AQ ဆိုသည်မှာ
sayar.com.mm
|
2021-02-16

AQ ဆိုသည်မှာ

ယေဘူယျအားဖြင့် ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်သူတွေကို IQ (Intellective Quotient) ကောင်းတဲ့သူများလို့ သတ်မှတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူများကိုတော့ EQ (Emotional Quotient) ကောင်းမွန်သူများလို့ သတ်မှတ်လေ့ရှိကြပါတယ်။

ဒီ IQ, EQ တွေနည်းတူ နောက်ထပ် မသိမဖြစ် သိရမယ့် "Q" တစ်လုံး ထပ်ရှိပါသေးတယ်။ အဲ့ဒါကတော့ အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်တဲ့ အရည်အသွေး လို့ခေါ်တဲ့ Adversity Quotient ( AQ ) ဖြစ်ပါတယ်။

AQ အကြောင်းမရှင်းခင်မှာ ဉာဏ်ရည်ဉာဏ်သွေး IQ ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အရင် လေ့လာကြည့်ရအောင်..

IQ (Intellective Quotient) ဆိုတာကတော့ လူတစ်ဦးချင်း တစ်ယောက်ချင်းဆီရဲ့ ဉာဏ်ရည်ဉာဏ်သွေး အဆင့်ကို တိုင်းတာတာဖြစ်ပြီး သက်တူ၊ ရွယ်တူများရဲ့ ဉာဏ်ရည်ဉာဏ်သွေးများနဲ့ နှိုင်းယှဉ်ရရှိတဲ့ အတိုင်းအတာတစ်ခုလည်းဖြစ်ပါတယ်။ IQ ဆိုတာ မျိုးရိုး၊ မွေးရာပါအရည်အချင်းများနဲ့ အများကြီး သက်ဆိုင်ပါတယ်။ IQ ဆိုတာ ပင်ကိုယ်အရည်အသွေးဖြစ်လို့ လိုက်လံတုပဖို့ခက်ခဲပါတယ်။ ဉာဏ်မကောင်းတဲ့သူတွေအဖို့ ကံနဲ့ ဝိရိယကို ပိုမိုအားစိုက်ရလေ့ရှိပါတယ်။

ဒါကြောင့်မို့လို့ နောက်ပိုင်းမှာ လူတွေဟာ ကိုယ့်ကိုယ်ကို နိုင်နင်းမှု၊ စိတ်စွမ်းရည်ပြည့်ဝမှုနဲ့သက်ဆိုင်တဲ့ EQ (Emotional Quotient) ကို ပိုမို အလေးအထားလာကြပါတယ်။ အလျင်အမြန် တိုးတက်နေတဲ့ခေတ်ကြီးမှာ သုတေသနပြုလုပ်ထားတဲ့ စစ်တမ်းများအရ IQ နဲ့ EQ မြင့်မားခြင်းဟာ လူဘဝတိုးတက်ဖို့အတွက် အလွန်အရေးပါတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။

ဒါပေမယ့် အောင်မြင်တဲ့သူတော်တော်များများကို လေ့လာကြည့်တဲ့အခါမှာတော့ ဒီ IQ, EQ တွေထက် အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်တဲ့စိတ်စွမ်းရည် AQ (Adversity Quotient) က ပိုမိုအရေးပါနေကြောင်း တွေ့ရှိရပါတယ်။ AQ ကို စတင်ဖေါ်ထုတ်သူ အမေရိကန်ပညာရှင် Paul Si Tuoci ရဲ့ အဆိုအရ AQ ကောင်းမွန်သူများဟာ အောက်ပါ အချက် ( ၄ )ချက်နဲ့ ကိုက်ညီမှုရှိတယ်လို့ ဆိုပါတယ်။

၁။ AQ မြင့်မားသူများဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မြင့်မားကြတယ်။
အခြေအနေ ဘယ်လောက်ပဲ ဆိုးဝါးဆိုးဝါး၊ AQ မြင့်မားသူများဟာ အဆိုးထဲကနေ ကောင်းတဲ့အကွက်ကို အမြဲ ရှာဖွေတွေ့ရှိတတ်ပါတယ်။ သူတို့ဟာ ကိုယ့်စိတ်ကို နိုင်နင်းကြပြီး အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိသူများ ဖြစ်ကြတယ်။

၂။ AQ မြင့်မားသူများဟာ ပြသနာရဲ့ အကြောင်းရင်းကို မိမိထံမှ အရင်စရှာဖွေတတ်ပါတယ်။
လူတော်တော်များများဟာ အဆင်ပြေအောင်မြင်နေတဲ့အချိန်မှာ မိမိအရည်အချင်းမြင့်မားတယ်ဟု ယူဆကြပြီး တစ်ခုခု ဆုံးရှုံးသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပြသနာအခက်အခဲတွေ့ရှိတဲ့အခါမှာပဲ ဖြစ်ဖြစ် ဟိုသူ့ကြောင့်၊ ဒီသူ့ကြောင့် စသည်ဖြင့် ပြင်ပကနေ အကြောင်းအရင်းအမျိုးမျိုး ရှာဖွေတတ်ကြပါတယ်။ AQ မြင့်မားသူများကတော့ ပြင်ပမှာ အကြောင်းရင်းရှာဖွေခြင်းထက် မိမိကိုယ်တွင်းကနေ အကြောင်းရင်းနဲ့ ဖြေရှင်းနိုင်တဲ့နည်းလမ်းကို စတင်ရှာဖွေတတ်ကြပါတယ်။

၃။ AQ မြင့်မားသူများဟာ အခက်အခဲနဲ့ ပြသနာကို ပုံကြီးမချဲ့တတ်ပါဘူး။
လူဆိုတာ အသက်တစ်ရာမနေရပေမဲ့ အမှုတစ်ရာ တွေ့ရတတ်ပါတယ်။ အခက်အခဲကို ပုံကြီးချဲ့ တတ်သူများဟာ နည်းနည်းကြီးတဲ့ အခက်အခဲ ကြုံတွေ့ရုံနဲ့ နလန်မထူနိုင်တော့ပါ။ AQ မြင့်မားသူများကတော့ အခက်အခဲကို အကျိုးသင့် အကြောင်းသင့် စဉ်းစားဆင်ခြင်တတ်ပြီး ပြသနာကို ဘယ်တော့အခါမှ ပုံကြီးမချဲ့တတ်ပါဘူး။

၄။ AQ မြင့်သူများဟာ သည်းခံနိုင်စွမ်း မြင့်မားသူများ ဖြစ်ကြပါတယ်။
သမိုင်းတွေမှာ လေ့လာကြည့်ရင် အောင်မြင်တဲ့ သူများအားလုံးလိုလို အကြီးအကျယ်ဆုံးရှုံမှုများကို ကြုံတွေ့ခဲ့ရသူများချည်း ဖြစ်ပါတယ်။ သူတို့ဟာ ဆုံးရှုံးမှုရဲ့ဒဏ်ကို၊ ကျရောက်လာတဲ့ ဖိစီးမူပေါင်းစုံတွေကို အထူးသည်းခံ နိုင်စွမ်းရှိသူများ ဖြစ်ကြပါတယ်။ သည်းခံနိုင်စွမ်းရှိတဲ့သူများဟာ သာမာန်သူများထက် ပိုမိုငြိမ်သက်ကြပါတယ်။ ပြသနာတစ်ခု ဘယ်လောက်ပဲကြီးကြီး သူတို့ရှေ့ ရောက်လာပြီဆိုရင် သူတို့ဟာ စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်စွမ်းရှိကြပါတယ်။

AQ မြင့်မားအောင် ဘယ်လိုလေ့ကျင့်ကြမလဲ
-----------------------------------------
အိုင်တီခေတ်နောက်ပိုင်းမှာ ခေတ်က အလျင်အမြန်တိုးတက်လာတဲ့အချိန်မှာ လူတွေဟာ AQ ရဲ့ တန်ဖိုးကို ပိုမိုသိမြင်လာကြပါတယ်။ အရေးကြီးလှတဲ့ AQ မြင့်မားလာအောင် ဘယ်လိုလေ့ကျင့်သင့်ပါသလဲဆိုတာကို လေ့လာကြရအောင်။

၁။ ဆုံးရှုံးမူကို သတ္တိရှိရှိ ရင်ဆိုင်မယ်။
ဆုံးရှုံးမူကို ရှောင်ရှားခြင်းထက် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရပါမယ်။ ဆုံးရှုံးမူဒဏ် ရင်ထဲမှာ လွှမ်းမိုးလာပြီဆိုရင် ရင်တွင်းမှာ ခဏသိမ်းဆည်းထားလိုက်ပါ။ ပြီးရင် ရင်ထဲက ပြန်လည် ထွက်ပေါ်လာတဲ့ မကျေမနပ်သံများကို သေသေချာချာ နားထောင်ပေးပါ။ ရင်ထဲက မကျေနပ်ချက်များ အားလုံး အန်ထွက်ပြီးဆုံးသွားရင် စိတ်လက်ပေါ့ပါးစပြုလာပါမယ် ။ ဆုံးရှုံးမှုဒဏ် လွှမ်းမိုးခြင်းဟာ ရေလွှမ်းခြင်းနဲ့တူတတ်ပါတယ်။ တားဆီးပိတ်ပင်လို့ မလွယ်ကူပါ။ ရေများကို လမ်းလွှဲရှာပေးရပါမယ်။

၂။ စိတ်ဒုက္ခများကို ချက်ချင်းရေးချလိုက်ပါ။
လူတော်တော်များများက စိတ်ဒုက္ခများ၊ စိတ်သောကများကို မှတ်တမ်းတင်ဖို့ အားမပေးကြပါ။ ဒါပေမဲ့ တကယ်စိတ်ဒုက္ခခံစားရပြီဆိုရင် ရေးချလိုက်ပါက စိတ်သက်သာရာ ရသွားနိုင်ပါတယ်။ ရေးရင်းရေးရင်းနဲ့ ဖြေရှင်းတဲ့ နည်းလမ်းကိုပါ တစ်ပါတည်း တွေ့ရှိသွားနိုင်ပါတယ်။
စိတ်လှုပ်ရှားတယ်၊ ဒေါသထွက်တယ်၊ သောကခံစားနေရတယ်၊ စိတ်ညစ်တယ် စသည်တို့ဟာ ယာယီခံစားမူများဖြစ်နေတတ်ပြီး ရေးချထားလိုက်ပါ။ နောက်တစ်နေ့ ပြန်ဖတ်ကြည့်ပါ။ အသေးအဖွဲ ဖြစ်သွားပါလိမ့်မယ်။

၃။ အခက်အခဲပြသနာကို ဘောင်ခတ်ပါ။
အလုပ်လုပ်တဲ့ လူတိုင်းနီးပါး မတူတဲ့နေရာမှာ မတူညီတဲ့ ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေရပါတယ်။ ဆိုပါစို့၊ အလုပ်ခွင်မှာ ဒေါသထွက်စေလောက်တဲ့ ပြသနာတစ်ခုခု ရင်ဆိုင်ခဲ့မိရင် အဆိုပါပြသနာကို အလုပ်ခွင်မှာပဲ ဘောင်ခတ်ထားလိုက်ပါ။ ရုံးဆင်းလို့ အိမ်ပြန်ရောက်ရင် ချစ်စရာကောင်းတဲ့ ခင်ပွန်း၊ လေးစားထိုက်တဲ့ ဖခင်နေရာ ပြန်ရောက်သွားပါစေ။ အလုပ်နဲ့ နေအိမ် အပြန်အလှန် စိတ်အနှောက်အယှက် မပေးမိအောင် သူ့နေရာနဲ့ သူ၊ သူ့ပြသနာနဲ့ သူ ဘောင်ခတ်တတ်ဖို့ လိုပါတယ်။

၄။ ပြီးမြောက်အောင်မြင်ရန် လွယ်ကူစေတဲ့ ရည်မှန်းချက်အငယ်ကလေးများကို များများချမှတ်ထားပါ။
ရည်ရွယ်ချက်ကြီးမားလေ အောင်မြင်မှု ကြီးမားလေ ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်ကြီးမားလေ စိန်ခေါ်မူ ကြီးမားလေ ဖြစ်ပါတယ်။ ဘယ်လောက် ဇွဲလုံ့လ ဝီရိယ နဲ့ ပြည့်စုံတဲ့လူ ဖြစ်နေပါစေ၊ ဆုံးရှုံးမှုရဲ့ ဒဏ်ကို ဆက်တိုက် ခံစားနိုင်စွမ်းမရှိပါဘူး။
ဒါကြောင့်မို့လို့ လက်တွေ့ကျတဲ့၊ စွမ်းဆောင်မှု သိပ်မခက်ခဲတဲ့ ရည်မှန်းချက်အငယ်စား များများအောင်မြင်ခြင်းဖြင့် တစ်ဖြည်းဖြည်း ရည်ရွယ်ချက်ကြီးကြီးတွေကို အကောင်အထည် ဖေါ် ဆောင်နိုင်ဖို့ တက်လှမ်းစေတတ်ပါတယ်။

၅။ ဝါသနာတစ်ခုခု ပျိုးထောင်ထားပါ။
လူတိုင်းလူတိုင်းမှာ ဝါတနာတစ်ခုစီတော့ ရှိတတ်ကြပါတယ်။ အခက်အခဲကို ရင်ဆိုင်ရတဲ့အခါမျိုးမှာ ဝါသနာပါရာကို လုပ်ကိုင်ခြင်းအားဖြင့် အာရုံလွှဲပြောင်းစေနိုင်ပါတယ်။ ဝါသနာပါတဲ့အလုပ်ကို လုပ်နေတဲ့အချိန်မှာပဲ ကိုယ့်ပြသနာကို ရှင်းဖို့ နည်းလမ်းတွေ့ရှိသွားစေနိုင်ပါတယ်။

၆။ အပြုသဘောဆောင်တတ်တဲ့၊ အကောင်းမြင်တတ်တဲ့ မိတ်ဆွေ သူငယ်ချင်းများကိုပေါင်းပါ။
တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး၊ လူဆိုတာ ဓါတ်တူချင်းဆွဲဆောင်တဲ့ သဘောရှိတတ်ပါတယ်။ အနှုတ်လက္ခဏာဆောင်တဲ့၊ အဆိုးမြင်သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ပြောစကားတွေဟာ အမှိုက်များနဲ့ တူတတ်ပါတယ်။ ကိုယ်က သူတို့နဲ့ ပေါင်းသင်းရင် အမှိုက်ပုံးဖြစ်သွားတတ်ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့၊ အပြုသဘောဆောင်တဲ့ မိတ်ဆွေများနဲ့ နေရင် အရာရာကို အကောင်းဘက်ကနေ စဉ်းစားတတ်ပြီး အောင်မြင်မူနဲ့ ပိုမိုနီးစပ်သွားစေတတ်ပါတယ်။

မောင်ငယ်၊ ညီမငယ်တို့အနေနဲ့ အရေးကြီးပြီး တန်ဖိုးကြီးလှတဲ့ မိမိရဲ့ AQ ကို ပိုမိုမြှင့်တင်လာအောင် ပြုစုပျိုးထောင်နိုင်ကြပါစေ။

Source - စာပေလွင်ပြင်
Refer: Amon Kani

#ပြသနာ
#ဉာဏ်
#အခဲ
#တံငါ
#အခက်အခဲ

Some text some message..