Introvert တစ်ယောက်ဖြစ်ခြင်းကို ဂုဏ်ယူရမယ့် အကြောင်းရင်း (၇)ချက်
lifestylemyanmar.com
|
2021-07-12



လူအများစုက ဘာသိဘာသာနေတတ်ခြင်းကို အပျက်သဘောမြင်ကြပေမယ့် သင်ဟာ Introvert (တသီးတသန့်နေတတ်သူ) တစ်ယောက်ဖြစ်ရင် Introvert တစ်ယောက်ဖြစ်ခြင်းကို ဂုဏ်ယူသင့်ပါတယ်။ Introvert တစ်ယောက်ဖြစ်ခြင်းက မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ လူတိုင်းမှာ မတူညီတဲ့ အကျင့်စရိုက်တွေ၊ ခံယူချက်တွေနဲ့ ယုံကြည်ချက်တွေရှိကြပါတယ်။ introvert တွေရဲ့ သဘာဝကိုက အေးအေးဆေးဆေးနေတတ်ပြီး တသီးတသန့် ဖြစ်ရတာကို သဘောကျကြပါတယ်။ ဒါ့ကြောင့် အခြားသူတွေ ကိုယ့်ရဲ့အေးတိအေးစက်အပြုအမှုကို ဘယ်လောက်ပဲ မကောင်းမြင်မြင် Introvert တစ်ယောက်ဖြစ်ရခြင်းမှာ ဒီလိုကောင်းကွက်တွေ ရှိနေတာကြောင့် ကိုယ့်ကိုယ်ကို ဂုဏ်ယူသင့်ပါတယ်။

၁။ သူတို့ရဲ့ ဖန်တီးမှုစိတ်က ဆန်းသစ်ပါတယ်

အဲလ်ဘတ်အိုင်းစတိုင်း ပြောခဲ့သလိုပဲ “တိတ်ဆိတ်ငြိမ်သက်တဲ့ ဘဝရဲ့ အထီးကျန်ဆန်မှုက ဖန်တီးမှုစိတ်ကို လှုံ့ဆော်ပေးတယ်”။ Extroverts တွေက အပြင်ပန်းမှ လှုံ့ဆော်မှုကို အားထားနေရချိန်မှာ introverts တွေကတော့ စိတ်ကူးစိတ်သန်းနှင့် အတွင်းစိတ်ကမ္ဘာကို ပိုနှစ်သက်ကြပါတယ်။ ဆန်းသစ်တီထွင်မှုနှင့် ဖန်တီးမှုရဲ့ မွေးရပ်မြေဖြစ်သော imagination က ကျွန်တော်တို့ရဲ့ ထူးချွန်ထက်မြတ်တဲ့ စာရေးဆရာတွေ၊ အဆိုတော်တွေ၊ အားကစားသမားတွေနဲ့ အနုပညာရှင်တွေကို introvert တွေဆီသို့ ဦးတည်လေ့ရှိပါတယ်။ Steve Martin, Meryl Streep, Shonda Rhimes, J.K. Rowling, နှင့် Steven Spielberg တို့ဟာ ကမ္ဘာကြီးကို သူတို့ရဲ့ အနုပညာလက်ဆောင်တွေ၊ စွမ်းရည်တွေနဲ့ ပိုအရောင်စုံသော နေရာတစ်ခု ဖန်တီးပေးကြသော နာမည်ကြီး introverts တွေဖြစ်ပါတယ်။




၂။ သူတို့ရဲ့ အတွေးတွေက ဘောင်ခတ်မထားပါဘူး

Introverts အတော်များများက လူအဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ဆန္ဒမရှိကြပါဘူး။ ကိုယ့်ဘာသာလုပ်ဖို့ကိုပဲ ပိုနှစ်သက်ကြပါတယ်။ introvert တစ်ယောက်ရဲ့စိတ်က တီထွင်မှု အိုင်ဒီယာတွေ တိုးတတ်ရေးအတွက် မြေသြဇာကောင်းတဲ့ မြေပြင်ဖြစ်ပါတယ်။ Mark Zuckerberg, Steve Wozniak, နဲ့ Bill Gates တို့က ဒီကိစ္စနှင့်ပတ်သတ်တဲ့ သာဓကတွေပဲ ဖြစ်ပါတယ်။ introverts တွေမရှိဘူးဆိုရင် ကျွန်တော်တို့အတော်များများမှာ Microsoft, Facebook, Apple လည်းရှိလာလိမ့်မှာ မဟုတ်ပါဘူး။

၃။ Listener ကောင်းတွေ ဖြစ်ပါတယ်

introvert အများစုက အောင်မြင်တဲ့ ကုထုံးဆရာတွေ ဖြစ်ကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်က introverts တွေနဲ့ စကားပြောတဲ့အခါ သူတို့ အရမ်းတိတ်ဆိတ်တာကို သတိထားမိကြပါလိမ့်မယ်။ ဒါက အဲဒီလူပြောနေတာကို ဂရုမစိုက်လို့ မဟုတ်ပါဘူး။ ဂရုတစိုက်နားထောင်ပြီး နက်နက်ရှိုင်းရှိုင်းတွေးနေလို့ပါပဲ။ Introverts တွေဟာ တတ်ကြွစွာ နားထောင်သူတွေဖြစ်ပြီး extroverts တွေနဲ့ မတူတာက သူတို့ဟာ အလွယ်တကူ ကြားဖြတ်ပြောမှာမဟုတ်ပါဘူး။ မပြောခင် အရင်ဆုံးသေချာနားထောင်တတ်ကြပြီး information ကိုပိုတိကျစေတာကြောင့် သူတို့ဟာ ကျိုးကြောင်းဆီလျော်တဲ့ အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါလိမ့်မယ်။




၄။ သူတို့မှာ မယုံနိုင်စရာ လေ့လာစူးစမ်းမှု စွမ်းအားတွေ ရှိပါတယ်

သူတို့ဟာ အုပ်စုထဲမှာ တိတ်ဆိတ်တဲ့သူတွေ ဖြစ်နိုင်ပေမဘ့် introvertsတွေ ပိုင်ဆိုင်သော အကြီးမားဆုံ းအားသာချက်တစ်ခုက စူးရှတဲ့ လေ့လာမှုစွမ်းအား ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတွေဟာ Communicator ကောင်းတွေဖြစ်ပြီး Communicator ကောင်းတွေဟာ ဘယ်လိုနားထောင်ရမယ်ဆိုတာကို သိကြသူတွေ ဖြစ်ပါတယ်။ ‘အသိပညာက သင့်နှုတ်ခမ်းတွေကို လှုပ်ခြင်းဖြင့် မရနိုင်ပါ၊ သင့်နားဖာချေးတွေကို ဖယ်ရှားခြင်းအားဖြင့်သာ ရရှိလိမ့်မယ်’လို့ သူတို့သိကြပါတယ်။

၅။ Introverts တွေက ပညာရေးပိုင်းမှာ တော်တာများပါတယ်

အချို့သော Introverts တွေဟာ အမြဲတမ်း တစ်ယောက်တည်း နေတတ်ကြတာကြောင့် ကျောင်းမှာ အနိုင်ကျင့်ခံရတတ်ပါတယ်။ Extroverts တွေက သူတို့ကို ဘယ်အရာမှ စိတ်မဝင်စားသူ၊ လူကြောင်၊ လူမှုရေးမရှိသူလို့ သတ်မှတ်ကြပါတယ်။ သို့သော် ကျောင်းမှာ တစ်ယောက်တည်းနေခြင်းက introverts တွေကို ကောင်းစွာ အလုပ်လုပ်နိုင်စေပါတယ်။ သူတို့က ပုံမှန်အားဖြင့် သူငယ်ချင်းတွေနဲ့ လျှောက်မသွားတတ်တာကြောင့် စာလေ့လာဖို့ အချိန်ပိုရှိပါတယ်။




၆။ သူတို့ကိုယ်သူတို့ ဖျော်ဖြေနိုင်စွမ်းရှိပါတယ်

Introverts တွေဟာ သူတို့ကိုယ်သူတို့ ဖျော်ဖြေနိုင်စွမ်း အပြည့်အဝရှိကြပါတယ်။ သူတို့ဘာလုပ်ချင်တယ်ဆိုတာကို သူတို့သိပြီး ဘယ်အခြေအနေမျိုးကိုမဆို သူတို့အတွက် ပျော်စရာအသွင် ပြောင်းစေနိုင်ပါတယ်။ သူတို့လုပ်နေတာတွေက ပျော်စရာလို့ သင်ထင်မှာမဟုတ်ပေမယ့် သူတို့အတွက်တော့ စိတ်အေးလက်အေးစဉ်းစားခြင်းက အချိန်ဖြုန်းဖို့နဲ့ ပျော်မွေ့ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ သူတို့မှာ ပျင်းစရာကောင်းတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။

၇။ Introverts တွေမှာ သူငယ်ချင်းကောင်း အနည်းငယ်ရှိပါတယ်

Extrovert အများစုက သူတို့ရဲ့ဖော်ဖော်ရွေရွေနေတတ်တဲ့ သဘာဝကြောင့် သူငယ်ချင်းများစွာရှိပါတယ်။ introverts တွေကတော့ သူငယ်ချင်းအနည်းငယ်သာရှိပါတယ်။ သူတို့ဟာ အပေါင်းအသင်းထားတာတောင် ဇီဇာကြောင်လေ့ရှိပါတယ်။ အပေါင်းအသင်းကို ဂရုတစိုက် ရွေးချယ်တတ်ပြီး သူတို့ယုံကြည်စိတ်ချရသူတွေနဲ့သာ မိတ်ဖွဲ့လေ့ရှိပါတယ်။ introverts လေးတွေရဲ့ အပြုအမှုနဲ့ သဘောထားက နားလည်ဖို့ ခက်ခဲသော်လည်း သူတို့ဘဝတွေကို အနီးကပ်လေ့လာကြည့်မယ်ဆိုရင် introvert တစ်ယောက်ဖြစ်ခြင်းက ပျော်စရာလည်း ဖြစ်နိုင်တယ်ဆိုတာကို နားလည်စေပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-mypositiveoutlook/learning-mind


#တီထွင်မှု
#သူငယ်ချင်း
#အပေါင်းအသင်း
#J.K.
#နားဖာချေး

Some text some message..