ပျော်ရွှင်မှုတွေအကြောင်း ပြောရပြန်ပါဦးမယ်။ လူတစ်ယောက်ဖြစ်တည်ခြင်းမှာ ပျော်ရွှင်ခြင်းဆိုတာကလည်း စိတ်ခံစားမှုဆိုင်ရာအစိတ်အပိုင်းတစ်ခုအဖြစ် နေ့စဉ်ဘဝထဲမှာ မရှိမဖြစ်အစိတ်အပိုင်းဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ စိုရိမ်းပူပန်မှုတွေပြည့်နှက်နေတဲ့ ကမ္ဘာမှာ နေထိုင်ကြသူတွေဖြစ်တာကြောင့် ပျော်ရွှင်ဖို့အတွက်ကလည်း အမှန်တကယ်အရေးကြီးပါတယ်။ လူတိုင်းကလည်း ပျော်ရွှင်ဖို့ကိုပဲ ပိုပြီးဦးတည်ကြပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာ ပျော်ရွှင်ဖို့အတွက် ရိုးရှင်းသော နည်းလမ်းတစ်ချို့ကို မျှဝေပေးချင်ပါတယ်။
၁။ ယုံကြည်မှုရှိရှိ ရှင်သန်ပါ
၎င်းက သင့်ဘဝတစ်သက်တာမှာ သင်ပျော်ရွှင်နေစဖို့ အလိုအပ်ဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။ သင့်ဘဝကိုလည်း ကောင်းမွန်စေနိုင်တဲ့ အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ သင့်ကို ယုံကြည်မှုရှိစေမယ့် နည်းလမ်းတွေကိုလည်း ကျင့်သုံးသင့်ပါတယ်။ သင့်ရဲ့ အလုပ်ကနေလည်း သင့်ကို ပိုပြီး စိတ်ကျေနပ်မှုရစေသင့်သလို ပိုပြီး ပျော်ရွှင်စေသင့်ပါတယ်။
၂။ အပြုသဘောဆောင်တဲ့ အမှတ်တရတွေကို ဖန်တီးပါ
သင့်ဘဝမှာ ဘယ်လိုပျော်ရွှင်နိုင်မလဲလို့ တွေ့တဲ့နေရာမှာ အပြုသဘောဆောင်သော အမှတ်တရတွေကို ဖန်တီးတဲ့အကျင့်တစ်ခုကို တည်ဆောက်ခြင်းကလည်း အရေးကြီးပါတယ်။ ဒါဟာ သင့်ဘဝတစ်သက်တာလုံး တစိမ့်စိမ့်နဲ့ ပျော်ရွှင်ရမယ့် နည်းလမ်းဖြစ်ပါတယ်။
၃။ ကြင်နာပါ
သင့်ပတ်ဝန်းကျင်က လူတွေကို ကြင်နာပြီး စာနာမှုပြပါ။ သင်ဟာ ယခင်ကထက် ပိုမိုပျော်ရွှင်လာပြီး သင့်ဘဝကလည်း ကောင်းကျိုးတွေနဲ့ ပြည့်နှက်လာပါလိမ့်မယ်။
၄။ တန်ဖိုးတွေဟာ အရေးကြီးပါတယ်
သင့်ကို ပျော်ရွှင်စေပြီး သင့်ပတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့ ကမ္ဘာကြီးအဖြစ် ကူညီဖန်တီးပေးတဲ့ လူတွေရဲ့ တန်ဖိုးကို နားလည်ပါ။ ဒီတန်ဖိုးတွေက မိမိကိုယ်ကိုယ်ကျေနပ်ရောင့်ရဲစေပြီး ကျွန်မတို့ရဲ့ ကမ္ဘာကြီးကို ဘယ်လိုရှုမြင်တယ်ဆိုတာကစ ပိုမိုကျယ်ပြန့်သော ထိုးထွင်းသိမြင်မှုကို ရရှိစေပါတယ်။
၅။ ပျော်ရွှင်မှုကို ရှာဖွေပါ
ဒီကနေ့အထိ ချစ်သူ/ရည်းစားဆိုတာ အလိုလိုရောက်လာတယ်လို့ ခံယူထားသူတွေနဲ့ ပျော်ရွှင်မှုဆိုတာ ရှာဖွေစရာမလိုဘူး လက်ခံထားသူတွေလည်းရှိနေပါတယ်။ လူတစ်ယောက်ဟာ ငုတ်တုတ်ထိုင်နေရင်း အလိုလိုပျော်မနေပါဘူး။ ပျော်ရွှင်မှုကို ရှာဖွေတဲ့အခါ ကိုယ့်ကို အမှန်တကယ်ပျော်စေတဲ့အရာတွေကို ပထမဆုံးသိအောင် ကြိုးစားပါ။ ပျော်ရွှင်မှုကို အရိုးရှင်းဆုံးအရာတွေနဲ့ စတင်ရှာဖွေပါ။
၆။ ဆက်သွယ်မှုတွေ တည်ဆောက်ပါ
လူသစ်တွေနဲ့ တွေ့ဆုံပါ။ သင့်ရဲ့ နှလုံးသားနဲ့အပြန်အလှန် ဆက်သွယ်ပါ။ အံ့ဩစရာကောင်းတဲ့ လူတွေနဲ့ တွေ့ပြီးနောက် သင်ရရှိလာတဲ့ စွမ်းအင်တွေကို စတင်ခံစားပါ။ လူတွေတစ်ဦးချင်းစီဆီကနေ တစ်စုံတစ်ခုကို လေ့လာသင်ယူပါ။
၇။ အသစ်အသစ်သော အရာတွေကို လေ့လာသင်ယူပါ
အခွင့်အလမ်းအသစ်တွေကို ရှာဖွေလေ့လာပြီး တတ်နိုင်သမျှ သင်ယူဖို့ ကြိုးစားပါ။ ဒီအရာက သင့်ဘဝမှာ ဘယ်လိုပျော်ရွှင်ရမယ်ဆိုတာ ကောင်းကောင်းသင်ပေးပြီး ပိုပြီးပျော်ရွှင်လာစေဖို့ အာမခံနိုင်သော နည်းလမ်းလည်းဖြစ်ပါတယ်။
၈။ သင့်ရဲ့ ကိုယ်ပိုင်နည်းလမ်းအတိုင်း ပျော်မွေ့ပါ
သင့်ရဲ့ အားနည်းချက်တွေနဲ့ အမာရွတ်တွေကို လက်ခံပြီး သင်ဟာ ဘယ်လိုလူဖြစ်တယ်ဆိုတာအစ ပွင့်လင်းမြင်သာပြီး ပျော်ရွှင်လိုက်ပါ။ ပိုပြီး ပျော်ရွှင်ဖို့၊ ကျေနပ်ရောင့်ရဲနိုင်ဖို့အတွက် သင့်ရဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ကြိုးစားကြည့်ပါ။ စာရေးသူကို ယုံလိုက်ပါ။ ဒီလိုလုပ်ခြင်းက သင့်ကို ပိုပျော်ရွှင်ပြီး သာယာဝပြောသော ဘဝကို ဦးဆောင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
၉။ ကျေးဇူးတင်ပါ
နှလုံးသားကြီးတစ်ခုလုံးနဲ့ ဆုတောင်းပါ။ သင်ကို ပေးခဲ့တဲ့ အံ့ဩစရာတွေအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။ သင့်ဘဝမှာ ကြုံတွေ့ခဲ့ရသော အလွန်ကောင်းမွန်တဲ့အချိန်တွေအတွက် ကျေးဇူးတင်ပါ။ သင့်ဘဝကို ဘယ်လိုပျော်ရွှင်အောင်နေထိုင်ရမလဲဆိုတာကိုပါ လမ်းပြပေးဖို့ ဘုရားသခင်ကို တောင်းဆိုပါ။
၁၀။ အိပ်မက်တွေနောက် လိုက်ပါ
ပန်းတိုင်တစ်ခုခုထားပါ။ ၎င်းဆီကို ဘယ်လိုသွားရမလဲဆိုတဲ့နည်းလမ်းကို စတင်လုပ်ဆောင်ပါ။ အတင်းအဖျင်းတွေကို ဘေးချထားပြီး ကိုယ့်ယုံကြည်မှုနောက်လိုက်ပါ။ သင်ပျော်ရွှင်လာရပါလိမ့်မယ်။
Lifestyle_Myanmar
Nyein_Thu