Left Brain Vs Right Brain
sayar.com.mm
|
2021-02-23

Left Brain Vs Right Brain

သီအိုရီများအရ လူတစ်ဦးချင်းဆီကို ဘယ်ဘက်ဦးနှောက် (Left Brain) (ဒါမှမဟုတ်) ညာဘက်ဦးနှောက် (Right Brain) က လွှမ်းမိုးထားတယ်လို့ဆိုပါတယ်။

အချက်အလက်တွေ၊ ခွဲခြမ်းစိတ်ဖြာခြင်းတွေ၊ စနစ်ကျကျ တွေးခေါ်ခြင်းတွေကို နှစ်သက်တယ်ဆိုရင်တယ်တော့ သင်ဟာ ဘယ်ဘက်ဦးနှောက်ရဲ့ လွှမ်းမိုးခံလူသားတစ်ဦးဖြစ်ပြီး အနုပညာဆန်တယ်၊ ဖန်တီးမှုကို ဝါသနာပါတယ်ဆိုရင်တော့ ညာဘက်ဦးနှောက်ရဲ့ လွှမ်းမိုးခံလူသားတစ်ဦးအဖြစ် အကြမ်းဖျင်း မှတ်ယူလို့ရပါတယ်။

ဒီသီအိုရီများဟာဆိုရင် ဦးနှောက်ရဲ့ Hemisphere (စက်ဝိုင်းခြမ်း) နှစ်ခု လုပ်ဆောင်တဲ့ ကွဲပြားခြားနားတဲ့ အလုပ်လုပ်ဆောင်ပုံတွေပေါ်မှာအခြေခံပြီး သတ်မှတ်ထားတာဖြစ်ပါတယ်။ Psychobiologic တစ်ဦးလည်းဖြစ်၊ Nobel ဆုရှင်လည်းဖြစ်တဲ့ Roger W. Sperry ရဲ့ (1960s ပြည့်နှစ်များမှ) သုတေသနပြုချက်များအရ ပထမဆုံး ပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။

တစ်ခါတစ်လေမှာ ဘယ်ဘက်ဦးနှောက်ကို ဒီဂျစ်တယ်ဦးနှောက်လို့လည်း ခေါ်ပါတယ်။ သူက စာဖတ်ခြင်း၊ ရေးသားခြင်းနဲ့ တွက်ချက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း စတာတွေမှာ ပိုမိုအားကောင်းတဲ့အတွက်ပဲဖြစ်ပါတယ်။ W. Sperry ရဲ့ သုတေသနပြုချက်များအရ ဘယ်ဘက်ဦးနှောက်အားသန်တဲ့လူတွေဟာဆိုရင် - Language Logic Numbers Reasoning Sequencing Critical thinking Mathematics Facts Thinking in words စတာတွေမှာ တော်ကြတယ်၊ ဒီလိုတွေးခေါ်ရတာတွေကို ပိုမိုနှစ်သက်ကြတယ် ဆိုတာတွေကို လေ့လာတွေ့ရှိရပါတယ်။

ညာဘက်ဦးနှောက်ကတော့ အမြင်အာရုံနဲ့ အလိုလိုသိမြင်ခြင်း မှာ ပိုမိုအားသန်ကြပါတယ်။ တစ်ခါတစ်ရံမှာ ညာဦးနှောက်အားသန်သူတွေကို Analog ဦးနှောက်လို့လည်း ခေါ်ကြပါသေးတယ်။ သူတို့က တီထွင်ဖန်တီးမှု၊ စနစ်တကျစဉ်းစားတွေါ်ခေါ်နိုင်စွမ်း၊ ဖန်တီးမှု၊ အနုပညာတွေမှာ ပိုမိုဝါသနာထုံကြပါတယ်။
W. Sperry ရဲ့ သုတေသနပြုချက်များအရ ညာဘက်ဦးနှောက်အားသန်တဲ့လူတွေဟာဆိုရင် - Imagination Holistic thinking Intuition Arts Rhythm Nonverbal cues Feelings visualization Daydreaming Recognizing faces Expressing emotions Creating music Reading emotions Appreciating color Using imagination Being intuitive Being creativeစတာတွေမှာ တော်ကြတယ်၊ ဝါသနာထုံကြတယ်ဆိုတာတွေကို လေ့လာတွေ့ရှိရပါတယ်။

ဒီယေဘူယျအချက်အလက်လေးတွေကိုကြည့်မင်း သင်ဟာ Left Brain လား Right Brain လားဆိုတာကို ခွဲခြမ်းလေ့လာကြည့်ပါအုန်းနော်။

#ဦးနှောက်
#သီအိုရီ
#ညာဘက်
#သုတ
#လွှမ်းမိုး

Some text some message..