လူတစ်ယောက်ကို အဆင့်အတန်းမရှိတဲ့ ပုံစံပေါက်စေနိုင်တဲ့ အပြုအမူတွေ ….
auntymay.com
|
2021-01-27

လူတစ်ယောက် အဆင့်အတန်းရှိတယ်၊ မရှိဘူးဆိုတာကို ဘယ်အချက်တွေနဲ့ တိုင်းတာတတ်ကြလဲ။ တကယ်တော့ လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ အဲဒီလူရဲ့ အပြုအမူတွေကနေတစ်ဆင့် သိနိုင်ပါတယ်နော်။ ဒီအရာတွေက လူတစ်ယောက်ကို အဆင့်အတန်းမရှိတဲ့ပုံစံပေါက်စေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

အပြုအမူရိုင်းစိုင်းတာ

shutterstock/ESB Professional

တစ်ချို့လူတွေကို ကြည့်လိုက်ရုံနဲ့ကို ဒီလူဟာ လုံးဝအဆင့်အတန်းမရှိတဲ့သူဆိုတာကို သိနိုင်ပါတယ်။ ဥပမာ – သူ့ရဲ့အပြုအမူတွေ၊ ကိုယ့်ထက် လူကြီးတွေရှေ့မှာတောင် ခြေထောက်ကြီးချိတ်ထိုင်နေတဲ့ ပုံစံမျိုး၊ ခွင့်ပြုချက်မယူပဲ သူများပစ္စည်းတွေ လျှောက်ကိုင်တာမျိုး စသဖြင့် အပြုအမူတွေကနေတစ်ဆင့် ဒီလူရဲ့ အဆင့်အတန်းကို တွေ့နိုင်ပါတယ်။

အငြင်းသန်တာ

shutterstock/ Krakenimages.com

တစ်ချို့အရာတွေက ကိုယ်မှန်နေပေမယ့် အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး အလျော့ပေးလိုက်ရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေကတော့ ကိုယ်မှားနေရင်တောင် အနိုင်လိုချင်တဲ့စိတ်ကြောင့် အရမ်းအငြင်းသန်တတ်ကြပါတယ်။ ဒီလိုအနိုင်ရဖို့ ငြင်းဆိုနေတဲ့ပုံစံက ကြည့်ရတာ အတော်လေးဆိုးပြီး အဆင့်အတန်းမရှိတဲ့ ပုံစံပေါက်စေပါတယ်နော်။

စကားလုံးတွေ ရိုင်းစိုင်းတာ

shutterstock/ dotshocks.com

လူတစ်ယောက်ရဲ့ နှုတ်ကထွက်လာတဲ့ စကားလုံးတိုင်းက အဲဒီလူရဲ့ အဆင့်အတန်းကို သတ်မှတ်ပေးတာ ဖြစ်ပါတယ်။ တစ်ချို့ဆို လူနဲ့မလိုက်အောင်ကို စကားလုံးတွေ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတတ်ပြီး ဒါဟာ အကျင့်တစ်ခုလို စွဲကပ်နေတတ်ပါတယ်။ ဒါဟာလည်း လူတစ်ယောက်ကို အဆင့်အတန်းမရှိတဲ့ပုံ ပေါက်စေနိုင်ပါတယ်။

သူများကို အပုပ်ချတာ

shutterstock/9nong

ကိုယ်မျက်နှာသာရဖို့အတွက် သူများကို အပုပ်ချတတ်တဲ့ အကျင့်မျိုးက အတော်လေးကို အဆင့်အတန်းမရှိတဲ့ ပုံပေါက်စေတာပါပဲ။ သူများကို ချောက်တွန်းတတ်တာမျိုး၊ သူများဒုက္ခရောက်အောင်လုပ်ပြီး ကိုယ်မျက်နှာသာယူတတ်တာမျိုးတွေဟာလည်း အဆင့်အတန်းမရှိတဲ့သူတွေပဲ လုပ်လေ့ရှိတဲ့ အရာတွေပါနော်။

Khin


#အဆင့်အတန်း
#အပြုအမူ
#စကားလုံး
#ပုံစံ
#အကျင့်

Some text some message..