
မကြာခင် သင့်အခင်ဆုံး သူငယ်ချင်းမွေးနေ့ ရောက်တော့မယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ကိုယ်ပေးမယ့်သူက ကိုယ်အခင်ဆုံးသူ ဖြစ်မယ်ဆိုရင်တော့ ဒီလူအတွက် ကိုယ်ပေးတဲ့ လက်ဆောင်ကို အထူးခြားဆုံး ဖြစ်စေချင်ကြပါတယ်။ ကိုယ်သေချာ စဉ်းစားပေးထားတဲ့ မွေးနေ့လက်ဆောင်ကိုလည်း သူတို့က သဘောကျပြီး တန်ဖိုးထားစေချင်ကြပါတယ်။ ဒီတော့ ခင်ရတဲ့ သူငယ်ချင်းရဲ့ မွေးနေ့မှာ အမှတ်တရ ဖြစ်စေဖို့ သင့်မှာ ရှိလက်စ အိုင်ဒီယာအပြင် အိုင်ဒီယာအသစ်တွေ ပေါင်းထည့်ပေးပါရစေ။
၁။ ဖန်စီလက်စွပ်
တစ်ကွင်းထက်ပိုတဲ့ ဖန်စီလက်စွပ်တွေက သင့်သူငယ်ချင်းအတွက် တန်ဖိုးရှိတဲ့ လက်ဆောင် ဖြစ်နေမှာပါ။
၂။ တက်တူး
သူနဲ့ ကိုယ်က နှစ်ယောက်လုံး သတ္တိကောင်းတယ်ဆိုရင်တော့ သူငယ်ချင်းရဲ့ မွေးနေ့မှာ ဆင်တူ တက်တူးထိုးနိုင်ပါတယ်။
၃။ သူ့အတွက် Foot chain ဝယ်ပေးပါ
ကိုယ်က လက်မှု ပညာ ရတယ်ဆိုရင် သူ့အတွက် ကိုယ်တိုင် ဖန်တီးပေးလို့ရပါတယ်။
၄။ ပန်းစည်း
ပန်းစည်းကို ချစ်သူကောင်လေးကပဲ ပေးရတာမျိုး မဟုတ်ပါဘူး။ ကိုယ့်အခင်ဆုံးသူငယ်ချင်းမွေးနေ့မှာ ပန်းစည်းဝယ်ပေးနိုင်ပါသေးတယ်။
၅။ ပန်းအိုးဝယ်ပေးပါ
ကိုယ်ဝယ်ပေးတဲ့ ပန်းစည်းနဲ့ လိုက်တဲ့ ပန်းအိုးဝယ်ပေးနိုင်သလို ဖယောင်းတိုင်လည်း ဝယ်ပေးနိုင်ပါတယ်။
၆။ သူနဲ့ တူတူ ကော်ဖီသောက်ပါ
သူငယ်ချင်းနဲ့တူတူ အတိတ်က အကြောင်းတွေ ပြန်တွေးနိုင်ဖို့ ကော်ဖီတူတူသောက်နိုင်ပါသေးတယ်။ ဒါကလည်း သူ့မွေးနေ့မှာ အမှတ်တရ ဖြစ်စေမှာပါ။
၇။ ဆွဲကြိုး
သူမ ကြိုက်တဲ့ ကျောက် ဒါမှမဟုတ် ကျောက်အရောင်နဲ့ ဆွဲကြိုးပေးနိုင်ပါတယ်။ ဆွဲကြိုးကို မကြိုက်တဲ့ မိန်းကလေး မရှိပါဘူး။
မွေးနေ့ရှိတဲ့ မိန်းကလေးတွေကလည်း ကိုယ့် သူငယ်ချင်းတွေကို Mention ခေါ်ဖို့ မမေ့နဲ့နော်။
Photo Source: Pinterest
By MyStyle Myanmar