမယ့်လည်း ကောင်လေးတွေက ချစ်သူ ဖြစ်သွားရင် သူတို့ကောင်မလေးကို တစိမ့်စိမ့်ကြည့်ရင်း ချစ်တတ်ကြပါတယ်။ ဒါ့အပြင် ကောင်လေးတွေက ကိုယ့်ချစ်သူရဲ့ ဒီလို အပြုအမူလေးတွေကိုဆိုရင် ပိုပြီးတော့တောင် ချစ်တတ်ကြပါသေးတယ်။
စိတ်ဆိုးတာ
ကောင်လေးတွေ ကိုယ့်ကောင်မလေးကို စိတ်ဆိုးအောင် တမင်လုပ်တာမျိုးကို ချစ်သူထားဖူးရင် သိမှာပါနော်။ ဒါက ကောင်လေးတွေက တကယ်ပဲ ကိုယ့်ကောင်မလေး စိတ်ဆိုးစေချင်လို့ မဟုတ်ဘဲ စိတ်ဆိုးနေတဲ့ ပုံစံလေးကို မြင်ချင်လို့ လုပ်နေကြတာ ဖြစ်ပါတယ်။ စိတ်ဆိုးနေတဲ့ ကောင်မလေးက ကောင်လေးတွေ မျက်လုံးထဲမှာ ချစ်ဖို့ကောင်းပြီး အသည်းယားစရာ ဖြစ်နေတတ်ပါတယ်။

shurkin_son/Freepik
မျက်စောင်းထိုးတာ
ကိုယ့်ကောင်မလေးက ကိုယ့်ကို မျက်စောင်းထိုးလိုက်တာလောက် ကောင်လေးအတွက် သဘောကျစရာကောင်းတာ မရှိတော့ပါဘူး။ မျက်စောင်းလှလှလေး ထိုးတတ်တဲ့ ကောင်မလေးမျိုး ပိုင်ဆိုင်ထားတဲ့ ကောင်လေးတွေဆိုရင် ကိုယ့်ကောင်မလေးကို ကိုယ့်တစ်ယောက်တည်းအတွက်ပဲ မျက်စောင်းထိုးစေချင်မိတတ်ကြပါတယ်။

cookie_studio/Freepik
အမှတ်တမဲ့ အပြုအမူတွေ
ကောင်လေးတွေက ကိုယ့်ချစ်သူကို အမြဲ ကြည့်နေတတ်ပြီး ချစ်သူကောင်မလေး အမှတ်တမဲ့ လုပ်လိုက်တဲ့ အရာတွေကိုလည်း သဘောကျတတ်ကြပါတယ်။ အမှတ်တမဲ့ လှည့်ကြည့်တာမျိုး၊ မျက်နှာငယ်လေး ဖြစ်နေတာမျိုး စတဲ့ သူ့ဘာသာ တစ်ယောက်တည်း ဖြစ်နေတတ်တဲ့ အမူအရာမျိုးလေးတွေကို ကောင်လေးတွေက သဘောကျတတ်ကြပါတယ်။

Photo by Samson Katt from Pexels
ရယ်တာ
ကိုယ့်ကောင်မလေးက ရယ်နေတာကို ကောင်လေးတော်တော်များများက သဘောကျတတ်ပါတယ်။ ကိုယ့်ကောင်မလေး ပျော်နေတာကို ကြည့်ပြီး သူတို့ကလည်း ပျော်လာတတ်ကြတာပါ။ ကိုယ့်ကောင်မလေးက ရယ်နေတာမျိုးကိုလည်း အမြဲ မြင်ချင်တတ်ပြီး အမြဲ ရယ်မောနေရအောင် လုပ်ပေးချင်တာ ကောင်လေးတွေရဲ့ ဆန္ဒ ဖြစ်ပါတယ်။

Photo by Samson Katt from Pexels
ပါးကို နမ်းတာ
များသောအားဖြင့် ကောင်လေးတွေကပဲ ကောင်မလေးတွေကို အရင် စနမ်းကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်လေးတွေကလည်း ချစ်သူဆီက အနမ်းတွေကို လိုချင်တတ်ကြပါတယ်။ ကိုယ့်ကောင်မလေးက ကိုယ့်ပါးကို ရုတ်တရက် လာနမ်းတာမျိုးဆို ကောင်လေးတွေက ရင်ခုန်သွားပြီး ပိုတောင် ချစ်သွားတတ်ကြပါသေးတယ်။
Kham