အတုအယောင်အချစ်(Fake Love)ရဲ့ သိမ်မွေ့သောလက္ခဏာ (၇)ခု
lifestylemyanmar.com
|
2021-07-14



လောကမှာ အချစ်စစ် အချစ်မှန်က တကယ်ရှိသလို အတုအယောင် ချစ်ခြင်းတွေလည်း ရှိကြပါတယ်နော်။ ဒါကတော့ သင့်အပေါ်ထားရှိတဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာက လှည့်စားနေတာ ဖြစ်နိုင်ကြောင်း ညွှန်ပြနေတဲ့ လက္ခဏာ (၇)ချက်ပါ။

၁။ သူတို့ရဲ့အချစ်ကို နှစ်ကိုယ်ကြားထက် သူငယ်ချင်းတွေကြားနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ပိုပြီးဖော်ပြကြတယ်

အင်စတာဂရမ်ပေါ်မှာ စုံတွဲပုံတွေတင်ပြီး ကိုယ်က ဘယ်လို စုံတွဲမျိုးဖြစ်ကြောင်း ပြသနေခြင်းက လုံခြုံမှု မရှိခြင်းရဲ့ကြီးမားသော လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ထို့အပြင် နှစ်ယောက်တည်းရှိနေချိန်မှာတော့ အဖက်တောင်မလုပ်ဘဲ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အချိန်မှာ သင့်ကိုဂရုစိုက်ပြနေတာမျိုး၊ သူသာလျှင် အကောင်းဆုံးပါတနာ ဖြစ်ကြောင်း ပြသနေတာမျိုးဆိုရင် ဒါက သတိပေးလက္ခဏာ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ချစ်ခင်တွယ်တာမှုက အိမ်မှာနှစ်ယောက်တည်းရှိနေချိန်မှာ မရပ်တန့်သင့်ပါဘူး။ ချစ်ခြင်းမေတ္တာ အမူအယာတွေက ပိတ်ထားတဲ့ တံခါးချပ်တွေ နောက်ကွယ်မှာ တိတ်ဆိတ်သွားရင်၊ ရပ်တန့်သွားရင် သင့်ပါတနာဟာ လူ့အဖွဲ့အစည်း မြင်ဖို့အတွက် “ချစ်ပြ”ရတာကို နှစ်သက်နေပုံ ရပါတယ်။




၂။ သင့်ရဲ့ပြောဆိုမှုတွေက ဆာဟာရသဲကန္တာရထက် ခြောက်သွေ့ပါတယ်

Healthy ဖြစ်သော, နက်ရှိုင်းသော relationship တစ်ခုမှာ လက်တွဲဖော် နှစ်ယောက်စလုံးက ကိုယ့်အကြောင်းနဲ့ ကိုယ့်ပတ်ဝန်းကျင်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုအပ်ပါတယ်။ သို့သော် သင့်လက်တွဲဖော်ဟာ သင့်ဆီက တစ်ခုခုလိုအပ်ချိန်ကလွဲလို့ စကားလက်ဆုံ စမပြောဘူး၊ ဆွေးနွေးမှုတစ်ခု စတင်ဖို့ သင့်ဘက်က ကြိုးစားနေရင်တောင် သူတို့က သင်ပြောတဲ့အရာတွေကို လုံးဝစိတ်မဝင်စားဘူးဆိုရင် သင်တို့ရဲ့ relationship ကအတုအယောင်သာ ဖြစ်ပါလိမ့်မယ်။




၃။ သူတို့က သင့်အကျင့်တွေကို ပြောင်းလဲဖို့ ကြိုးစားတတ်ပါတယ်

သင်တို့နှစ်ယောက်စလုံးမှာ တစ်ယောက်နဲ့တစ်ယောက် မကြိုက်တဲ့ စရိုက်အချို့ရှိနိုင်ပါတယ်။ အတုအယောင် relationships မှာ သင့်လက်တွဲဖော်ဟာ သင်နဲ့ပတ်သက်လို့ သူတို့မကြိုက်တဲ့အရာတွေကို ပြောင်းလဲချင်ကောင်း ပြောင်းလဲပါလိမ့်မယ်။ အခြေခံအားဖြင့် သင်က သူတို့ရဲ့လိုအပ်ချက်တွေကို ကျေနပ်စေနိုင်တာကြောင့် သင့်အား ကိုယ်ကျိုးစွန့်ဖို့ တောင်းဆိုမှာပါ။

၄။ ပြဿနာတွေကို ဖြေရှင်းချက်ရှာဖို့ နှစ်ယောက်အတူ တိုင်ပင်ကြိုးစားတာမျိုး မရှိပါဘူး

Relationship တွေမှာ ပဋိပက္ခတွေရှိမယ်၊ သဘောထားကွဲလွဲမှုတွေ ရှိမယ်၊ ဒါက ထုံးစံပါပဲ။ လက်တွဲဖော်နှစ်ယောက်စလုံးက ဒါတွေကို တိုင်ပင်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ သို့သော် သင့်လက်တွဲဖော်ဟာ ဘယ်အရာကိုမှ လုပ်ဖို့ စိတ်မဝင်စားပဲ မုန်တိုင်းတည်ငြိမ်ဖို့အတွက် စောင့်ဆိုင်းနေတာမျိုး၊ အဝေးထွက်သွားတာမျိုးသာ ရှိပါတယ်။ သူတို့က သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကို နားထောင်ချင်စိတ်မရှိပါဘူး။ ဒါ့အပြင် သူတို့က သင့်ခံစားချက်တွေနဲ့ပတ်သက်ပြီး ဂရုမစိုက်ပုံရပါတယ်။ တကယ်ချစ်တဲ့ လက်တွဲဖော်တစ်ယောက်ဆိုရင် သူတို့ရဲ့လုပ်ရပ်တွေက သင့်အပေါ် ဘယ်လို ဆိုးကျိုးသက်ရောက်သလဲဆိုတာနှင့် ပတ်သက်ပြီး စိုးရိမ်သင့်ပါတယ်။




၅။ သူတို့ရဲ့ရည်းစားဟောင်းအကြောင်းကို မကြာခဏ ဖော်ပြကြပါတယ်

သင်က အစားထိုးတစ်ယောက်သာ ဖြစ်ပြီး သင့်လက်တွဲဖော်က သူတို့ရဲ့Ex ကို မေ့မရသေးတာ ဖြစ်နိုင်ပါတယ်။ ပြီးတော့ သူတို့က ရည်းစားဟောင်းအကြောင်းကို အများကြီးပြောရင် (ဒါမှမဟုတ်) ဒီထက်ပိုဆိုးတာက သင့်ကို သူတို့နဲ့ နှိုင်းယှဉ်နေမယ်ဆိုရင် သင်ဒါကို သံသယဝင်သင့်ပါတယ်။ ဒါက သူတို့ခေါင်းနဲ့ နှလုံးသားထဲမှာ အတိတ်ကာလက စွဲမြဲနေပြီး သင့်ရဲ့ အချစ်ရေးက အာရုံအပြောင်းအလဲအဖြစ် အသုံးချခံနေရတာဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေတဲ့ လက္ခဏာဖြစ်ပါတယ်။ သူတို့အတိတ်က ဆက်ဆံရေး ပျက်ပြားသွားပြီးနောက်ပိုင်း သူတို့အတ္တကို မြှင့်တင်ဖို့ ကြိုးစားနေခြင်းဖြစ်နိုင်ပါတယ်။

သူတို့ရဲ့စိတ်နဲ့နှလုံးသားဟာ အခြားနေရာတွေမှာရှိကြောင်း နောက်နိမိတ်လက္ခဏာတစ်ခုက သင့်ကို မျက်လုံးချင်းမဆုံမိအောင်နေရင် ဖြစ်ပါတယ်။ သူတို့ကို ပွေ့ဖက်လို့ (သို့) ရုပ်ပိုင်းအရ နီးနီးကပ်ကပ်ရှိနေလို့ သင့်ကိုပွေ့ဖက်တာက သူတို့စိတ်ထဲမှာ ရှိနေတယ်လို့ မဆိုလိုပါဘူး။ မျက်လုံးချင်းမဆုံမိအောင် ရှောင်ရှားခြင်းက သင့်ပါတနာနဲ့ ပတ်သက်ပြီး ဒုတိယအတွေးတွေ ဝင်လာစေဖို့ သင့်ကို တွန်းအားပေးနိုင်ပါတယ် (သို့) အမှားတစ်ခုခုကို လုပ်မိလို့လားဆိုတဲ့ မေးခွန်းတွေကို ဖြစ်စေနိုင်ပါတယ်။




၆။ သူတို့မှာ သင့်နဲ့အတူတူဖန်တီးမယ့် အနာဂတ် Plan ဆိုတာမျိုး မရှိပါဘူး

နက်ရှိုင်းပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ အချစ်ရေးမှာ အနာဂတ်ဆိုတဲ့ခေါင်းစဉ်က အနှေးနဲ့အမြန် ပေါ်ထွက်လာသင့်ပါတယ်။ လက်ထပ်ထိမ်းမြားခြင်း၊ ကလေးယူခြင်းသာမက အနာဂတ် Plan တွေ၊ မိသားစုအပြန်အလှန် တွေ့ဆုံခြင်းတွေ ကဲ့သို့သော ရိုးရှင်းသောအရာနှင့်လည်း ပတ်သက်ပါတယ်။ သင့်ပါတနာက နှစ်ယောက်အတူတူ ထိုသို့သော စကားလက်ဆုံပြောဆိုခြင်းမျိုးကို စိတ်မဝင်စားဘူးဆိုရင် သူတို့မှာ commitment ပြဿနာတွေ ရှိနိုင်ပါတယ်။ ဒါမှမဟုတ် ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့တောင် သူတို့ မတွေးထားတာမျိုး ဖြစ်နိုင်ပါတယ်။




၇။ သူတို့က သူတစ်ပါးအထင်ကြီးအောင် ဟိတ်ဟန်ထုတ်ရတာ နှစ်သက်ပါတယ်

ဒီနေ့ခေတ် ဆိုရှယ်မီဒီယာပို့စ်တွေက သင့်လက်တွဲဖော် ကြွားဝါနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း မဟုတ်ပါဘူး။ သူတို့က ဈေးကြီးတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာမျို၊း အထက်တန်းစား စားသောက်ဆိုင်တွေ၊ ဈေးကြီးတဲ့ ဘားတွေကိုသွားပြီး ဖောဖောသီသီ သုံးစွဲရတာမျိုးကိုလည်း ကြိုက်ပါတယ်။ တကယ်လို့ သင်ဟာ အစားအစာအတွက် ပိုက်ဆံအများကြီး မသုံးချင်ဘူးဆိုရင် သူတို့က သင်နဲ့တောင် ရန်ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် သင်ဟာ သူတို့ရဲ့သာမန်ထက်ပိုတဲ့ လိုအပ်ချက်တွေကို ကျေနပ်အောင် မလုပ်ပေးရင် သူတို့ရဲ့ခံစားချက် အစစ်အမှန်လို့ ယူဆခဲ့တာတွေက စတင်ပြီးမှေးမှိန်လာနိုင်ပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-brightside


#အတုအယောင်
#လက္ခဏာ
#ချစ်ခြင်း
#အချစ်
#အနာဂတ်

Some text some message..