နေ့တိုင်းအချိန်မှန်မှန် အိပ်ယာထပေးခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးများ
mystylemyanmar.com
|
2021-08-02

ညဘက်ကို ပုံမှန်အချိန်တစ်ခုသတ်မှတ်ပြီး အိပ်မယ်ဆိုရင်တော့ မနက်ကျရင်လည်း စောစောနိုးပါလိမ့်မယ်။ အိပ်ချိန်၊ ထချိန်ကို ပုံမှန်သတ်မှတ်ထားရင် အကျင့်ဖြစ်သွားမှာပါ။ ဥပမာ – ည ၁၀:၃၀ အိပ်ပြီး မနက် ၆:၃၀ ထတာမျိုး စသဖြင့် အချိန်တစ်ခုသတ်မှတ်ပြီး အကျင့်လုပ်ကြည့်ပါ။ နေ့တိုင်းအချိန်မှန်မှန် အိပ်ယာထပေးမယ်ဆိုရင်တော့ ဒီလိုကောင်းကျိုးတွေ ရရှိလာပါလိမ့်မယ်။


ဖန်းတီးနိုင်စွမ်းပိုကောင်းလာမယ်




ပုံမှန်စောစောအိပ်ပြီး အချိန်မှန်မှန် အိပ်ယာထတတ်တဲ့ အကျင့်ဖြစ်သွားရင် အရင်ထက်ပိုပြီး ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာပါတယ်။ အမြဲတမ်း တက်ကြွလန်းဆန်းနေပြီး ဉာဏ်ရည်ပိုထက်လာစေပါတယ်။


စိုးရိမ်ပူပန်မှုလျော့နည်းလာစေတယ်




အိပ်ယာထချိန်ပုံမှန်မရှိရင် စောသွားရမယ့်အခါ နိုးပါ့မလား၊ အချိန်မှီရောက်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ညဘက်ဆို အိပ်မပျော်နိုင်ပဲ ဖြစ်တတ်ပါတယ်။ ကိုယ်က ပုံမှန် ဒီအချိန်နိုးနေကျဆိုရင်တော့ ဘာစိုးရိမ်ပူပန်မှုမှ ရှိတော့မှာမဟုတ်ပါဘူး။ နောက်ကျမှာတွေကိုလည်း တွေးပူနေစရာမလိုတော့ပါဘူး။


အချိန်ဆွဲတတ်တဲ့အကျင့်လျော့ကျလာစေတယ်




ပုံမှန် ဒီအချိန်ပဲ စောနိုးနေကျဆိုရင် အိပ်ရေးလည်းဝနေတဲ့အတွက် မထချင်တာမျိုး၊ ပျင်းနေတာမျိုး မဖြစ်တော့ပါဘူး။ အချိန်ဆွဲပြီး ပြန်အိပ်ချင်တာတွေ၊ အချိန်ဆွဲပြီး လုပ်တတ်တာတွေလည်း တစ်ဖြေးဖြေးနဲ့ လျော့နည်းသွားပါလိမ့်မယ်။


တက်ကြွလန်းဆန်းစေတယ်




ပုံမှန်စောစောအိပ်ပြီး စောစောထတဲ့အချိန် သတ်မှတ်ထားတဲ့သူတွေက ၆ နာရီဆို ၆ နာရီရောက်တာနဲ့ ပုံမှန်ကိုနိုးနေတာပါ။ အိပ်ရေးလည်းဝနေတဲ့အတွက် ဆက်အိပ်ချင်စိတ်လည်းမရှိတော့ ကိုယ်လုပ်စရာရှိတာတွေလုပ်ပြီး စိတ်ပေါ့ပါးနေပါလိမ့်မယ်။ အလုပ်သွား၊ ကျောင်းသွားတဲ့အခါမှာလည်း စိတ်ကြည်လင်ပြီး တက်ကြွလန်းဆန်းနေပါတယ်။


ပင်ပန်းမှုတွေလျော့နည်းစေတယ်




စောစောအိပ်၊ စောစောထပြီး အိပ်ချိန်မှန်တဲ့သူတွေက အိပ်ရေးလည်းအမြဲဝနေတဲ့အတွက် ကိုယ်ခံအားစနစ် ပိုကောင်းပြီး ပင်ပန်းမှုတွေ လျော့နည်းစေပါတယ်။ အိပ်ချိန်မမှန်ရင် ထချိန်လည်းမမှန်တဲ့အတွက် ကိုယ်လက်မအီမသာဖြစ်ပြီး နေရတာနုံးနေတတ်ပါတယ်။

source: www.brightside.me


#အိပ်ချိန်
#အကျင့်
#အချိန်
#မနက်
#ကိုယ်ခံအား

Some text some message..