Toxic Peopleဆိုတာ ဘယ်လိုလူမျိုးတွေလဲ? ကိုယ့်အနားမှာToxic Peopleတွေရှိလာတဲ့အခါ ကိုယ်ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ?
lifestylemyanmar.com
|
2021-02-05



Toxic People ဆိုတာ ကိုယ့်စိတ်ကို အနှောက်အယှက်ဖြစ်စေတဲ့သူ၊ ကိုယ်က အေးအေးဆေးဆေးနေရင်တောင် ကိုယ့်ဆီ ထိပ်တိုက်အပူတွေယူလာပေးသူ၊ တခြားမလိုအပ်တဲ့ စိတ်ညစ်စရာတွေ စိတ်ဆင်းရဲစရာတွေလာပေးနေတဲ့သူမျိုးတွေပဲဖြစ်ပါတယ်။

ချစ်ခင်လို့အမှန်တကယ်မိတ်ဆွေဖြစ်ချင်လို့မဟုတ်ဘဲ ကိုယ့်အကြောင်းတွေ အားနည်းချက်တွေသိချင်တယ်၊ ပြီးရင် တစ်ဖက်မှာပြန်ပြောမယ် လှောင်ရယ်မယ်၊ ကိုယ်အကူအညီလိုတဲ့အချိန်မှာ ရှောင်ထွက်မယ် ချောက်တွန်းမယ်၊ ကိုယ်ဒုက္ခရောက်တဲ့အချိန်မှာ ထိုးချမယ်၊ ကိုယ့်အရှေ့ကျတော့တစ်မျိုး နောက်ကွယ်ကျတော့တစ်မျိုး အဲ့လိုမျက်နှာနှစ်ဖက်နဲ့သူတွေက ကိုယ်တို့ပတ်ဝန်းကျင်မှာရှိနေတတ်ပါတယ်။

အဲ့လိုမျက်နှာနှစ်ဖက်နဲ့သူတွေကို ကိုယ်တိုင်လည်းသိပ်ကြောက်တယ်၊ လုံးဝမပေါင်းသင်းချင်ဘူး၊ တော်တော်လေးလည်းစိတ်ပျက်တယ်။ လောကမှာ အခြားအရာတွေအများကြီးကို မရှောင်နိုင်ရင်တောင်မှ ဒီလို Toxic Person တွေကို တတ်နိုင်သမျှ ရှောင်နိုင်သမျှရှောင်ပါ။ ကိုယ့်အနားမှာအဲ့လိုလူမျိုးတွေရှိနေရင် အထူးတလည် စိတ်ထဲထည့်မထားမနေဘဲ Neglect လုပ်လိုက်တာ ကိုယ့်အတွက်အကောင်းဆုံးပါ။




Toxic People တွေမှာရှိတတ်တဲ့အကျင့်စရိုက်တွေကတော့

၁.အရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးလုပ်တတ်တယ်။

၂.ကိုယ့်ရဲ့ Attention ကိုလည်း အမြဲလိုချင်တယ်။

၃.ကိုယ့်အပေါ်တကယ်ခင်မင်တာလည်းမဟုတ်ဘဲ အရမ်း Over ကြီးချစ်ခင်ပြတယ်။

၄.ကိုယ်အကူအညီလိုအပ်တဲ့အချိန်မှာ မကူညီဘဲရှောင်ထွက်တယ်။

၅.ကိုယ့်အပေါ်အကောင်းမမြင်ဘူး ကိုယ့်ကိုဆိုမကောင်းတဲ့ဘက်ကိုဘဲ အမြဲဆွဲပြောတယ်။

၆.ကိုယ့်အနားမှာ Toxic People တွေရှိနေရင်လည်း ကိုယ့်စိတ်ထဲမှာနေရတာ သက်တောင့်သက်သာ ဖြစ်မနေဘူး။

ကိုယ်ဆိုရင် သူငယ်ချင်းနည်းပါတယ်… ဒါပေမယ့်ကိုယ့်ဘေးကလူတွေအတွက် Toxic မဖြစ်ဘူး၊ မကောင်းမကြံဘူး၊ စိတ်ကောင်းကောင်းပဲထားတယ်၊ ကိုယ့်ဘဝကို ဖြောင့်ဖြောင့်ပဲသွားတယ်၊ ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်စိတ်ထဲရှိတာ မခြွင်းမချန်ပြောတယ်၊ ကိုယ်တကယ် ခင်မင်မှလဲ မိတ်ဆွေအဖြစ် သူငယ်ချင်းအဖြစ် ခင်ခင်မင်မင်ပေါင်းသင်းတယ်။ ဒါပေမယ့်အပေါ်မှာပြောထားသလိုပဲ ကိုယ့်အရှေ့ကျတော့တစ်မျိုး နောက်ကွယ်ကျတော့တစ်မျိုး အဲ့လိုမျက်နှာနှစ်ဖက်နဲ့ Toxic Peopleတွေနဲ့တွေ့လာရင်တော့ သူငယ်ချင်း၊မိတ်ဆွေစာရင်းထဲက ပယ်ဖျက်လိုက်တာပါပဲ။

Lifestyle_Myanmar
Nway


Source – webmd, psychologytoday


#အရှေ့
#မျက်နှာ
#သူငယ်ချင်း
#Lifestyle
#အနား

Some text some message..