ချစ်သူ/ရည်းစားတွေဟာ တစ်ယောက်ကို တစ်ယောက် တကယ်ချစ်ကြတယ်၊ သက်ဆုံးတိုင်လက်တွဲဖို့ ရည်ရွယ်ထားတယ်ဆိုရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိထားသင့်ပါတယ်၊ လေးစားခြင်းဆိုတာက တစ်ယောက်နဲ့ တစ်ယောက် privacy ပေးထားတာ၊ တစ်ယောက်ရဲ့ခံစားချက်နဲ့ လိုအပ်ချက်တွေကို တစ်ယောက်က တန်ဖိုးထားတာမျိုး ဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန် လေးစားမှုပေးဖို့ဆိုတာ လူပုဂ္ဂိုလ်ကိုပဲ လေးစားဖို့လိုတာမဟုတ်ပါဘူး။ သူ့ရဲ့ဝါသနာ ၊ သူ့ရဲ့ဗီဇ ၊ သူ့ရဲ့ဆန္ဒ္ဒနဲ့ ၊ သူ့ရဲ့ခံစားမှု စတာတွေကိုပါ လေးစားနိုင်မှ အမှန်တကယ် လေးစားတယ်လို့ ဆိုရမှာပါ။ အပြန်အလှန် လေးစားမှုပေါ်မှာ ခိုင်မြဲတဲ့ ချစ်သူ/ရည်းစား/အိမ်ထောင်ဖက် ဆက်ဆံရေး(romantic relationship) ကို တည်ဆောက်ချင်ရင် နှစ်ယောက်စလုံးက ဒီအလေ့အကျင့်တစ်ချို့ကို ကျင့်သုံးဖို့ ဆန္ဒရှိရပါမယ်။
၁။ တိုးတတ်မှု မိုင်တိုင်တွေကို ဂုဏ်ပြုပါ
မွေးနေ့တွေ၊ ချစ်သူနှစ်ပတ်လည်နေ့တွေမှ ဂုဏ်ပြုရတာ မဟုတ်ပါဘူး။ ကိုယ့်လက်တွဲဖော် အလုပ်မှာ ရာထူးတိုးရလာရင်လည်း ဂုဏ်ပြုပေးသင့်ပါတယ်။ ဒီမိုင်တိုင်တွေကို ချီးကျူးဂုဏ်ပြုဖို့အတွက် သင့်ရဲ့တစ်နေ့တာမှ အချိန်ယူတတ်ဖို့ သင်ယူရတဲ့အခါမှာ ခံစားချက်တွေ ကောင်းပြီး ပိုနက်ရှိုင်းသော relationship ကို တိုးတတ်စေခွင့်ပြုပါတယ်။
၂။ တစ်ဦးနှင့်တစ်ဦး လေးစားမှုကို တည်ဆောက်ပါ
လေးစားမှုကို အသွား၊ အလာ ယာဉ်ကြောရှိတဲ့ နှစ်လမ်းသွားအဖြစ် တွေးကြည့်ပါ။ လက်တွဲဖော်တစ်ယောက်မှာ လေးစားမှုနှင့် အလေးထားမှုရှိပြီး အခြားတစ်ယောက်မှာ မရှိရင် ဘယ်တော့မှ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ရိုသေလေးစားမှုရဲ့ဆန့်ကျင်ဘက်က ပစ်ပယ်ခြင်း ဖြစ်ပါတယ်။ သင့်မှာ လေးစားမှု မရှိတဲ့အခါ သင့်ပါတနာကို သူတို့ဘယ်လောက်အရေးပါကြောင်း ပြသနိုင်လိမ့်မှာ မဟုတ်ပါဘူး။
၃။ ညနေခင်းမှာ အတူတူလမ်းလျှောက်ပါ
အေးချမ်းတဲ့ညနေခင်းမှာ အတူတူလမ်းလျှောက်ထွက်တာ၊ သင့်ရဲ့တစ်နေ့တာအကြောင်း၊ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ ဘဝအကြောင်း ပြောတာတွေက relationship ကိုအထောက်အကူပြုပါတယ်။ နှစ်ယောက်စလုံးက အပြန်အလှန်ပြောဆိုဝေမျှပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုခံစားရတဲ့အခါ အပြန်အလှန်လေးစားမှု ဖွံ့ဖြိုးလာပါတယ်။
၄။ တစ်ဦးကိုတစ်ဦး အချစ်ဘာသာစကားနဲ့ ပြောပါ
လူတစ်ဦးချင်းစီမှာ ချစ်ခြင်းမေတ္တာကို လက်ခံ၊ ပြသတဲ့ နည်လမ်း ရှိကြပါတယ်။ အချို့သူတွေအတွက် ရိုးရှင်းတဲ့လုပ်ရပ်တွေနဲ့ ချစ်ခြင်းမေတ္တာပြသခြင်း၊ အတူတူရှိပေးခြင်း လိုအပ်စဉ်မှာ တစ်ချို့အတွက်ကတော့ စကားလုံးနဲ့ အတည်ပြုခြင်းက အဓိပ္ပာယ်အရှိဆုံးဖြစ်ပါတယ်။ ကိုယ့်ရဲ့အချစ်ဘာသာစကားနှင့် ကိုယ်ပါတနာကို အချိန်ယူလေ့လာပါ။ ဒါက အပြန်အလှန်လေးစားမှုကို အလွယ်တကူ ရရှိနိုင်မယ့် relationship level သစ်တစ်ခု ဖွင့်ပေးပါလိမ့်မယ်။
၅။ ကန့်သတ်ချက်တွေမပါဘဲ ပြောဆိုဆက်ဆံပါ
ပြောဆိုဆက်ဆံခြင်း (Communication) ကဘယ် relationship မှာမဆို အရေးပါပါတယ်။ သို့သော် သင်ပြောဆိုတဲ့အကြောင်းအရာပေါ်မှာ အကန့်အသတ်မရှိသင့်ပါဘူး။ အရာအားလုံးနဲ့ ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လပ်စွာ ပြောဆိုနိုင်ရပါမယ်။
၆။ “ငါမင်းကိုချစ်တယ်”လို့ အမြဲတမ်းပြောပေးပါ
ဒီစကားလုံးသုံးလုံးက အရမ်းအဓိပ္ပာယ်ရှိပါတယ်။ သူတို့ကို သင်ဘယ်လောက်ချစ်ကြောင်းပြောဖို့ ဘယ်တော့မှ မမေ့သင့်ပါဘူး။ တစ်နေ့ကို အနည်းဆုံးတစ်ကြိမ်တော့ ပြောပေးဖို့ လိုအပ်ပါတယ်။
၇။ တစ်ဦးကို တစ်ဦးတန်ဖိုးထားပါ
သင့်ပါတနာက သင့်အတွက် လုပ်ပေးတာတွေကို သဘောကျတတ်တယ်မှလား? တစ်ဦးကို တစ်ဦး လေးစားမှုရှိတဲ့အခါ သူတို့လုပ်တာတွေ၊ ပြောတာတွေအားလုံးကို သင်တန်ဖိုးထားတတ်လာပါတယ်။
၈။ ကွဲပြားမှုတွေကို မြန်မြန်ဖြေရှင်းပါ
သင့်ရဲ့အချစ်ရေးမှာ ကွဲပြားမှုတွေ ရှိပါလိမ့်မယ် ။ ကိုယ်နဲ့သူက သဘောထား၊ အမြင်မတူဘူးဆိုရင်တောင် ဒီလူက ကိုယ်ချစ်မြတ်နိုးရသူဖြစ်တာကြောင့် အရင်ဆုံးဒေါသမထွက်ပါနဲ့။ ဒုတိယအချက်အနေနဲ့ စိတ်ဆိုးပြီး အိပ်ရာမဝင်မိစေဖို့ သေချာပါစေ။ သင်တို့အကြားမှာ အငြင်းပွားမှုတစ်ခုရှိရင် မြန်မြန်ဖြေရှင်းပါ။ နားထောင်လိုစိတ်ရှိပြီး ခွင့်လွှတ်လိုစိတ်ပြင်းပြပါ။ relationship အများစုက ကြာရှည်အုံခဲထားတဲ့ အသေးအဖွဲကိစ္စတွေကြောင့် ပျက်စီးသွားတတ်ကြပါတယ်။
၉။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုရှိပါစေ
ထိတွေ့မှုက အစွမ်းထက်ပါတယ်။ တစ်စုံတစ်ယောက်ကို ပွေ့ဖက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာနဲ့ အလုံးစုံကျန်းမာရေးကို အကျိုးပြုနိုင်တဲ့ endorphin ဟော်မုန်းထုတ်လွှတ်ပါတယ်။ လေ့လာမှုတစ်ခုအရ လက်တွဲဖော်ဆီက မကြာခဏ ပွေ့ဖက်ခံရလေ့ရှိတဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုဟော်မုန်း (cortisol) နည်းတယ်လို့ ဆိုပါတယ်။ ထို့အပြင် သွေးပေါင်ချိန်နိမ့်ခြင်းနှင့် နှလုံးခုန်နှုန်း ပိုကောင်းမွန်ခြင်းတို့ ပါဝင်ပါတယ်။ တစ်ဦးကို တစ်ဦးထိတွေ့ခြင်းရဲ့ စွမ်းအားက သင့်ကျန်းမာရေးတစ်ခုလုံးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
၁၀။ သင့်ရဲ့ လက်တွဲဖော်အကြောင်း အခြားသူတွေကို ပြောဆိုတဲ့အခါ အပြုသဘော ပြောဆိုပါ
စုံတွဲတိုင်းမှာ သူတို့ကျော်လွှားလိုတဲ့ ပြဿနာတွေ ရှိကြပါတယ်။ သို့သော် ကိုယ့်ပတ်ဝန်းကျင်ရှိသူတွေနဲ့ ဒီပြဿနာတွေကို မမျှဝေသင့်ပါဘူး။ အဲဒီအစား သင့်ရဲ့ private ဆက်ဆံရေးကို လျှို့ဝှက်ထားပါ။ အခြားသူတွေနဲ့ ကိုယ့်ရဲ့လက်တွဲဖော်အကြောင်းပြောရင် အကောင်းမြင်မှုကိုသာ ပြောပါ။
Lifestyle_Myanmar
LM_Nandar
Source-powerofpositivity