ဒိတ်လှလှလေးကို ဖန်တီးပေးနိုင်မယ့် Café ဆိုင်လေးများ
yathar.com
|
2021-06-18

ဒီတစ်ခေါက်ပိတ်ရက်လေးမှာ ကော်ဖီလေးသောက်ရင်း အေးအေးဆေးဆေး အနားယူဖို့စိတ်ကူးထားကြလား။ မိုးအေးအေးလေးမှာ ကော်ဖီပူပူလေးတစ်ခွက်ပို အရသာခံသောက်ရင်း စာအုပ်လေးဖတ်လိုက်ရတာကလည်း အကောင်းဆုံးခံစားချက်မျိုးပဲဆိုတော့ ဒီတစ်ပတ်ပိတ်ရက်မှာထိုင်ဖို့

café ကောင်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ 




Freedom café

Freedom café ကတော့ လူငယ်တော်တော်များများရဲ့ အကြိုက်ပါပဲ။ သူငယ်ချင်းတွေစုပြီးတော့ လွတ်လွတ်လပ်လပ် စကားပြောကြဖို့အတွက် ကွက်တိပါပဲ။ menu လေးတွေကလည်း ပေါ့ပေါ့ပါးပါးလေးတွေပဲဆိုတော့ အအေးလေးသောက်ရင်း မုန့်လေးစားရင်း သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောဖို့အတွက် အကောင်းဆုံး café ပါပဲ။ 




The Plant House Café


စာအုပ်တွေရယ် အပင်လေးတွေရယ် ကော်ဖီရယ်ကို ချစ်ရင်တော့

The Plant House Café က သင့်အတွက်ပါပဲ။ ဆိုင်လေးက သေးသေးလေးနဲ့ ချစ်စရာကောင်းပြီးတော့ အရမ်းကိုနွေးထွေးတယ်လို့ ခံစားရစေပါတယ်။ အရမ်းကိုတိတ်ဆိတ်ပြီးတော့ အေးချမ်းတဲ့ ကော်ဖီဆိုင်လေးမို့လို့ အေးအေးဆေးဆေး စာဖတ်ဖို့အတွက် အရမ်းကိုသင့်တော်ပါတယ်။ 




Innwa Books & Café


သင်က စာဖတ်ရတာကို အရမ်းကိုနှစ်ခြိုက်တဲ့ Bookworm တစ်ယောက်ဆိုရင်တော့

Innwa Books & Café က လုံးဝကို သွားရမယ့်နေရာတစ်ခုပါပဲ။ စာအုပ်တွေ အမျိုးအစားစုံလင်ပြီးတော့ အကုန်ဝယ်ချင်စရာပါပဲ။ ကော်ဖီကိုလည်း ကိုယ်ဝယ်ထားတဲ့ စာအုပ်လေးတွေဖတ်ရင်း အရသာခံသောက်လို့လည်း ရပါသေးတယ်။ မြန်မာ အင်္ဂလိပ်စာအုပ်တွေ အမျိုးအစားအများကြီးရှိတာကြောင့် ပိုက်ဆံများများထည့်ပြီး သွားသင့်တဲ့ coffee shop ပါပဲ။ 




LEAF Café & Plants


မျက်စိပသာဒဖြစ်စရာ အပင်လေးတွေရဲ့ စိမ်းစိမ်းစိုစိုအလှတရားတွေကြားထဲမှာ ကော်ဖီတစ်ခွက်သောက်ကြည့်ချင်ရင်တော့

Leaf Café & Plants ကို ဒီတစ်ပတ်မှာ သွားဖြစ်အောင်သွားလိုက်ပါ။ တစ်ဆိုင်လုံးအပင်လေးတွေနဲ့ စိမ်းစိုနေပြီး ချစ်စရာကောင်းတယ်။ ကော်ဖီရနံ့လေးတွေရယ် အပင်လေးတွေရယ်နဲ့ တကယ့်ကိုတောထဲက ကော်ဖီဆိုင်လေးကို ရောက်နေရသလိုပဲ။ ကော်ဖီကောင်းကောင်းကိုရောင်းတဲ့အပြင် ချစ်စရာအပင်လေးတွေကိုပါ ရောင်းသေးတယ်။ အပင်လေးတွေချစ်တတ်ရင် တစ်ခါတည်း ဝယ်သွားလို့ရသေးတယ်နော်။ 




Café Deja Brew

Café Deja Brew ကတော့ ရန်ကုန်မြို့ထဲက အနုပညာရပ်ဝန်းလေးလိုပဲ။ ဒီဆိုင်လေးမှာကတော့ အနုပညာဆန်တဲ့ ကော်ဖီတွေကို ရရှိနိုင်ပါတယ်။ ဆိုင်ထဲကို ရောက်သွားတာနဲ့ အနုပညာအငွေ့အသက်တွေကို ခံစားမိမှာ အမှန်ပါပဲ။ မိုးရွာတဲနေ့တစ်နေ့မှာ ကော်ဖီတစ်ခွက်သောက်ရင်း ကဗျားတွေဖတ်ရတဲ့အရသာကို ဒီအပတ်ပိတ်ရက်မှာ Café Deja Brew မှာ ခံစားနိုင်ပါတယ်။ 

အခုဖော်ပြပေးခဲ့တာကတော့ ရန်ကုန်မြို့ထဲက café ဆိုင်ကောင်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်ပိတ်ရက်မှာ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ကိုယ်ချစ်ရတဲ့လူနဲ့ပဲဖြစ်ဖြစ် café ဆိုင် ထိုင်ရင်း အချိန်ကောင်းလေးတွေကို ပိုင်ဆိုင်နိင်ကြပါစေ။The post

ဒိတ်လှလှလေးကို ဖန်တီးပေးနိုင်မယ့် Café ဆိုင်လေးများ first appeared on

yathar Magazine .


#ကော်ဖီ
#ပိတ်ရက်
#အပင်
#ချစ်စရာ
#ကော်ဖီဆိုင်

Some text some message..