သင်က ဘယ်လိုအမျိုးသမီးမျိုးလဲ? – သင့်မွေးလက ဖော်ပြနေတဲ့ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးအကြောင်း
lifestylemyanmar.com
|
2021-07-09



ကျွန်တော်တို့ရဲ့မွေးဖွားချိန်မှာ ကြယ်တွေ၊ ဂြိုလ်တွေရဲ့အနေအထားက ကျွန်တော်တို့ရဲ့ကိုယ်ရည်ကိုယ်သွေးမှာ အများကြီးပြန်သက်ရောက်တဲ့ ရာသီဥတုအပေါ် သက်ရောက်မှု ရှိတယ်လို့ သိပ္ပံပညာရှင်တွေနဲ့ နက္ခတ်ဗေဒင်ပညာရှင်တွေက ယုံကြည်ကြပါတယ်။ အလားတူပဲ သင့်မွေးလက သင့်ကိုယ်ရည်ကိုယ်သွေးနှင့် ဘယ်လိုအမျိုးသမီးမျိုးလဲဆိုတာကို ဖော်ပြနိုင်ပါတယ်။

၁။ ဇန်နဝါရီ

သင်ဟာ ငြိမ်းချမ်းတဲ့အပြုအမှုနဲ့ မွေးဖွားလာတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။

ခေါင်းဆောင်တစ်ယောက်ဖြစ်ခြင်းက မွေးဖွားခြင်းအားဖြင့် သင်အမွေရရှိတဲ့ အရည်အသွေးဖြစ်ပါတယ်။ သင်ဟာ ဆုံးဖြတ်ချက်ခိုင်မာပြီး ဘဝမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ ကူညီတဲ့ ရှင်းလင်းသော အတွေးအခေါ်ရှိပါတယ်။ တာဝန်တွေ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ အလုပ်ပေါ်မှာ အရှုံးပေးခြင်းက သင်မက်လိုတဲ့ အိမ်မက်မဟုတ်ပါဘူး။

ဘယ်လောက်ပဲ လွတ်လပ်ပြီး ရဲရင့်ပါစေ၊ သင့်နှလုံးသားရဲ့ နူးညံ့သိမ်မွေ့မှုက ပတ်ဝန်းကျင်ကလူတွေရဲ့ မကျေလည်မှုတွေကို နားလည်ဖို့ ကူညီပေးပါတယ်။ ဒီနားလည်မှုက အလုပ်ခွင်မှာကောင်းမွန်စွာ နေထိုင်ဖို့နှင့် ငြိမ်းချမ်းသောသူတစ်ယောက်အဖြစ် ပေါ်ထွက်လာဖို့ ကူညီပေးပါတယ်။




၂။ ဖေဖော်ဝါရီလ

သင်ဟာ ဖန်တီးမှုရှိသူ၊ လွတ်လပ်မှုကို မြတ်နိုးသူဖြစ်ပါတယ်

သင်ဟာ ဖန်တီးမှုရှိသူ တစ်ယောက်ဖြစ်ပါတယ်။ သင့်ရဲ့တီထွင်ဖန်တီးမှု အကူအညီနဲ့ အရာရာတိုင်းရဲ့အလှကျက်သရေကို မြှင့်တင်ဖို့ အမြဲကြိုးစားတတ်ပါတယ်။ မိမိဘာသာ ရပ်တည်နိုင်ပါတယ်။ လွတ်လပ်မှုကို မြတ်နိုးတဲ့ ပင်ကိုစိတ်ကြောင့် လွတ်လပ်မှုခံစားရစေတဲ့ နေရာသစ်တွေကို သွားရောက်လည်ပတ်တတ်ပါတယ်။ သစ္စာရှိတဲ့ မိတ်ဆွေက ဘယ်လိုမျိုးလဲဆိုတာသိပြီး ပေါင်းသင်းဆက်ဆံရေးနှင့် ပတ်သတ်လာတဲ့အခါ အတော်လေး sensitive ဖြစ်ပါတယ်။




၃။ မတ်လ

သင်ဟာ ရှက်တတ်ပေမယ့် ရင်းနှီးတဲ့သူတွေကို အရမ်းချစ်တတ်ပါတယ်

တော်တော်လေး ရှက်တတ်ပြီး လူတစ်ယောက်ကို တော်ယုံနဲ့ ချဉ်းကပ်ဖို့ ခက်ခဲပါတယ်။ မိတ်ဆွေတွေနဲ့ ပါတီတတ်တာရှောင်သော အမျိုးသမီးဖြစ်ပေမယ့်လည်း ရင်ဘတ်ချင်းနီးစပ်တဲ့ သူငယ်ချင်းမျိုးဆိုရင် အရမ်းဂရုစိုက်တတ်ပါတယ်။ တကယ်တော့ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ သိတဲ့သူဖြစ်ပါတယ်။ တစ်ခါတလေမှာ စိတ်ကူးယဉ်တတ်ပေမယ့် သင့်အိမ်မက်တွေက သင့်အား ရှည်လျားတဲ့လမ်းကို လျှောက်နိုင်စေဖို့နှင့် အသက်မွေးဝမ်းကျောင်းမှာ ထိပ်ဆုံးရောက်ဖို့ အထောက်အကူပြုပါတယ်။




၄။ ဧပြီလ

သင်ဟာ စမတ်ကျပြီး ပရိယာယ်ကြွယ်ပါတယ်

သင်ဟာ သွေးထဲမှာ လူမှုဆက်ဆံရေးပရိယာယ် အရည်အသွေး ရှင်သန်နေတဲ့ သူတစ်ယောက်ပါ။ သင်ဟာ ဖော်ဖော်ရွေရွေ နေတတ်သူတစ်ယောက်ဖြစ်ပြီး ရလဒ်အနေနဲ့ သင့်မှာ အပေါင်းအသင်းများစွာရှိပါတယ်။ ဘယ်နေရာမဆို လွတ်လွတ်လပ်လပ် သွားရတာကို ကြိုက်ပြီး သင်သွားမလည်ချင်တဲ့ နေရာမရှိပါဘူး။ သင့်ရဲ့သံတမန်ရေးရာ သဘောသဘာဝကြောင့် ရန်ပွဲတွေကို ရှောင်ရှားရာမှာ၊ အောင်မြင်မှုလှေကားတွေ ဆက်တတ်ရာမှာ အောင်မြင်တတ်ပါတယ်။




၅။ မလေ

သင့်မှာ စိတ်အပြောင်းအလဲတွေရှိသော်လည်း လူမှုရေးဘက်မှာ တော်ပါတယ်

မကြာခဏ ခံစားရတဲ့ စိတ်အပြောင်းအလဲတွေကြောင့် သင့်ကိုယ်ရည်ကိုယ်သွေးကို ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်။ သို့သော် သင်ဟာ လူတွေနဲ့ အပြန်အလှန်ဆက်သွယ်ပြီး တတ်ကြွသော လူမှုရေးဘဝကို ပိုင်ဆိုင်လိုသူဖြစ်ပါတယ်။ တည်ငြိမ်အေးဆေးတယ်၊ အတွေးအခေါ်ကောင်းတယ်။ ယဉ်ကျေးမှုနှင့် ခရီးသွားလာရတာကို အရမ်းနှစ်သက်သူဖြစ်ပါတယ်။ ဒါ့ကြောင့် အခွင့်အရေးကောင်းရတိုင်း အားလပ်ရက်ခရီးသွားတာမျိုးကို လက်လွတ်မခံတတ်ပါဘူး။




၆။ ဇွန်လ

သင့်မှာ ထိုးထွင်းသိမြင်နိုင်စွမ်းရှိပြီး မိမိဘာသာ အတွေးနယ်ချဲ့နေတတ်ပါတယ်

သင့်မှာ နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုရှိပါတယ်၊ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်တတ်တဲ့ သဘာဝက သင့်လမ်းကို နှောက်ယှက်လာမယ့် အတားအဆီးတွေကို ကြိုတင်ဟောကိန်းထုတ်ဖို့ ကူညီနိုင်ပြီး သင့်ရဲ့နက်ရှိုင်းသော အတွေးအခေါ်က အတားအဆီးတွေကို ဘယ်လိုရှောင်ရှားနိုင်ကြောင်း ခွဲခြမ်းစိတ်ဖြာဖို့ ကူညီပေးပါတယ် ။ ၎င်းက ဘဝမှာ ကြီးမားသောအရာတွေကို အောင်မြင်ဖို့ သင့်အားကူညီပါတယ်။

အကောင်းဆုံးအပိုင်းကတော့ သင်ဟာ အလုပ်ဘဝကို မြှုပ်နှံထားပေမယ့် မိသားစု၊ သူငယ်ချင်းတွေနှင့်အတူ အရည်သွေးပြည့်မီတဲ့အချိန်တွေ ပေးနိုင်ဖို့ ဟန်ချက်ညီအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သေချာပေါက် သိပါတယ်။




၇။ ဇူလိုင်

ဟာသအမြင်ကောင်းနှင့်အတူ စိတ်ခံစားလွယ်ပါတယ်

သင်ဟာ စိတ်ခံစားလွယ်သူတစ်ယောက်ပါ။ relationship တိုင်းကိုလည်း တန်ဖိုးထားသူတစ်ယောက်ပါ။ စွန့်စားမှုမီးပွားက သင့်နှလုံးသားထဲမှာ အမြဲလောင်ကျွမ်းနေတဲ့ အရာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို သင်ဟာ တတ်နိုင်သလောက် ပေါတောတောနဲ့ ရယ်စရာကောင်းအောင် နေကြည့်တာကို တွေ့ရပါတယ်။ ဟာသဉာဏ်ရွှင်သော်လည်း သင်ဟာ ထောင်လွှားမှုမရှိပါဘူး။ အဲဒီအချက်ကပဲ လူတွေသင့်ကို မော်ကြည့်ရတာဖြစ်ပါတယ်။




၈။ သြဂုတ်လ

သင်ဟာ လက်တွေ့ကျပြီး အကြောက်အရွံ့ကင်းပါတယ်

သင်ဟာလက်တွေ့ကျပြီး ခွဲခြမ်းစိတ်ဖြာတတ်တဲ့ အမျိုးသမီးပါ။ စည်းကမ်းက အောင်မြင်မှုဆီကို ပိုနီးစေတာကြောင့် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းကို အမြဲလိုက်နာတတ်ပါတယ်။ သင့်ရဲ့ရိုးသားမှုနှင့် တီထွင်ဖန်တီးမှုက တခြားသူတွေရဲ့ အကူအညီကို ရရှိစေပါတယ်။ ဒါက သူတို့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးဆိုတာ သိကြတာကြောင့်ပါ။ ပြီးတော့ သင့်ရဲ့အကောင်းဆုံးအရာက ကြောက်စိတ်ကင်းမဲ့မှုနှင့် အကောင်းမြင် သဘောထားတွေပဲ ဖြစ်ပါတယ်။




၉။ စက်တင်ဘာ

သင်ဟာ ကြင်နာတတ်ပြီး ရိုးရှင်းပါတယ်

သင့်ရဲ့ကြင်နာတတ်တဲ့ သဘာဝကြောင့် သင်ဟာ အလားအလာအကောင်းဆုံး လက်တွဲဖော်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ အနေအေးသူဖြစ်ပြီး အသေးစိတ်ကအစ ဂရုစိုက်တတ်သူဖြစ်ပါတယ်။ သင်ပုံဖော်တဲ့ နားလည်မှု သဘောသဘာဝက အမှန်တကယ် ချီးကျူးထိုက်တဲ့အရာဖြစ်ပြီး ဒီအရာက သင့်အား အကောင်းဆုံးလူပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာစေဖို့ ဦးတည်ပါတယ်။




၁၀။ အောက်တိုဘာ

သင်ဟာ စည်းကမ်းရှိပေမယ့် တစ်ချိန်တည်းမှာ စွန့်စားတတ်ပါတယ်

မျှတသောဘဝကို ထိန်းသိမ်းထားခြင်းထက် ဘာမှ အရေးမကြီးပါဘူး။ ပြီးတော့ သင်ဟာ အမြဲတမ်းဟန်ချက်ညီအောင် ကြိုးစားနေတာကြောင့် သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လူတိုင်းနှင့် အလုပ်တိုင်းကို တန်းတူအရေးပါမှု ပေးပါတယ်။




၁၁။ နိုဝင်ဘာ

သင်ဟာ ယုံကြည်မှုရှိပြီး ချစ်စရာကောင်းတယ်

သင်ဟာ ချစ်မြတ်နိုးရသူတွေရဲ့ ကောင်းကျိုးအတွက် ဘယ်အချိန်မှာ အလျှော့ပေး လိုက်လျောရမယ်ဆိုတာကို သိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီအရာက သင့်အား အခြားသူတွေရဲ့အမြင်မှာ ချစ်စရာကောင်းတဲ့ လူတစ်ယောက် ဖြစ်စေပါတယ်။ စိတ်ဝင်စားတဲ့အရာတွေကနေ ဗဟုသုတရှာဖွေရတာကို ကြိုက်ကြပါတယ်။ ဒီစိတ်အားထက်သန်မှုကြောင့်ပဲ လေ့လာမှုနယ်ပယ်မှာ သင့်အား ကောင်းမွန်သော သုတေသီတစ်ဦးဖြစ်စေပြီး တောက်ပသော အနာဂတ်ကို ရရှိစေနိုင်ပါတယ်။




၁၂။ ဒီဇင်ဘာလ

ပျော်ပျော်နေတတ်ပြီး သဒ္ဒါတရား ပြည့်စုံပါတယ်

သင်ဟာ ပင်ကိုစရိုက်အတိုင်းသွားသူတစ်ယောက်ပါ။ ပျော်ပျော်နေတတ်ခြင်းက သင့်အားသာချက်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့သူ ၊ ခွန်အားပြည့်ဝသူတွေနဲ့ အမြဲတမ်း ဝန်းရံထားတတ်ပါတယ်။


Lifestyle_Myanmar
LM_Nandar


Source-themindsjournal


#အရာ
#ပရိယာယ်
#အတွေးအခေါ်
#ဟန်ချက်
#အိမ်မက်

Some text some message..