
ကိုယ့်ကိုမလိုတဲ့သူကတော့ တစ်ချိန်လုံးလိုက်ပြီး Blame နေမှာပါပဲ။ အဲ့လို Blame ပြီး မကောင်းပြောနေတာတွေ၊ ကဲ့ရဲ့နေတာတွေအပေါ်မှာသာ လိုက်ခံစားပြီး စိတ်ညစ်နေရင်တော့ ကိုယ်ပဲပင်ပန်းပါတယ်။ ဒါကြောင့် ကိုယ့်ကိုတစ်ချိန်လုံးလိုက်ပြီး Blame နေတာတွေကိုခံစားနေမယ့်အစား ဒီလိုမျိုးပဲပြန်ပြီး တုန့်ပြန်ကြည့်လိုက်ပါ။
ကိုယ့်ကိုတစ်ချိန်လုံးလိုက်ပြီး Blame နေတယ်ဆိုထဲက ကိုယ့်အကြောင်းကို စိတ်ဝင်စားလို့ အမြဲလိုက်ကြည့်ပြီး ပြောနေတာပါ။ ကိုယ့်ကိုမနာလိုလို့ တစ်ခုချင်းစီကို အမြဲလိုက်ကြည့်ပြီးကို Blame နေတယ်လို့ပဲ မှတ်ယူလိုက်ပါ။ သူ Blame လို့လည်း ကိုယ့်အတွက်ကောင်းသွားတာမရှိသလို၊ နစ်နာသွားတာလည်းမရှိပါဘူး။
ကိုယ့်အပေါ်လိုက်ပြီး Blame သမျှကိုသာ ခံစားနေရင်တော့ ကိုယ်ပဲပိုစိတ်ပင်ပန်းရပါတယ်။ သူများပြောလို့ လိုက်ခံစားပြီး သူများစိတ်နဲ့ အသက်ရှင်နေတာမျိုး မဖြစ်ပါစေနဲ့။ တချို့ကျတော့ ကိုယ့်အပေါ်မနာလိုလို့ ကိုယ်အဆင်မပြေတာ၊ စိတ်ညစ်နေတာကို မြင်ချင်ကြလို့ကို အမျိုးမျိုး ဝေဖန်ပြောဆိုနေကြတာပါ။ ဒါကြောင့် ဘာကိုမှဂရုမစိုက်ပဲ ဒီထက်ပိုကောင်းအောင်သာ ကြိုးစားပြီးနေထိုင်ပြလိုက်ပါ။
တော်တော်များများက ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ အလှအပပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေကို လိုက် Blame တတ်ပါတယ်။ လူတိုင်းကတော့ ကိုယ့်အားနည်းချက်ကိုပြောရင် ဝမ်းနည်းတာပါပဲ။ လူတိုင်းမှာအလှကိုယ်စီရှိပါတယ်။ ဒါကြောင့် Blame တာတွေကို ခေါင်းထဲမထည့်ပါနဲ့။ ပြန်တွေးမနေပါနဲ့။ အရင်ထက်ပိုလှလာအောင်သာ နေပြလိုက်ပါ။
စိတ်ညစ်မခံနိုင်ရင်၊ အရမ်းအာရုံနောက်လာရင် ကိုယ့်ကိုအမြဲလိုလို လိုက် Blame နေတဲ့သူတွေကို လုံးဝအပေါင်းအသင်းမလုပ်ပဲသာ နေလိုက်ပါ။ ကိုယ့်ဘဝအတွက် အရေးတကြီးလုပ်စရာတွေ အများကြီးရှိနေသေးတဲ့အတွက် ဒီလို အရေးမကြီးတာတွေကို ခေါင်းထဲထည့်နေမယ်ဆိုရင် ကိုယ့်အတွက်လည်း အဆင်ပြေမှာမဟုတ်ပါဘူး။ အပြည့်အဝမပျော်နိုင်ပဲ စိတ်အနှောင့်အယှက်ဖြစ်နေရပါလိမ့်မယ်။
photo source: www.freepik.com