
First Date မှာ တွေ့ပြီးတဲ့အချိန်မှာ တော်တောများများက အဆက်အသွယ်ဖြတ်လိုက်တာတွေ ရှိတတ်ကြပါတယ်။ First Date မှာတော့ အမှားအယွင်းမရှိအောင် ကြိုးစားရတာကြောင့် စိုးရိမ်ပူပန်နေတာကြောင့် အလွဲလွဲအမှားမှားတွေ ဖြစ်သွားရတာဖြစ်ပါတယ်။ ဒီလို အလွဲလွဲအမှားမှားလုပ်ခြင်းကြောင့် တစ်ဖက်က စိတ်ခုသွားတာမျိုး၊ အထင်လွဲသွားတာမျိုးဖြစ်ကြတာဖြစ်ပါတယ်။ ဒါကြောင့် အခုပြောပြချင်တာကတော့ First Date မှာ မေးသင့်တဲ့ မေးခွန်းတွေထဲက တချို့သော မေးခွန်းတွေကို ပြောပြလိုက်ပါတယ်နော်။
၁။ ဘယ်လိုအလုပ်မျိုးကို နှစ်သက်တာလဲ
လူတွေက နေ့စဉ်ဖြတ်သန်းရတဲ့ ဘဝမှာ ဝါသနာနဲ့ အလုပ်နဲ့ ထပ်တူကျတဲ့သူတွေ ရှိသလို ထပ်တူမကျတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါကြောင့် ဘာအလုပ်လုပ်လဲလို့ မေးတာထက် ဘယ်လိုအလုပ်မျိုးကို ဝါသနာပါတာလဲ နှစ်သက်တာလဲဆိုပြီးတော့ မေးမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ပြောဆို ဆက်ဆံရာတွင် များစွာ အထောက်အကူဖြစ်စေနိုင်ပါတယ်။
၂။ ဘယ်လို စာအုပ်မျိုးကို သဘောကျလဲ
စာအုပ်ဖတ်တာကို သဘောကျတဲ့သူရှိသလို သဘောမကျတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် ဘယ်လိုလူ ဖြစ်ပါစေ ကိုယ့်အတွက် အကျိုးရှိစေမယ့် စာအုပ်ကိုတော့ လူတိုင်းဖတ်ကြပါတယ်။ ဒါကြောင့် စာအုပ်ဖတ်ရတာကို ဝါသနာပါလား၊ ဘယ်လို စာအုပ်မျိုးကို ဖတ်ရတာ သဘောကျလဲဆိုပြီးတော့ မေးမယ်ဆိုရင် အဆင်ပြေနိုင်တဲ့ အနေအထားမှာ ရှိနိုင်ပါတယ်။
၃။ ဘယ်လို အချစ်ရေးမျိုးကို ရှာနေတာလဲ
လူတိုင်းကတော့ ပိုမိုကောင်းမွန်ပြီး နှစ်ဦးနှစ်ဘက်နားလည်ပေးနိုင်တဲ့ အချစ်ရေးမျိုးကို ရှာဖွေကြတာ ထုံးစံပါပဲ။ ဒါပေမယ့် တစ်ဖက်တည်းကပဲ တောင်းဆိုချက်တွေများနေတာကိုတော့ ဘယ်သူမှ လက်မခံနိုင်ကြပါဘူး။ ကိုယ်ကိုယ်တိုင်ကတော့ ဘယ်လိုအချစ်ရေးဖြစ်ချင်လဲ၊ ကိုယ်ဖြစ်ချင်တဲ့ အချစ်ရေးက သူနဲ့ ထပ်တူကျရဲ့လားဆိုတာ သိနိုင်အောင် မေးမြန်သင့်ပါတယ်။
၄။ မိသားစုက နွေးထွေးတဲ့မိသားစုလား
မိသားစုနဲ့ ပတ်သက်ပြီးမေးလိုက်ရင် လူတိုင်းကတော့ ငွေကြေးချမ်းသာလား၊ ဆင်းရဲတဲ့ မိသားစုလားဆိုပြီးတော့ ပဲ ထင်တတ်ကြပါတယ်။ ကိုယ်မေးချင်တဲ့ မေးခွန်းက တစ်ပါးသူနားလည်းအောင်မေးဖို့ လိုအပ်ပါတယ်နော်။ ဒါကြောင့် ကိုယ်က သူမိသားစုနဲ့ ပတ်သက်ပြီးမေးတော့မယ်ဆိုရင် ကိုယ်သဘောကျတဲ့ မိသားစုပုံစံကို အရင်ဆုံးပြောပြသင့်ပါတယ်။ ဒါမှ တစ်ဖက်သူကလည်း သူက ငွေကြေးထက် မိသားစု ဆက်ဆံရေးကို မေးတာပါလားဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။
၅။ လူနှစ်ယောက်တည်းနဲ့ ပျော်ပွဲရွှင်ပဲ ကျင်းပလို့ ရလား
ဒီမေးခွန်းကတော့ နည်းနည်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခုခု လုပ်စားတာ၊ အပျင်း ပြေအောင် တစ်ခုခု လုပ်တာ ပျော်ပွဲစားထွက်တာတွေကို အခြားသောသူငယ်ချင်းတွေနဲ့မှ လုပ်ချင်တာလား၊ သွားချင်တာလားဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။ နှစ်ယောက်တည်းနဲ့ ပျော်ရွှင်အောင်ဖန်တီးနိုင်တဲ့သူ ဟုတ်လားဆိုတာကိုလည်း သိနိုင်မှာဖြစ်ပါတယ်။
၆။ ဘယ်ကိုခရီးထွက်ရတာအကြိုက်ဆုံးလဲ
အချို့သော သူတွေက ကိုယ်သွားဖူးပေမယ့်လည်း တစ်နေရာတည်းကိုပဲ ခရီးထွက်ချင်ကြတာဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ မြို့ကိုပဲ ဘယ်လောက်သွားသွားမမုန်းဘူးဆိုတဲ့သူတွေ ရှိကြပါတယ်။ ကိုယ်က အနှံ့ ရောက်ဖူးအောင် သွားချင်ပေမယ့် သူက တစ်နေရာတည်းကိုပဲ သွားချင်တာမျိုးဆိုရင် အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ဒါကလည်းမေးသင့်တဲ့ မေးခွန်းတွေထဲမှာ ပါဝင်နေပါတယ်။