ငယ်ရွယ်သော အမျိုးသားအများစုဟာ အသက်ကြီးသော အမျိုးသမီးတွေကို ကြိုက်နှစ်သက်လေ့ရှိကြပါတယ်။ ငယ်ရွယ်ပြီး အတွေ့အကြုံနည်းသေးတဲ့ အမျိုးသားတွေဟာ အတွေ့အကြုံများပြီး ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးအပေါ် အထင်ကြီးလေးစားတတ်တာက သဘာဝလို့ပဲ ပြောရမှာပါ။ ရင့်ကျက်မှုအတိုင်းအတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ပါစေ အမျိုးသားငယ်တွေဟာ အသက်ကြီးသော အမျိုးသမီးတွေကို သဘောကျလာကြတာက ပိုပြီးများပြားလာပါတယ်။ အကြောင်းပြချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။
၁။ ညဏ်ရည်ဉာဏ်သွေးမြင့်မားခြင်းနှင့် ဆွဲဆောင်မှု
ရင့်ကျက်သော အမျိုးသမီးတွေဟာ ဘဝအတွေ့အကြုံပိုများတာကြောင့် ငယ်ရွယ်သော အမျိုးသမီးတွေထက် ပိုပြီး ဉာဏ်ရည်မြင့်မားသော ပြောဆိုဆက်ဆံမှုတွေကို ပြုလုပ်လေ့ရှိပါတယ်။ ဒါ့အပြင် သူတို့က ကမ္ဘာဖြစ်ရပ်တွေအကြောင်း ပိုပြီးသိကြပြီး အမျိုးသားတွေကလည်း ၎င်းအကြောင်းအရာတွေကို သိချင်ကြပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေက သူတို့နဲ့ ရင်ပေါင်တန်းစကားပြောဆိုပေးမယ့် တစ်စုံတစ်ယောက်ကို လိုချင်ကြတာကြောင့် အသက်ကြီးတဲ့အမျိုးသမီးတွေကို သဘောကျကြတာဖြစ်ပါတယ်။
၂။ သူတို့ ဘာလိုချင်လဲဆိုတာကို သူတို့ကိုယ်တိုင်သိတယ်
ဘဝအတွေ့အကြုံပိုရှိသော အမျိုးသမီးတွေဟာ ငယ်ရွယ်သော အမျိုးသမီးတွေထက် ဘဝမှာ သူတို့လိုချင်တာတွေကို ပိုပြီးသိကြပါတယ်။ ဒါ့ကြောင့် ရှင်းလင်းတဲ့အာရုံစူးစိုက်မှုရှိပြီး အမျိုးသားတွေကလည်း အဓိပ္ပာယ်ပြည့်ဝသော ပြီးပြည့်စုံသောပန်းတိုင်တွေရှိသော အမျိုးသမီးတစ်ဦးကို ရှာတွေ့ဖို့လိုပါတယ်။ ဒီလိုအမျိုးသမီးတွေဟာ အမျိုးသားတစ်ယောက်ရဲ့ အချိန်ကို ဘယ်တော့မှ ဖြုန်းတီးပစ်မှာမဟုတ်ပါဘူး။ ငယ်ရွယ်တဲ့အမျိုးသမီးတွေကတော့ ကိုယ့်ကို မချစ်တော့တဲ့တစ်ယောက်ယောက်ဆီမှာ ကပ်တွယ်ပြီး အချိန်ကုန်နေတတ်တာမျိုးရှိပေမယ့် ဘဝအတွေ့အကြုံပိုများတဲ့အမျိုးသမီးတွေကတော့ အဓိပ္ပာယ်မရှိတဲ့ ဆက်ဆံရေးကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ အမျိုးသားတွေကလည်း တစ်ခြားလူတွေရဲ့ ခံစားချက်တွေကို ကောင်းကောင်းမခန့်မှန်းတတ်သူတွေပါ။
၃။ စိတ်လှုပ်ရှားမှုဆိုင်ရာ ဆက်နွယ်မှုနှင့် ဘဝအတွေ့အကြုံ
အမျိုးသားတွေဟာ အမျိုးသမီးတွေလိုမျိုး စိတ်ခံစားချက်တွေကို မကြာခဏဖော်ပြလေ့မရှိပါဘူး။ သို့ပေမယ့် သူတို့ရဲ့ ကောင်မလေးကိုတော့ ဖွင့်ဟတိုင်ပင်ချင်ကြပါတယ်။ ငယ်ရွယ်တဲ့အမျိုးသားတွေ အသက်ကြီးတဲ့အမျိုးသားတွေကို သဘောကျတယ်ဆိုတာ စိတ်ခံစားမှုဆိုင်ရာ မှီခိုအားထားချင်တာကြောင့်လည်း ပါဝင်ပါတယ်။ တစ်ဆက်တည်းမှာပဲ အမျိုးသားတွေရဲ့ ဘဝပြဿနာတွေနှင့် ပတ်သက်ပြီး တစ်ခြားရှုထောင့်တစ်ခုကို ပေးစွမ်းနိုင်တာကြောင့်ဖြစ်ပါတယ်။ သူတို့ရဲ့ အခြေအနေတွေအပေါ် လက်တွေ့ကျတဲ့ အမြင်တွေကို ပေးနိုင်တဲ့သူတစ်ဦးဦးက အမျိုးသားတွေကို ကောင်းကောင်းဆွဲဆောင်နိုင်တယ်ဆိုပါတော့။
၄။ လေးစားမှု
အမျိုးသားတစ်ဦးဟာ တစ်ခြားယောင်္ကျားလေးတွေနဲ့ နှိုင်းယှဉ်ခံရခြင်းနှင့် ကလေးတစ်ဦးလို ဆက်ဆံခံရတာမျိုးကို အမြဲတမ်းကြိုက်လေ့မရှိပါဘူး။ အသက်ကြီးသော အမျိုးသမီးတွေက သူတို့ကို လူကြီးတစ်ယောက်လို ဆက်ဆံမယ်လို့ မျှော်လင့်တာကြောင့် ကြိုက်နှစ်သက်ကြခြင်းဖြစ်ပါတယ်။
၅။ ဂုဏ်ယူခြင်း
အမျိုးသားတွေအကြောင်း သင်မသိသေးတာတစ်ချက်က အမျိုးသားတွေဟာ အရမ်းချီးမွမ်းခံချင်ကြတယ်ဆိုတာပါပဲ။ သူတို့ ဘာတွေအကောင်းဆုံးလုပ်ခဲ့တယ်၊ ဘယ်တုန်းက ဘယ်အရာတွေကို လုပ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး သင်ဘယ်လောက်တန်ဖိုးထားကြောင်း သိချင်ကြပါတယ်။ ဒါ့ကြောင့် ချီးမွမ်းတဲ့အမျိုးသမီးတွေကိုသာ သူတို့ရှာကြပါလိမ့်မယ်။
၆။ လက်ခံနိုင်မှု
အမျိုးသားတွေဟာ သူတို့ကို ပြောင်းလဲပစ်ဖို့ ကြိုးစားတဲ့အမျိုးသမီးတွေကို မလိုချင်ကြပါဘူး။ သူတို့က အားနည်းချက်တွေရှိပေမယ့် သူတို့ကို လက်ခံပြီး ချစ်မြတ်နိုးပေးမယ့် လက်တွဲဖော်ကို လိုချင်ကြပါတယ်။
၇။ လုံခြုံမှု
အမျိုးသားတွေဟာ သူတို့ရဲ့ ဆက်ဆံရေးဟာ အဆင်ပြေလုံခြုံနေကြောင်း သိချင်ကြပါတယယ်။ သူတို့ရဲ့ ချစ်သူဟာ ယုံကြည်စိတ်ချရတယ်၊ ရိုးသားတယ်ဆိုတာတွေကို သဘောကျတတ်ကြပါတယ်။
၈။ ရင့်ကျက်မှု
အမျိုးသားတွေဟာ ရင့်ကျက်သော ဆက်ဆံရေးမျိုးကို လိုချင်ကြပါတယ်။ ခြိမ်းခြောက်မှုတွေပြုလုပ်ခြင်းနှင့် ဆက်သွယ်ရေးကို ငြင်းဆန်ခြင်းက မရင့်ကျက်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။
၉။ ဟာသပြောခြင်း
စွန့်စားတတ်တဲ့အမျိုးသမီးတွေကို အမျိုသားတွေက သဘောကျတတ်ကြပါတယ်။ ဒါ့အပြင် ဟာသဉာဏ်ရှိတဲ့အမျိုးသမီးကို ပိုသဘောကျတတ်ကြပါတယ်။ အသစ်အသစ်သောအရာတွေကို ကြိုးစားလုပ်ကိုင်ခြင်းနှင့် ခွင့်ပြုပေးမယ့် တစ်စုံတစ်ဦးကိုလည်း လိုလားကြပါတယ်။
Lifestyle_Myanmar
Nyein_Thu
Ref-powerofpossivity