အချစ်ဘာသာစကား ငါးမျိုးရှိပါတယ်။ စကားလုံးနဲ့ အချစ်ကိုခံစားခြင်း(Words of Affirmation)၊ အကူအညီပေးခြင်း (Acts of Service)၊ လက်ဆောင်ပေးခြင်း/ရယူခြင်း(Receiving Gifts)၊ အတူတူရှိပေးခြင်း (Quality Time )နှင့် ခန္ဓာကိုယ်ထိတွေ့မှု (Physical Touch)တို့ ဖြစ်ပါတယ်။ အချစ်ဘာသာစကားတစ်ခုစီက အချစ်ကို ဘယ်လိုလက်ခံဖို့ နှစ်သက်သလဲဆိုတာကို ကိုယ်စားပြုပါတယ်။
သင့်ပါတနာ (သို့) သူငယ်ချင်းရဲ့အချစ်ဘာသာစကားကို လေ့လာခြင်းက သူတို့နဲ့ သင့်ရဲ့ relationship ကို တိုးတတ်စေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သင့်ရဲ့အချစ်ဘာသာစကားကို နားလည်ခြင်းက ပိုမိုခိုင်မြဲတဲ့ နှောင်ကြိုးကို ဖန်တီးဖို့ ကူညီပါလိမ့်မယ်။
သင့်ရဲ့အချစ်ဘာသာစကားကို ဘယ်လိုရှာဖွေမလဲ?
၁။ စကားလုံးနဲ့ အချစ်ကိုခံစားခြင်း
တစ်စုံတစ်ယောက်ရဲ့ အချစ်ဘာသာစကားက စကားလုံးတွေနဲ့ အသိအမှတ်ပြုခြင်း ဖြစ်ပါက သူတို့ဟာ ချီးမွမ်းခြင်းတွေကို လက်ခံခြင်းနှင့် တန်ဖိုးထားခံရခြင်းကို နှစ်သက်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ကြိုးစားအားထုတ်မှုကို နားလည်စေချင်၊ အသိအမှတ်ပြုစေချင်ကြပါတယ်။
Do’s
ငါမင်းကိုချစ်တယ်လို့ ပြောပါ
ဘာ့ကြောင့်သူတို့ကို တန်ဖိုးထားရသလဲဆိုတာ ပြောပြပါ
သူတို့ကို စိတ်ရင်းမှန်နဲ့ဆက်ဆံပေးပြီး အံ့သြစရာ ချီးမွမ်းပေးပါ
သူတို့ကို ချစ်တဲ့ မက်ဆေ့ခ်ျလေးတွေ ပို့ပေးပါ
ကောင်းတဲ့အရာတစ်ခုခု သူတို့လုပ်တဲ့အခါ အသိအမှတ်ပြုပေးပါ
Don’ts:
ကြမ်းတမ်းတဲ့စကားလုံးတွေကို အမျက်ဒေါသနဲ့ ပြောတာ
သူတို့ ချစ်မြတ်နိုးခံရတာ၊ တန်ဖိုးထားခံရတာကို သူတို့ သိကြတယ်လို့ ယူဆတာ
မလိုအပ်တဲ့ ဝေဖန်မှု ပေးတာ
communication မရှိတာ
၂။ အကူအညီပေးခြင်း
တကယ်လို့ တစ်စုံတစ်ယောက်ရဲ့ အချစ်ဘာသာစကားက အကူအညီပေးတာ ဖြစ်ရင် သူတို့က “လုပ်ရပ်တွေမှတဆင့် သူတို့အချစ်ခံရတာ သိခြင်း”ကို နှစ်သက်ပါတယ်။ “လုပ်ရပ်တွေက စကားလုံးတွေထက် ပိုထိရောက်တယ်” ဆိုတဲ့ဆောင်ပုဒ်လို ဖြစ်နိုင်ပါတယ်။ အကူအညီပေးတာဟာ တစ်ဖက်လူရဲ့စိတ်ကိုပျော်ရွှင်စေဖို့ရာ စဉ်းစားဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် သူ့ကိုချစ်ကြောင်း ဖော်ပြရာရောက်ပါတယ်။
Do’s:
(ချက်ပြုတ်ခြင်း၊ အိမ်မှုကိစ္စလုပ်ပေးခြင်းစတဲ့) ချစ်ခြင်းမေတ္တာကို ခံစားစေရလိမ့်မယ့် နည်းလမ်းလေးတွေနဲ့ သူတို့ကို ကူညီပါ
(ပန်းလေးတွေနဲ့ စပရိုက်လုပ်တာ၊ အိမ်မှာ ညစာချက်ကျွေးတာ စသဖြင့်) အလိုအလျောက်လုပ်ပေးပါ
date nights စီစဉ်ပါ
သူတို့လုပ်နေတဲ့အရာတွေကို ကူညီပေးပါ
Don’ts
ကတိတွေ ပျက်တာ
အကူအညီတောင်းခံမှုကို လျစ်လျူရှုတာ
တာဝန်ယူမှုမရှိတာ
၃။ လက်ဆောင်ပေးခြင်း
လက်ဆောင်တွေကို သူတို့ရဲ့အချစ်ဘာသာစကားအဖြစ် လက်ခံတဲ့သူတွေအား ရုပ်ဝါဒဆန်တယ်လို့ နားလည်မှုလွဲလေ့ရှိကြသော်လည်း သူတို့အနေနဲ့ လက်ဆောင်က သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ချစ်ခြင်းမေတ္တာဖော်ပြချက်တစ်ခုအဖြစ်သာ မြင်တတ်ကြပါတယ်။
Do’s:
(သူတို့အရင်က ပြောခဲ့ဖူးတဲ့အရာတွေ စသဖြင့်) အဓိပ္ပာယ်ပြည့်ဝတဲ့ လက်ဆောင်တွေနဲ့ သူတို့ကို စပရိုက်လုပ်ပေးပါ
သူတို့ကို စာတစ်စောင်ရေးပေးပါ, ဟမ်းမိတ်ကဒ်လေးတွေ ပေးပါ
သူတို့မပါတဲ့ ခရီးသွားရတဲ့အခါ သူတို့အတွက် အမှတ်တရလက်ဆောင်လေးတွေ ယူလာပေးပါ
လက်ဆောင်ရွေးချယ်တဲ့အခါ စဉ်းစားပေးပါ
Don’ts:
ဥစ္စာပစ္စည်း ပိုင်ဆိုင်ခြင်းကို အဓိကထားတာ
(နှစ်ပတ်လည်နေ့၊ မွေးနေ့စသဖြင့်) special occasions တွေကို သတိမရတာ
မစဉ်းစားမဆင်ခြင် လက်ဆောင်တွေပေးတာ
-လက်ဆောင်ပေးခြင်းကို စိတ်မဝင်စားတာ( သို့) ငြီးငွေ့ဖွယ်ကောင်းတဲ့ အလုပ်တစ်ခုလို ပြုမှုတာ
၄။ အတူတူရှိပေးခြင်း
တစ်စုံတစ်ယောက်ရဲ့ အချစ်ဘာသာစကားက အတူတူအချိန်ဖြုန်းခြင်းဖြစ်ပါက သူတို့ကို တစိုက်မတ်မတ် အာရုံစိုက်ပေးခြင်းနှင့် ရှိနေပေးခြင်းက သူတို့ အချစ်ခံရတယ်လို့ ခံစားရစေလိမ့်မယ့် နည်းလမ်းအချို့ဖြစ်ပါတယ်။ သူတို့ဟာ ချစ်ရသူတွေနဲ့ အတူတကွ လုပ်ဆောင်ရခြင်းကို ဝမ်းမြောက်ပါတယ်။
Do’s:
အရည်အသွေးကောင်းမွန်တဲ့ စကားပြောဆိုမှုတွေမှာ ပါဝင်ပါ
(ဝါသနာတွေ၊ လှုပ်ရှားမှုတွေ၊ အိမ်မှုကိစ္စတွေ စသဖြင့်) အတူတကွ လုပ်ဆောင်ပါ
စကားပြောတဲ့အခါ တကယ်နားထောင်ပေးပါ
အနှောက်အယှက်ကင်းကင်းနဲ့ အတူတူအချိန်ဖြုန်းဖို့ ဒိတ်လုပ်ကြပါ
စကားပြောတဲ့အခါ မျက်လုံးချင်းဆုံပေးပါ
Don’ts:
အတူတူ ရှိနေချိန် (သို့) အတူတကွ လုပ်ဆောင်တဲ့အချိန်မှာ အာရုံပျံ့လွင့်နေတာ
ခိုင်လုံတဲ့ ဘာအကြောင်းပြချက်မှမရှိဘဲ ချိန်းတွေ့မှုကို ရွေ့ဆိုင်းတာ
တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးရမှာကို ရှောင်ကြဉ်တာ
၅။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု
တစ်စုံတစ်ယောက်ရဲ့ အချစ်ဘာသာစကားက အထိအတွေ့ဖြစ်ပါက ချစ်ခြင်းမေတ္တာကို နှုတ်ဖြင့်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ပြသခြင်းက သူတို့ကို ချစ်မြတ်နိုးမှု ခံစားရစေပါတယ်။ ဒါက လိင်ကိစ္စရင်းနှီးမှုနဲ့ ပတ်သတ်တာ အမြဲတမ်းမဟုတ်သော်လည်း ရိုးရှင်းသော ခန္ဓာကိုယ်အထိအတွေ့တွေက သူတို့ကို တန်ဖိုးထားပြီး အချစ်ခံရစေလိမ့်မယ့် နည်းလမ်းတွေလည်း ဖြစ်ပါတယ်။
Do’s:
ပွေ့ဖက်ပါ
နဖူးကိုအနမ်းပေးပါ
သူတို့လက်ကို ကိုင်ထားပါ
သူတို့ကို နှိပ်ပေးပါ
သူတို့နဲ့ နီးနီးကပ်ကပ်ထိုင်ပါ
Don’ts:
လူကြားထဲမှာ ချစ်ခြင်းမေတ္တာကို ပြသဖို့ အဆင်မပြေတာ
သူတို့ကို လျစ်လျူရှုထားတာ
ချစ်ခြင်းကို ငြင်းပယ်တာ
ဒီချစ်ခြင်းမေတ္တာဘာသာစကားငါးမျိုးကို သိပြီဆိုရင် သင်ချစ်ရသူတွေကို ပျော်ရွှင်စေမယ့် နည်းလမ်းတွေနဲ့ သင့်ပါတနာ၊ မိသားစုနဲ့ မိတ်ဆွေတွေကို ပြသဖို့ ကြိုးစားပါ။
Lifestyle_Myanmar
LM_Nandar
Source-girlstyle