ကိုယ့်ရဲ့အိမ်ခန်းတွေကို မတူညီတဲ့အရောင်တွေသုံးပြီး ဆွဲဆောင်မှုရှိတဲ့ အခန်းလေးတွေဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို ဖတ်ကြည့်ပါအုန်း။
အရောင်များ အသုံးချနိုင်ပုံနည်းလမ်းများ
မျက်နှာကျက် မြင့်မြင့်လို့ထင်ရအောင်...
အရောင်တွေသုံးပြီး အခန်းရဲ့ အရွယ်အစားပုံစံကိုပြောင်းလဲနိုင်ပါတယ်။ အခန်းရဲ့ နိမ့်နေတဲ့မျက်နှာကျက်ကို အရောင် တစ်မျိုးတည်းရဲ့ အနုအရင့် အရောင်သုံးမျိုးကိုသုံးပြီး မြင့်တယ်လို့ထင်ရအောင် ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်နည်းကတော့ အခန်းရဲ့ကြမ်းပြင်ကို ကိုယ်ရွေးချယ်ထားတဲ့အရောင်ရဲ့ အရင့်ဆုံးကိုသုံးပြီး နံရံတွေကိုတော့ အလယ်အလတ်ရင့်တဲ့ အမျိုးအစားကို သုံးရပါမယ်။ နောက်ဆုံးအနေနဲ့ မျက်နှာကျက်ကို ရွေးချယ်ထားတဲ့အရောင်ရဲ့ အနုဆုံးအမျိုးအစားကို သုတ်လိမ်းလိုက်မယ်ဆိုရင် သင့်အခန်းရဲ့ မျက်နှာကျက်ဟာ မြင့်တယ်လို့ အခန်းထဲဝင်လာတဲ့လူတိုင်းကို ထင်စေပါလိမ့်မယ်။
အသားပေးလိုတဲ့ အခန်းရဲ့ အစိတ်အပိုင်းကို ပေါ်လွင်အောင်...
ကိုယ်အသားပေး သိစေလိုတဲ့အစိတ်အပိုင်း ဥပမာ- အလှဆင် ပြတင်းဘောင်တွေ၊ နဖူးစည်းတွေကို ချက်ချင်းသိရှိ ပေါ်လွင်နေအောင် လုပ်ချင်တယ်ဆိုရင် အဲဒီအရာဝတ္တုအစိတ်အပိုင်းတွေမှာ အခန်းနံရံရဲ့ အရောင်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အရောင်ကို သုံးလိုက်ပါ။ ဒါဆိုရင် ကိုယ်အသားပေးလိုတာကို ထင်းကနဲကွက်ကနဲ မြင်သာစေမှာပါ။
အိမ်ရဲ့ စင်္ကြန်လမ်းကို ပိုပြီးကျယ်တယ်လို့ထင်ရအောင်...
စင်္ကြန်လမ်းက ရှည်ပြီးကျဉ်းနေရင် ပိုပြီးကျယ်တယ်လို့ထင်ရအောင် စင်္ကြန်လမ်းအဆုံးဘက်က နံရံကို ရင့်ရင့် ဒါမှမဟုတ် – တောက်ပတဲ့အရောင်ကိုသုံးပြီး စင်္ကြန်လမ်း ဘေးဘက်နံရံပိုင်းကို နုတဲ့ ဒါမှမဟုတ် ဖျော့တော့တဲ့အရောင်သုံးလိုက်ပါ။
နွေးထွေးပျူငှာတဲ့ အခန်းတစ်ခုဖြစ်အောင်...
အခန်းထဲမှာ နွေးထွေးပျူငှာတဲ့ အနေအထားဝန်းကျင် ဖန်တီးထားချင်တယ်ဆိုရင် နွေးထွေးတဲ့သဘောဆောင်တဲ့ အရောင်ကို အသုံးပြုလိုက်ပါ။ ဆိုလိုတာကတော့ အပြာရောင်ထက် အနီနဲ့အဝါကဲတဲ့ အရောင်ကို သုံးတာမျိုးဖြစ်ပြီး ဒီလိုသုံးခြင်းအားဖြင့် သင့်ရဲ့ အခန်းဟာ နွေးထွေးပျူငှာလိုက်တာဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေမှာပါ။
ကိုယ့်ရဲ့အိမ်ခန်းတွေကို မတူညီတဲ့အရောင်တွေသုံးပြီး ဆွဲဆောင်မှုရှိတဲ့ အခန်းလေးတွေဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို ဖတ်ကြည့်ပါအုန်း။
အရောင်များ အသုံးချနိုင်ပုံနည်းလမ်းများ
မျက်နှာကျက် မြင့်မြင့်လို့ထင်ရအောင်...
အရောင်တွေသုံးပြီး အခန်းရဲ့ အရွယ်အစားပုံစံကိုပြောင်းလဲနိုင်ပါတယ်။ အခန်းရဲ့ နိမ့်နေတဲ့မျက်နှာကျက်ကို အရောင် တစ်မျိုးတည်းရဲ့ အနုအရင့် အရောင်သုံးမျိုးကိုသုံးပြီး မြင့်တယ်လို့ထင်ရအောင် ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်နည်းကတော့ အခန်းရဲ့ကြမ်းပြင်ကို ကိုယ်ရွေးချယ်ထားတဲ့အရောင်ရဲ့ အရင့်ဆုံးကိုသုံးပြီး နံရံတွေကိုတော့ အလယ်အလတ်ရင့်တဲ့ အမျိုးအစားကို သုံးရပါမယ်။ နောက်ဆုံးအနေနဲ့ မျက်နှာကျက်ကို ရွေးချယ်ထားတဲ့အရောင်ရဲ့ အနုဆုံးအမျိုးအစားကို သုတ်လိမ်းလိုက်မယ်ဆိုရင် သင့်အခန်းရဲ့ မျက်နှာကျက်ဟာ မြင့်တယ်လို့ အခန်းထဲဝင်လာတဲ့လူတိုင်းကို ထင်စေပါလိမ့်မယ်။
အသားပေးလိုတဲ့ အခန်းရဲ့ အစိတ်အပိုင်းကို ပေါ်လွင်အောင်...
ကိုယ်အသားပေး သိစေလိုတဲ့အစိတ်အပိုင်း ဥပမာ- အလှဆင် ပြတင်းဘောင်တွေ၊ နဖူးစည်းတွေကို ချက်ချင်းသိရှိ ပေါ်လွင်နေအောင် လုပ်ချင်တယ်ဆိုရင် အဲဒီအရာဝတ္တုအစိတ်အပိုင်းတွေမှာ အခန်းနံရံရဲ့ အရောင်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အရောင်ကို သုံးလိုက်ပါ။ ဒါဆိုရင် ကိုယ်အသားပေးလိုတာကို ထင်းကနဲကွက်ကနဲ မြင်သာစေမှာပါ။
အိမ်ရဲ့ စြင်္ကန်လမ်းကို ပိုပြီးကျယ်တယ်လို့ထင်ရအောင်...
စြင်္ကန်လမ်းက ရှည်ပြီးကျဉ်းနေရင် ပိုပြီးကျယ်တယ်လို့ထင်ရအောင် စြင်္ကန်လမ်းအဆုံးဘက်က နံရံကို ရင့်ရင့် ဒါမှမဟုတ် – တောက်ပတဲ့အရောင်ကိုသုံးပြီး စြင်္ကန်လမ်း ဘေးဘက်နံရံပိုင်းကို နုတဲ့ ဒါမှမဟုတ် ဖျော့တော့တဲ့အရောင်သုံးလိုက်ပါ။