နှာတံပွသူတွေ ကြည့်ထားသင့်တဲ့ နှာတံ ပုံဖော် Nose Contour ဗီဒီယိုများ
mystylemyanmar.com
|
2021-07-29

မိတ်ကပ်ပြင်နည်းတွေ အလွယ်တကူကြည့်လို့ရနေတဲ့ခေတ်မှာ ပျိုမေတို့အနေနဲ့ မျက်နှာအစိတ်အပိုင်းတွေ ခွဲစိတ်ပြုပြင်စရာမလိုဘဲ မိတ်ကပ်ရှိရုံနဲ့ စိတ်တိုင်းကျပြင်ဆင်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ့်ရဲ့နှာတံကို စိတ်တိုင်းမကျဖြစ်နေတတ်တဲ့ ပျိုမေတွေအတွက် အထောက်အကူပြုမယ့် နှာတံဖော်နည်းဗီဒီယိုတွေ အကြောင်းကို မျှဝေပေးချင်ပါတယ်။

၁။ Natural Nose Contour



ဒီဗီဒီယိုမှာတော့ ရိုးရိုးရှင်းရှင်းနဲ့ သဘာဝအတိုင်း စင်းနေတဲ့နှာတံလေးဖြစ်အောင် ပြင်ဆင်နိုင်မယ့် အခြေခံနည်းလမ်းတွေကို သုံးပြထားပါတယ်။ နှာတံဖော်ဖို့မကျွမ်းကျင်သေးတဲ့ ပျိုမေတွေအတွက် လိုက်လုပ်ရလွယ်ကူစေမယ့် ဗီဒီယိုတစ်ခုဖြစ်ပါတယ်။

၂။ Instant Nose Job



နှာတံထင်းထင်းလေးဖြစ်အောင်ပြင်ဆင်ချင်တဲ့ ပျိုမေတွေအတွက်အသုံးဝင်နိုင်မယ့် ဗီဒီယိုတစ်ခုဖြစ်ပါတယ်။ သူမပြောပြထားတဲ့ နည်းလမ်းတွေအတိုင်းလိမ်းလိုက်မယ်ဆိုရင်တော့ ခွဲစိတ်ပြုပြင်ထားပြီးသားလို့တောင် ထင်ရစေမယ့် နှာတံကိုရရှိစေမှာပါ။

၃။ The Power Of Makeup



ဒီဗီဒီယိုကတော့ ချစ်စရာကောင်းတဲ့ နှာတံသွယ်သွယ်လေးပေါ်အောင် ပုံဖော်နိုင်မယ့် နည်းလမ်းကို ပြောပြပေးထားတာပါ။ အနီးကပ်လိမ်းပြထားတဲ့အတွက် နှာတံဖော်နည်းအသေးစိတ်ကိုလေ့လာချင်တဲ့ ပျိုမေတွေ ကြည့်သင့်တဲ့ဗီဒီယိုတစ်ခုဖြစ်ပါတယ်။

၄။ Make It Look Smaller



သူမကတော့ နှာတံကြီးတဲ့သူတွေအတွက် ရှိရင်းစွဲထက်သေးပုံပေါ်အောင် လိမ်းရမယ့် နည်းလမ်းတွေကို ပြောပြပေးထားတာဖြစ်ပါတယ်။ ကြည့်ရှုသူတွေ နားလည်လွယ်အောင်လိမ်းပြထားတဲ့အတွက် လိုက်လုပ်ရလည်းလွယ်ကူပါတယ်။ ကိုယ့်ရဲ့ နှာတံကြီးနေလို့ စိတ်ညစ်နေရတဲ့သူဆိုရင်တော့ ဒီဗီဒီယိုကသင့်ကိုကူညီပေးနိုင်မှာပါ။

၅။ All Nose Shape In Less Than 5 Minutes



သူမရဲ့ဗီဒီယိုမှာတော့ ကိုယ့်ရဲ့နှာတံပုံစံကိုအခြေခံပြီး ကြည့်ကောင်းအောင်ပုံဖော်နိုင်တဲ့ နည်းလမ်းကိုပြောပြထားပါတယ်။ နှာတံဖော်ဖို့ အချိန်သိပ်မပေးနိုင်တဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ အချိန်တိုအတွင်းပြင်လို့ရမယ့်အပြင် နှာတံပုံစံအမျိုးမျိုးနဲ့လည်း လိုက်ဖက်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။

၆။ Longer, Thiner Nose



ဖြောင့်စင်းပြီး ပုံမှန်ထက်ထင်းထင်းလေးဖြစ်နေတဲ့ နှာတံမျိုးပုံဖော်ချင်တဲ့သူတွေအတွက် ပြီးပြည့်စုံတဲ့ နှာတံဖော်နည်းအဆင့်ဆင့်ကို ဒီဗီဒီယိုမှာ ရှင်းပြပေးထားပါတယ်။

Video Source: YouTube

ByMyStyle Myanmar


#နှာတံ
#ဖော်နည်း
#ဗီဒီယို
#နည်းလမ်း
#မိတ်ကပ်

Some text some message..