စာနာတတ်သူတွေက အရမ်း sensitive ဖြစ်သူတွေ ဖြစ်သော်လည်း ဒီနှစ်ခုကြားမှာ ခြားနားချက်ရှိပါတယ်။ အရမ်း sensitive ဖြစ်တဲ့သူ (HSP) တွေက introverts တွေဖြစ်ပေမယ့် စာနာတတ်သူ (empaths) တွေကတော့ introverts နှင့် extroverts နှစ်ခုလုံး ဖြစ်နိုင်ကြပါတယ်။
တခြားသူတွေရဲ့နာကျင်မှုတွေကို မျှဝေတာက သူတို့ကို တခြားသူတွေထက် ပိုကောင်းတယ်လို့ ခံစားရစေနိုင်တာကြောင့် သူတစ်ပါးကို ကူညီရတာ နှစ်သက်တတ်ကြပါတယ်။ ထို့ကြောင့် စာနာတတ်သူတွေဟာ narcissists တွေလို အမှောင်စရိုက်ရှိသူတွေအတွက် ပစ်မှတ်တွေ ဖြစ်တတ်ကြပါတယ်။ Narcissists တွေဟာ စာနာတတ်သူတွေမှာရှိတဲ့ အပြုသဘောစွမ်းအင်ကို ရဖို့လွယ်တယ်လို့ ခံစားကြရပြီး သူတို့အကျိုးအတွက် အသုံးပြုတတ်ကြပါတယ်။
Narcissists နှင့် empaths တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ဆွဲဆောင်ကြပါတယ်။ ဘာလို့လဲဆိုတော့ Narcissists တွေဟာ စွမ်းအင် အရင်းအမြစ် မကုန်ခမ်းဖို့အတွက် ရှာဖွေနေကြပြီး empaths တွေက သူတို့ရှာဖွေတဲ့အရာ ဖြစ်နေလို့ပါပဲ။
စာနာတတ်သူတွေဟာ ပတ်ဝန်းကျင်ရဲ့ စွမ်းအင်အားလုံးကို စုပ်ယူနိုင်စွမ်းရှိပါတယ်။ ဒါက စာနာတတ်သူတွေအတွက် ကြောက်စရာကောင်းပေမယ့် သူတို့နားကလူတွေ အတွက်တော့ ကောင်းပါတယ်။ စာနာတတ်သူတွေဟာ သူတစ်ပါးရဲ့ စွမ်းအင်ကို နက်ရှိုင်းစွာ ခံစားတတ်ကြပါတယ်။ ၎င်းက negative ဖြစ်နေရင် သူတို့ဟာ သူတစ်ပါးကို ကူညီဖို့ အဲဒီမကောင်းတဲ့ စွမ်းအင်တွေကို မသိလိုက်ဘဲ စုပ်ယူသွားပါလိမ့်မယ်။
ဒါ့ကြောင့် စာနာစိတ်ရှိဖို့ဆိုတာ မလွယ်ပါဘူး၊ ဘာလို့လဲဆိုတော့ အချိန်အတန်ကြာပြီးနောက်မှာ သူတို့ကောက်ယူထားတဲ့ စိတ်ခံစားမှုအားလုံးက သူတို့ကို အလွန်အမင်းဝန်ပိလာစေလို့ပါပဲ။
သင်ဟာ စာနာတတ်သူ တစ်ယောက် ဖြစ်သလားဆိုတာ ဘယ်လိုသိနိုင်မလဲ?
လူတွေကို စိတ်ခံစားမှု အရမ်းထည့်ပြီး (သို့) အရမ်း sensitive ဖြစ်ပြီး စဉ်းစားပေးဘူးသလား ?
သင်နဲ့နီးစပ်သူတစ်ယောက်ယောက်က အကြောင်းရင်းတစ်ချို့ကြောင့် ဝမ်းနည်းမှုခံစားရတာ၊ အာရုံပျံ့လွင့်နေတာမျိုးဆိုရင် အဲဒါက သင့်အပေါ် သက်ရောက်နေသလား?
တစ်နေရာထဲက လူတွေအများကြီးက သင့်စွမ်းအင်တွေကို ဆုတ်ယုတ်စေသလား? သင့်စွမ်းအင်တွေ ပြန်လည်ရယူဖို့ တစ်ယောက်တည်းနေချိန် အနည်းငယ် လိုအပ်နေတတ်ပါသလား?
ဆူညံသံတွေ၊ အနံ့ဆိုးတွေနဲ့ စကားအရမ်းများလွန်းခြင်းတွေက သင့်စိတ်ကိုအနှောက်အယှက်ဖြစ်စေသလား?
ဘယ်အချိန်မဆို ကိုယ်သွားချင်တိုင်း သွားနိုင်တာကြောင့် တစ်နေရာရာကို ကိုယ့်ဘာသာ သွားရတာမျိုးကို နှစ်သက်ပါသလား?
စိတ်ဖိစီးမှုက သင့်ကို ဂိမ်းထဲကနေ မောင်းထုတ်နေသလား? တစ်ခါတရံမှာ သင်ဟာ တစ်ခုခုကို handle လုပ်နိုင်တယ်လို့ ထင်ရသလား?
ကတိကဝတ်ပြုရမှာကို သင်ကြောက်နေသလား?
ဒီမေးခွန်းတွေရဲ့ အဖြေတွေက အပြုသဘောဆောင်နေရင် သင်ဟာ စာနာမှုရှိသူတစ်ယောက်ဖြစ်ပါတယ်။ သို့သော် ပိုမိုနက်ရှိုင်းစွာ သိရှိဖို့ စာနာတတ်သူတစ်ယောက်ရဲ့ စရိုက်တွေကို အောက်မှာ စစ်ဆေးကြည့်ပါ။
၁။ စာနာစိတ်ရှိသူတွေဟာ အခြားသူတွေရဲ့စိတ်ခံစားမှုတွေမှာ လိုက်ခံစားတတ်ပါတယ်
စာနာစိတ်ရှိသူတွေဟာ အရာရာတိုင်းကို ခံစားရနိုင်ပါတဘ်။ သူတို့ဟာ အရာရာတိုင်းပေါ်မှာ လိုက်ခံစားတတ်တာကြောင့် အခြားသူတွေရဲ့ စိတ်ခံစားချက်တွေ စုပ်ယူမိခြင်းကို ခုခံတွန်းလှန်ဖို့ သူတို့အတွက် ခက်ခဲနိုင်ပါတယ်။ ဒါက anxiety ဖြစ်စေ၊ depression ဖြစ်စေ ဒါငါ့ကိစ္စမဟုတ်ဘူးဆိုပြီး ဘာသိဘာသာနေလိုက်ဖို့ သူတို့အတွက် ခက်ခဲပါတယ်။ သို့သော် အခြားတစ်ဖက်မှာတော့ အပြုသဘောဆောင်ပါတယ်။ ပျော်ရွှင်သော ခံစားချက်တွေက သူတို့ကို ရှင်သန်စေနိုင်ပါတယ်။ ကံမကောင်းတာက အပျက်သဘောဆောင်တာတွေကို မကြာခဏ ကြုံရတတ်လို့ပါပဲ။
၂။ စာနာတတ်သူတွေက သူတစ်ပါးရဲ့ခံစားချက်ကို ဖတ်တတ်ပါတယ်
စာနာတတ်သူတွေဟာ သူတစ်ပါးရဲ့ခံစားချက်ကို သိနိုင်ကြပါတယ်။ သူတို့နားမှာ ဘယ်လိုပြုမှုရမယ်ဆိုတာ သိကြပါတယ်။ တစ်စုံတစ်ယောက် နာကျင်နေတယ်ဆိုရင် သူတို့လည်း ခံစားရပြီး ဘယ်လိုချဉ်းကပ်ရမယ်၊ သူတို့ကို တတ်နိုင်သလောက် ဘယ်လို ကူညီရမလဲဆိုတာ သိကြပါလိမ့်မယ်။ ခန္ဓာကိုယ်ဘာသာစကားတွေကိုလည်း ဘယ်လိုဖတ်ရမယ်ဆိုတာ သိကြပါတယ်။ စာနာနားလည်မှုရှိမှသာ ဒီသင်္ကေတတွေကို ဖတ်ဖို့ လွယ်ကူပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့မှာ ပြီးပြည့်စုံတဲ့ communication skill ရှိလို့ပါပဲ။ ဒါက ဆဌမအာရုံနဲ့ တူပါတယ်။
၃။ စာနာတတ်သူတွေဟာ ဘယ်လိုနားထောင်ရမယ်ဆိုတာ သိကြပါတယ်
သူတို့က အကူအညီ လိုအပ်နေသူတစ်ယောက်ကို ဘယ်လိုနားထောင်ရမယ်၊ စိတ်ပိုင်းဆိုင်ရာ support ဘယ်လိုပြရမလဲဆိုတာ သိကြပါတယ်။ စိတ်ရှည်ရှည်နဲ့ထိုင်ပြီး တစ်စုံတစ်ယောက်ပြောသမျှကို နားထောင်ပေးပါလိမ့်မယ်။ တစ်စုံတစ်ယောက်က သူတို့ရဲ့အကူအညီလိုအပ်နေရင် ကိုယ့်လိုအပ်ချက်တွေကို လျစ်လျူရှုထားတတ်ကြပါတယ်။
၄။ သူတို့က များသောအားဖြင့် introverts တွေဖြစ်ကြပါတယ်
extroverts စရိုက်ရှိတဲ့ စာနာတတ်သူတွေ ရှိပေမယ့်လည်း introverts စရိုက်ရှိတဲ့သူတွေလောက် မများပါဘူး။ တစ်သီးတစ်သန့်နေတတ်တဲ့ empaths တွေဟာ တစ်ယောက်ပေါ်တစ်ယောက် ပြောဆိုဆက်ဆံမှုမျိုး ရှိလိုကြပါတယ်။ လူအုပ်ကြီးကြီးမားမားက သူတို့အတွက် အဆင်မပြေဖြစ်စေတာကြောင့် ရှောင်ကြဉ်တတ်ကြပါတယ်၊။
၅။ စာနာတတ်သူတွေဟာ စွမ်းအင် ဗန်ပိုင်းယားတွေကို ဆွဲဆောင်ပါတယ်
သူတို့ရဲ့ ထိလွယ်ရှလွယ်မှုက သူတို့ရဲ့စွမ်းအင်ကို ခြောက်ခမ်းသွားအောင် စုပ်ယူမယ့်သူတွေကို ဆွဲဆောင်ပါတယ်။ အဲဒီလူတွေကတော့ သူတို့ရဲ့ စိတ်ဝေဒနာနဲ့ narcissistic ကိုယ်ရည်ကိုယ်သွေးတွေကို ဖော်ပြနေတဲ့ အမှောင်စရိုက်ရှိသူတွေဖြစ်ပါတယ်။ ဒီဗန်ပိုင်းယားတွေဟာ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ကို ဖြုန်းတီးသွားသလို သင့်ကို စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ သူတို့ဟာ သင့်ရဲ့ self-esteem နဲ့ self-love ပျောက်ကွယ်သွားသည်နဲ့ တပြိုက်နက်တည်း သင့်အပေါ် လုံးဝထိန်းချုပ်ဖို့ လွယ်ကူသွားပါတယ်။
၆။ စာနာတတ်သူတွေဟာ ငြိမ်းချမ်းရေးတည်ဆောက်သူတွေ ဖြစ်ကြပါတယ်
စာနာတတ်သူတွေဟာ ပြည့်စုံသော ငြိမ်းချမ်းရေးတည်ဆောက်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်ရဲ့ခံစားချက်တွေကို လျစ်လျူရှုမိစေတဲ့ အပြင်ဘက်က အရာတွေကိုသာ ခံစားတဲ့ သဘောမျိုးရှိကြပါတယ်။ တကယ်လို့ သူဟာ အငြင်းပွားမှုတစ်ခုရဲ့ အလယ်မှာရှိနေတယ်ဆိုရင်၊ တစ်ခုခုက ငြိမ်းချမ်းမှုကို နှောက်ယှက်နေတယ်ဆိုရင် အော်ဟစ်တာမျိုးကို လုံးဝ မခံရပ်နိုင်တဲ့အတွက် အခြေအနေကို တည်ငြိမ်သွားအောင် သူတို့ကြိုးစားပါလိမ့်မယ်။ ငြိမ်းချမ်းမှုရဖို့ သူတို့ကြိုးစားမယ် (ဒါမှမဟုတ်) ပြဿနာကို ရှောင်ပြီး ထွက်သွားပါလိမ့်မယ်။
၇။ သူတို့မှာ တစ်ယောက်တည်းနေချိန် လိုအပ်တတ်ပါတယ်
သူတို့က အခြားသူတွေရဲ့ ခံစားချက်တွေကို စုပ်ယူလိုက်တာကြောင့် အဲ့ခံစားချက်တွေက သူတို့အပေါ် လွှမ်းမိုးလာနိုင်ပါတယ်။ စိတ်ခံစားမှုနဲ့ စိတ်ဖိစီးမှုများခြင်းက သူတို့ကို ချုံးချုံးကျသွားစေနိုင်ပါတယ်။ သူတို့ဟာ တခြားသူတွေကြောင့် ပင်ပန်းလာပါတယ်။ သူတို့အနေနဲ့ ကိုယ့်ကိုယ်ကို အာရုံစိုက်လို့ မရတော့တာ ဒါ့ကြောင့်ပါပဲ။ ဒါ့ကြောင့် စာနာတတ်သူတွေဟာ narcissistic စရိုက်ရှိသူ လူဆိုးတွေကို မကြာခဏ ဆွဲဆောင်မိကြတာ ဖြစ်ပါတယ်။
၈။ သူတို့က hypersensitive တွေဖြစ်ကြပါတယ်
စာနာတတ်သူတွေဟာ ကမ္ဘာ့အဆင့်မီ ပြုစုစောင့်ရှောက်သူတွေ ဖြစ်ကြပါတယ်၊ သူတို့ဟာ လိုအပ်တာကို ခံစားရတာကြောင့် လူတွေကို ဂရုစိုက်ကြပါတယ်။ ဒါက ကောင်းမြတ်ခြင်းနှင့် ကြင်နာခြင်းရဲ့ တစ်ကိုယ်ကောင်းမဆန်သော လုပ်ရပ်ဖြစ်ပါတယ်။ သူတို့က မပျော်တဲ့သူတွေကို မမြင်ရက်ကြပါဘူး။ သူတို့ရဲ့ ဘဝက ရှုပ်ထွေးနေရင်တောင်မှ ကိုယ့်ကိစ္စကိုယ် ခဏရပ်ထားပြီး လိုအပ်တဲ့သူကို ကယ်ဖို့ သွားပါလိမ့်မယ်။ သို့သော် တစ်ခုကတော့ သေချာပါတယ်။ စာနာတတ်သူတွေဟာ အလွယ်တကူ နာကျင်ရနိုင်ပါတယ်။ အဲလိုလူတွေနားမှာဆိုရင် အရမ်းသတိထားရပါမယ်။
၉။ သူတို့မှာ အလွန်ကောင်းတဲ့ အလိုလိုသိစိတ်ရှိကြပါတယ်
စာနာတတ်သူတွေဟာ များသောအားဖြင့် တခြားသူတွေရဲ့စိတ်ကိုသိကြတယ်၊ ဒါ့ကြောင့် သူတို့ကို ဘယ်တော့မှ လိမ်လို့မရပါဘူး။ သူတို့ဟာ သူတို့ရဲ့ပင်ကိုယ်အသိစိတ်ကနေတစ်ဆင့် သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကို မြင်နိုင်ပေမယ့် manipulators တွေနားမှာဆိုရင်တော့ သူတို့ရဲ့ပင်ကိုယ်သိစိတ်က ကျရှုံးသွားပါတယ်။ manipulator (ခြယ်လှယ်တတ်သူ) တွေဟာ သရုပ်ဆောင်တစ်ယောက်လို အမူအယာကောင်းတဲ့အတွက်ကြောင့်ပါ။
အထူးသဖြင့် သင်က စာနာတတ်သူတစ်ယောက်ဖြစ်နေရင် စာနာမှုလောကကြီးမှာ နေထိုင်ရတာက မလွယ်ပါဘူး။ တစ်ခါတစ်လေမှာ လောကကြီးကို စိတ်ကုန်သွားတာမျိုးဖြစ်ပြီး ဘယ်သူမှမနှောက်ယှက်တဲ့နေရာမျိုးမှာ တစ်ယောက်တည်းသွားနေချင်ပါလိမ့်မယ်။ သို့သော် ဒါက မလွယ်ပါဘူး။ သင်ဟာ သင်ဖြစ်နေတယ်ဆိုတာကို မမေ့နိုင်လို့ပါပဲ။ သင်ဟာ အဲဒါနှင့်အတူ ရှင်သန်ဖို့ သင်ယူရပါမယ်။
Lifestyle_Myanmar
LM_Nandar
Source-herway