ရှက်တတ်သော လူတွေရဲ့ အရှက်ကွဲရခြင်းအကြောင်းရင်း (၄) မျိုး
lifestylemyanmar.com
|
2021-02-09



အရှက်ခွဲခံရခြင်း၊ အရှက်ကွဲခြင်းလောက် ပိုပြီးခက်ခဲနာကျင်သော စိတ်လှုပ်ရှားမှုဆိုတာ မရှိနိုင်တော့ပါဘူး။ အရှက်ကွဲခြင်းဆိုတာ မိမိကိုယ်ကိုယ်လုံးဝပြစ်တင် ရှုတ်ချခြင်းဖြစ်ပါတယ်။ လူတစ်ဦးအနေနဲ့ လူ့ဘောင်အဖွဲ့အစည်းမှ လက်မခံနိုင်စရာကိစ္စတွေကို လုပ်ဆောင်လာသောအခါ လူ့အဖွဲ့အစည်းကနေ လုံးဝထုတ်ဖယ်ခံလိုက်ရခြင်းအတွက် မိမိကိုယ်ကိုယ်နောင်တရခြင်းကို အရှက်ကွဲခြင်းလို့ ဆိုလိုပါတယ်။ အရှက်တကွဲအကျိုးနည်းခံစားနေရသူတွေဟာ လူတိုင်းနဲ့ မတွေ့လိုတော့ဘဲ တစ်ယောက်တည်းပုန်းအောင်းနေတာမျိုးတွေ လုပ်တတ်ပါတယ်။




အပြစ်လုပ်ခြင်းနှင့် အရှက်ခွဲခံရခြင်းမှာ အရှက်ခွဲခံရသူတွေက ပိုပြီး လူသိများပါတယ်။ အပြစ်ရှိသူတစ်ဦးဟာ မိမိကိုယ်ကိုယ် အပြစ်ရှိသူတစ်ဦးအဖြစ်ခံစားရနိုင်ပြီး အမှားကျူးလွန်မိကြောင်း သတိပြုမိသူဖြစ်ပါတယ်။ အပြစ်ရှိသူဟာ မိမိကိုယ်ကိုယ်လေးစားမှု/ တန်ဖိုးထားမှုတွေကို ခံစားရနိုင်ပါတယ်။ အရှက်ခွဲခံရခြင်း/ အရှက်ကွဲခြင်းကတော့ အပြစ်ရှိခြင်းဆိုတဲ့ အခြေအနေနဲ့ မတူပါဘူး။ ဒီကနေ့မှာ အရှက်တကွဲအကျိုးနည်းဖြစ်ရခြင်းရဲ့ အကြောင်းရင်းတစ်ချို့ကို မျှဝေချင်ပါတယ်။

၁။ အချစ်မခံရခြင်း




အရှက်ကွဲရခြင်းရဲ့ ပထမဆုံးအကြောင်းအရင်းတစ်ခုက အချစ်မခံရခြင်းဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကို အချိန်တော်တော်ကြာသည်အထိ ချစ်မြတ်နိုးမိပြီးနောက်ပိုင်းမှာ အသည်းကွဲခြင်း၊ ငြင်းပယ်ခံရခြင်းနှင့် ချစ်ခြင်းမေတ္တာဟာ အပြန်အလှန်အကျိုးသက်ရောက်မှုမရှိခြင်းတို့ကြောင့် အရှက်ရခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေ ကြုံဖူးသူကိုယ်တိုင်က ဒီကိစ္စဟာ ဘယ်လောက်ရှက်စရာကောင်းကြောင်း ပိုပြီးနားလည်ပါလိမ့်မယ်။ တစ်ချို့လူတွေကလည်း ကိုယ့်အပေါ်မချစ်သူတွေအပေါ်မှာ အရှက်မရှိ မျက်နှာပြောင်တိုက်ရင်း တွယ်ကပ်နေသူတွေလည်းရှိကြပါတယ်။

အရှက်ကွဲခြင်းရဲ့ နောက်ထပ်အကျိုးတစ်ခုက မြန်မြန်အရွယ်ရောက်လာခြင်းဖြစ်ပါတယ်။ ဘဝမှာ စောစောစီးစီးဖွံ့ဖြိုးတိုးတက်နိုင်ပါတယ်။

၂။ မလိုလားအပ်သော ထိတွေ့မှုများ




ဥပမာ ကိုယ်ပြုခဲ့မိတဲ့အမှားတစ်ခုအတွက် လူသိရှင်ကြားခေါ်ကြားခံရခြင်းအတွက် အရှက်ရခြင်းဖြစ်ပါတယ်။ ကိုယ်လုံးတီးဖြင့် လူကြားထဲ ထွက်ရပြီး အရှက်ရခြင်းတို့လိုမျိုးပေါ့။ အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားခံရခြင်းတို့တွေမှာလည်း ပြဿနာတွေရှိပါတယ်။ ဒီလိုနည်းလမ်းတွေက တစ်စုံတစ်ယောက်ကြိုတင်ကြံစည်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

၃။ ကြိုတင်ကြံစည်ထားသည့်အရာများ ပျက်ကွက်ခြင်း




တတိယအချက်အနေနဲ့ သင်တစ်ခုခုလုပ်ဖို့ ကြံစည်ပြီး ပျက်ကွက်သောအခါမှာဖြစ်ပါတယ်၊ သင်လုပ်နေတာတွေနဲ့ပတ်သက်ပြီး တိုးတက်ပြောင်းလဲခြင်းမရှိခြင်း (သို့) ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာဆက်ဆံရေးဟာ ကိုယ်မျှော်လင့်ထားတဲ့လမ်းကြောင်းအတိုင်း မဖြစ်ခြင်း၊ ခင်မင်ရင်းနှီးမှုတွေဟာ အချည်းနှီးဖြစ်သွားခြင်း စတဲ့ကိစ္စတွေမှာ အရှက်ရခြင်းတွေ ပိုဖြစ်ပွားနိုင်ပါတယ်။

၄။ လျစ်လျူရှုခံရခြင်း




အရှက်ရခြင်းရဲ့ နောက်ဆုံးအမျိုးအစားတစ်ခုက လျစ်လျူရှုခံရခြင်းဖြစ်ပါတယ်။ လူတွေက လူအသိုင်းအဝိုင်းကြားမှာ ဝင်ဆံ့ချင်ကြပါတယ်။ တစ်ခြားလူတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ အချစ်ခံလိုကြပါတယ်။ ၎င်းက ဘဝတစ်လျှောက်လုံးအလုပ်ခွင်၊ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းနှင့် အချစ်ဇာတ်လမ်းတွေမှာ အများဆုံးဖြစ်လေ့ရှိကြပါတယ်။ တန်ဖိုးထားခံချင်ကြပြီး နေရာရလိုကြသူတွေဟာ တစ်ခြားလူတွေရဲ့ အမေ့ခံဖြစ်ကြရတဲ့အခါ အရှက်ရခြင်းတွေဖြစ်လာကြပါတယ်။ ၒ

Lifestyle_Myanmar
Nyein_Thu


ref-theindenpendence


#တစ်ခြားလူ
#အချစ်
#Lifestyle
#အမှား
#ကိုယ်လုံးတီး

Some text some message..