‘အချိန်ရှိခိုက် လုံ့လစိုက်၊ မိုးရွာတုန်း ရေခံ’ဆိုတဲ့ စကားပုံတွေအတိုင်း ကိုယ့်အသက်ငယ်ရွယ်တုန်း၊ အချိန်တွေရှိတုန်းမှာ ဘဝအတွက် မဖြစ်မနေလုပ်ဆောင်သင့်တဲ့ လိုအပ်တဲ့အရာလေးတွေတစ်ချို့က
၁.အချိန်ဆွဲခြင်း
လူတော်တော်များများရဲ့ မကောင်းတဲ့အကျင့်တစ်ခုက အချိန်ဆွဲတာပါ။ လုပ်စရာရှိတဲ့ အလုပ်ကို အချိန်ဆွဲမနေဘဲ မြန်မြန်ဆန်ဆန်လုပ်လိုက်ရင် ကိုယ့်ရဲ့အချိန်တွေက အလကားမဖြစ်ရတော့ဘူးပေါ့။ အချိန်ဆွဲလွန်းတာကြောင့် အလုပ်ကို ပြီးသင့်တဲ့အချိန်မှာမပြီးဘဲ အလုပ်အကြွေးတွေတင်နေတက်တာကြောင့် အချိန်ဆွဲတဲ့အကျင့်ကို ကြိုးစားပြီးဖျောက်သင့်ပါတယ်။
၂.မကောင်းတဲ့ Relationship ကနေရုန်းမထွက်ခြင်း
ဒီလူက ကိုယ့်ဘဝအတွက်အလားအလာမကောင်းဘူး၊ ပျော်ရွှင်မှုတွေမပေးနိုင်ဘူး၊ စိတ်ချမ်းသာမှုတွေ မပေးနိုင်ဘူး၊ သူ့ကြောင့်ပဲ စိတ်ဆင်းရဲနေရတယ် အဲ့လိုမျိုးတွေနဲ့ပဲ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ဘဝလေးကို ဖြတ်သန်းနေရမယ်ဆိုရင်တော့ စိတ်ညစ်စရာကောင်းတဲ့ Relationship ကနေရုန်းထွက်သင့်ပါပြီ။
၃.ထွက်သင့်တဲ့အလုပ်ကမထွက်ခြင်း
ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်အတွက် တိုးတက်မှုမရှိဘူး၊ ဘဝအတွက်တက်လမ်းမရှိဘူး၊ ကိုယ့်ကိုယ် နေရာမပေးဘူး၊ လစာအနေနဲ့လည်း သင့်တော်တဲ့အနေအထားမဟုတ်ရင် ဒီအလုပ်ကို ဆက်လုပ်မနေဘဲ ထွက်လိုက်တာ အကောင်းဆုံးပါ။ ကိုယ့်အတွက် နေရာမှန်မဟုတ်တဲ့နေရာမှာ ကိုယ့်အချိန်တွေကို သက်သက်မဖြုန်းပစ်ပါနဲ့။ ကိုယ့်အတွက် အဆင်ပြေမဲ့အလုပ်တစ်ခုထပ်ရှာပါ။
၄.မိသားစု သူငယ်ချင်းကိုအချိန်မပေးခြင်း
တစ်ခါတစ်လေမှာ အလုပ်တွေလုပ်ရင်းနဲ့ပဲ ကိုယ်ချစ်တဲ့သူတွေကို အချိန်ပေးဖို့မေ့လျော့နေတက်ပါတယ်။ ဒါက အသက်ငယ်တုန်းမှာ မသိသာပေမယ့် အသက်ကြီးလာတဲ့အခါ ကိုယ့်ကိုအရမ်းအထီးကျန်စေပါတယ်။ ကိုယ့်ဘဝအတွက် ကြိုးစားစရာရှိတာ ကြိုးစားရင်း တစ်ဖက်ကလည်း ကိုယ်အားတဲ့အခါ ကိုယ်ချစ်တဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို အချိန်ပေးပါ။
၅.ချစ်လျက်နဲ့ဖွင့်မပြောခြင်း
တစ်စုံတစ်ယောက်ကို ‘ချစ်တယ်’လိုပြောခဲ့ဘူးလား? ကိုယ်ချစ်တဲ့သူတစ်ယောက်ကိုချစ်လျက်နဲ့ ကိုယ့်ဘက်ကဖွင့်မပြောရသေးရင် (သူများနောက်မပါသေးခင် အချိန်မှီတုန်းလေး) အခွင့်အရေးရှိမယ်ဆိုရင် သူသိအောင်သွားပြောလိုက်ပါတော့နော်။
၆.ကိုယ်ကာယလေ့ကျင့်ခန်းမလုပ်ခြင်း
ဒီနေ့ခေတ်လူငယ်တွေကြားမှာ Gym ဆော့တာတွေက တော်တော်လေးခေတ်စားလာပါတယ်။ ကိုယ်က Gymကိုအချိန်ပေးပြီး မဆော့နိုင်ဘူးဆိုရင်တောင် သင့်တော်တဲ့လေ့ကျင့်ခန်းတွေလုပ်ပြီး ကျန်းမာရေးလိုက်စားသင့်ပါတယ်။
၇. ခရီးသွားခြင်း
ကိုယ့်ဘဝရဲ့ လှုပ်လှုပ်ရှားရှားသွားလာနိုင်တဲ့ အပင်ပန်းခံနိုင်တဲ့ ငယ်ရွယ်ချိန်တွေမှာ ခရီးတွေအများကြီးသွားပါ၊ ဓာတ်ပုံလှလှလေးတွေတွေရိုက်ပါ။ သွားစရာရှိတာသွားပြီး ပျော်စရာရှိတာပျော်လိုက်ပါ။ ဒါတွေက ကိုယ်အသက်ကြီးလာတဲ့အခါမှာ ကိုယ့်ဘဝရဲ့ လှပတဲ့အမှတ်တရလေးတွေအဖြစ်ကျန်ရှိနေမှာပါ။
Lifestyle_Myanmar
Nway
Source – dailytenminutes