စိတ်ဓာတ်ကျနေပြီ (သို့) Depression ဝင်နေပြီဆိုရင်
lifestylemyanmar.com
|
2021-02-03



ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ဓာတ်ကျတယ်ဆိုပြီး ညည်းညူနေကြတဲ့သူတွေအများကြီးရှိပါတယ်။ အဲ့လိုစိတ်ဓာတ်ကျလာပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအများကြီးဖြစ်လာနိုင်ပါတယ်။




အိပ်ရေးတွေပျက်ခြင်း၊ အစားစားချင်စိတ်တွေပြောင်းလဲလာခြင်း၊ အာရုံစူးစိုက်မှုတွေလျော့နည်းလာခြင်းတွေက ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကတော့ ကိုယ့်လုပ်နိုင်စွမ်းအားတွေ လျော့ကျလာမယ်၊ လက်ရှိလုပ်နေတဲ့ အရာတွေကို စိတ်မဝင်စားဘဲဖြစ်နေမယ်၊ မိသားစုဝင်တွေ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ ဆက်ဆံရေးအဆင်မပြေမှုတွေထိဖြစ်လာနိုင်ပါတယ်။




ဒီလိုအခြေအနေမျိုးကို ဘယ်လိုဖြတ်ကျော်ရမလဲဆိုရင်တော့ ကိုယ်အကောင်းဆုံးလုပ်ဆောင်ခဲ့တဲ့အရာမျိုး ဒါမှမဟုတ် ကိုယ်ကြိုးစားလုပ်ဆောင်ခဲ့လို့ အောင်မြင်မှုရခဲ့တာမျိုးကိုပြန်တွေးပြီးတော့ ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကိုလည်း အတက်နိုင်ဆုံးကြိုးစားပြီး ပြင်ရပါမယ်။ အားနည်းချက်တွေမပြင်သရွေ့တော့ အကြောင်းတွေတိုက်ဆိုင်လာတိုင်း စိတ်ဓာတ်ကပြန်ကျနေဦးမှာပါ။

ဘဝဆိုတာအမြဲ အကောင်းနဲ့အဆိုးအမြဲဒွန်တွဲနေတဲ့အတွက် အကောင်းတွေနဲ့ကြုံလာတဲ့အခါ အပြုံးမပျက် ရင်ဆိုင်တတ်ကျပေမယ့် အဆိုးနဲ့ကြုံတွေ့တဲ့အခါတိုင်းမှာလည်း စိတ်ဓာတ်မကျဘဲ “ငါလုပ်နိုင်တယ် ငါကျော်ဖြတ်နိုင်တယ်”ဆိုပြီးအားပေးပါ ကိုယ့်ကိုကိုယ်ယုံကြည်ပေးပါလို့ပြောချင်ပါတယ်။

Lifestyle_Myanmar
Nway


Souce-betterhelp


#ရုပ်ပိုင်းဆိုင်ရာ
#စိတ်ပိုင်းဆိုင်ရာ
#စိတ်ဓာတ်
#Lifestyle
#လုပ်ဖော်ကိုင်ဖက်

Some text some message..