သင့်ရဲ့ပျော်ရွှင်မှုက သင့်ပါတနာအပေါ် အရမ်းမူတည်လွန်းတဲ့ လက္ခဏာ (၈)ချက်
lifestylemyanmar.com
|
2021-08-06



စုံတွဲအများစုက ဒီနည်းနဲ့ တစ်ယောက်ကို တစ်ယောက် မှီခိုနေတတ်ကြပါတယ်။ သို့သော် သင့်ရဲ့စိတ်ခံစားမှုတွင်းနက်ကို ဖြည့်ဖို့အတွက် သင့်ပါတနာကို လိုအပ်နေရခြင်းက သင့်အနေနဲ့ “ကိုယ့်ရဲ့စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်တွေကို ကိုယ့်ဘာသာ ဖြည့်ဆည်းဖို့ အများကြီးမလုပ်နိုင်သေးဘူး” လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ လက်တွဲဖော်ကို မှီခိုနေရခြင်းက သင့်ရဲ့အချစ်ရေးကိုသာမက သင့်ရဲ့သုခချမ်းသာကိုပါ ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ သင့်ရဲ့ပျော်ရွှင်မှုဆိုတာ သူများပေါ်မူတည်ရမှာမဟုတ်ဘဲ သင်ကိုယ်တိုင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ သူတစ်ပါးပေါ် တည်မှီတဲ့ ပျော်ရွှင်မှုဟာ စိတ်ဆင်းရဲစရာတွေချည်းပဲ ကြုံရပါလိမ့်မယ်။

၁။ သင်ဘယ်လိုပဲ ခံစားနေရပါစေ၊ သင့်လက်တွဲဖော်ရဲ့ စိတ်နေစိတ်ထားကို အတုခိုးတတ်တာ

သင်ကိုယ်တိုင်က စာနာစိတ်ခံစားရလို့ မဟုတ်ဘဲ သင်ချစ်ရသူရဲ့ စိတ်နေစိတ်ထားကို အမြဲအတုယူတတ်ပါတယ်။ သင့်လက်တွဲဖော်နဲ့ စာမျက်နှာတစ်ခုတည်းမှာ မဟုတ်ရင် ဘာဖြစ်သွားမလဲ ဆိုတာကို အရမ်းကြောက်နေတာကြောင့် သင်ဒီလိုလုပ်မိတာပါ။ Relationship မှာ ငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့ သင်အရမ်းစိတ်ပူလွန်းနေတဲ့အတွက် သင့်ရဲ့တကယ့်ခံစားချက်တွေကို အတုခိုးခြင်းဖြင့် အဆုံးသတ်လိုက်တာပါ။

၂။ သင့်လက်တွဲဖော်က ပျော်ရွှင်မှုကို relationship ရဲ့ပြင်ပမှာ တစ်ခါတစ်ရံ ရှာတွေ့တဲ့အခါ မနာလိုဖြစ်တတ်ပါတယ်

သင့်အချစ်ရေးက သင့်ကိုပျော်ရွှင်စေနိ်ုငတဲ့ တစ်ခုတည်းသောအရာလို့ ခံစားရနိုင်ပါတယ်။ ကိုယ့်လက်တွဲဖော်က ကိုယ့်အချစ်ရေးအပြင် တစ်နေရာရာမှာ ပျော်ရွှင်နေတာကို သိတဲ့အခါ ခြိမ်းခြောက်ခံရသလို သင်ခံစားရပါမယ်။ သူတို့ရဲ့ ဝါသနာတွေ၊ သူငယ်ချင်းတွေ၊ မိဘတွေနဲ့ အချိန်ဖြုန်းတဲ့အခါ မနာလိုဖြစ်လာတတ်ပါတယ်။

၃။ ကိုယ့်အတွက်ကိုယ် ဆုံးဖြတ်ချက်တွေချဖို့ လက်တွဲဖော်ကို အားကိုးတာ

သင်ဟာ ဘယ်ဆုံးဖြတ်ချက်ကိုမဆို တာဝန်ယူရမှာ အရမ်းကြောက်တာကြောင့် ကိုယ့်ဘာသာ ဆုံးဖြတ်ချက်မချချင်ပါဘူး။ သင့်ပါတနာကို မကြာခဏ ဆရာတင်လေ့ရှိပြီး သူတို့က လုပ်လို့ပြောမှသာ လုပ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သင်ဟာ သင့်ရဲ့လွတ်လပ်မှုနဲ့ သူတို့ကို မထိခိုက်စေချင်လို့ပါပဲ။ သင့်ရဲ့ခံစားချက်တွေက ဆန့်ကျင်ဘက်ဖြစ်နေရင်တောင် သင့်လက်တွဲဖော်ရဲ့ပင်ကိုအရည်အချင်းနောက်လိုက်ပြီး သူတို့ရဲ့အိုင်ဒီယာတွေကို လက်ခံမိပါလိမ့်မယ်။

၄။ သင့်ပါတနာရဲ့အကြိုက်ပေါ်မူတည်ပြီး ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေး၊ အသွင်အပြင်ကို ပြောင်းလဲပစ်တာ

သင်ဟာ အရင်တုန်းက အပျော်အပါးကြိုက်တဲ့သူတစ်ယောက် ဖြစ်ခဲ့ဖူးပေမယ့် အခုချိန်မှာ လူမြင်ရင်လန့်တဲ့ ငှက်ငယ်တစ်ယောက်လိုပါပဲ။ သင့်ပါတနာအနေနဲ့ ဆံပင်တိုလေးက ဆွဲဆောင်မှုရှိတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါ့ကြောင့် သင့်ကို မတောင်းဆိုခဲ့ရင်တောင် သူတို့ရဲ့အလှအပစံနှုန်းတွေနဲ့ ကိုက်ညီအောင် ဆံပင်ညှပ်ပစ်လိုက်ပါတယ်။ ဆံပင်က ကြီးကြီးမားမားကိစ္စမဟုတ်ပေမယ့် ဒီအပြုအမှုက အဆိပ်အတောက် ဖြစ်သွားနိုင်ပါတယ်။ ဥပမာ- သင့်ပါတနာက ” မင်းဝိတ်ချမှရမယ်” ပြောတာကြောင့် ဝိတ်ချဖို့ ကြိုးစားခဲ့မယ်ဆိုရင်…။ သင့်ရဲ့ပျော်ရွှင်မှုက အန္တရာယ်ရှိပါတယ်။

၅။ လက်တွဲဖော်ဆီက မျက်နှာသာရဖို့အတွက် ကိုယ့်ရဲ့လိုအပ်ချက်တွေကို စွန့်လွှတ်လိုက်တာ

ကျန်းမာပျော်ရွှင်သော အိမ်ထောင်ရေးတစ်ခုမှာ ဖြစ်နိုင်ချေရှိသမျှ နည်းလမ်းအားလုံးနဲ့ ပေးကမ်းခြင်း၊ လက်ခံခြင်းကို စဉ်ဆက်မပြတ် လုပ်ဆောင်ရပါတယ်။ ဒါက သင်တို့နှစ်ယောက်ကို အဖွဲ့တစ်ဖွဲ့လို ခံစားရစေပါတယ်။ ဒါပေမယ့် ကိုယ်ကျိုးစွန့်တဲ့ပုံစံကို သင်ပြောင်းလိုက်ရင် သင်တကယ်ရရှိတာထက် ပိုပေးရဖွယ် ရှိပါတယ်။ သင့်ရဲ့လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေကို မကြာခဏမေ့သွားပြီး သူတို့ ကျေနပ်စေဖို့အတွက် သူတို့မျှော်မှန်းချက်တွေကိုသာ လိုက်ဖြည့်ဆည်းပေးရင် တစ်နေ့မှာ သင်ဟာအလိုမကျခြင်းနှင့်အတူ ပေါက်ကွဲလာနိုင်ပါတယ်။

၆။ သင်လုပ်သမျှကို သင့်အချစ်ရေးပေါ်မှာပဲ focus ထားတာ

သင်ဟာ အခြားလူမှုရေးအဆက်အသွယ်တွေကို မထိန်းသိမ်းတော့ပါဘူး။ ပါတနာက မတောင်းဆိုခဲ့ရင်တောင် ကိုယ့်မိသားစုနဲ့ သူငယ်ချင်းကို စွန့်လွှတ်တတ်ပါတယ်။ သင်ဟာ အိမ်ထောင်ရေးကို ပြီးပြည့်စုံအောင်လုပ်ဖို့သာ စိတ်ထဲမှာ ရှိနေတာကြောင့် တခြားဘာမှမလုပ်ဖြစ်တော့တာပါ။ သင့်အနေနဲ့ နှစ်ယောက်စလုံးမှာ အိမ်ထောင်ရေးပြဿနာတွေကို အစပျိုးစေနိုင်တဲ့ ပြဿနာ ကြီးကြီးမားမား မရှိရင်တောင်မှ ခိုင်မြဲတဲ့ စုံတွဲတစ်တွဲ ဖြစ်ဖို့လိုတယ် ဆိုတဲ့အတွေးကို စွဲနေတတ်ပါတယ်။ ဒါက သင့်အတွက် မပြည့်စုံခြင်းနဲ့ စိတ်ပျက်ခြင်းကိုသာ ဖြစ်စေပါလိမ့်မယ်။

၇။ ငြင်းခုံနေချိန်မှာ သင့်စိတ်ခံစားမှုအားလုံးကို မျိုသိပ်ထားတာ

ကိုယ်စိတ်ဆိုးနေတယ်ဆိုတာကိုလည်း မပြချင်ပါဘူး၊ ကိုယ့်ခံစားချက်တွေအားလုံးကို ရင်ထဲမှာ သိမ်းထားပါတယ်။ ပြီးတော့ အကောင်းမြင်တဲ့သူတစ်ယောက်ပုံ ဖမ်းထားရုံပါပဲ။ သင်ဟာ ဒုက္ခရောက်ရတဲ့ အကြောင်းရင်းကို မလိုချင်သလို သင့်ရဲ့မကောင်းတဲ့ ခံစားချက်တွေက သူတို့ကို တံခါးဖွင့်ပေးပြီး ထွက်သွားစေနိုင်တယ်လို့တောင် သင်ယုံကြည်ခဲ့နိုင်ပါတယ်။ ငြင်းခုံနေချိန်မှာ သင်မကျေနပ်တာကို ပြတာထက် သူတို့ရဲ့ထင်မြင်ယူဆချက်ကိုသာ ပိုသဘောတူမိပါလိမ့်မယ်။ ဘာမဆို သူတို့အတွက် သင့်ကိုယ်သင် ဘယ်တော့မှ အပြစ်တင်မှာ မဟုတ်ပါဘူး။

၈။ လက်တွဲဖော်နဲ့ ဝေးနေတဲ့အခါ သင့်ခံစားချက်တွေကို မထိန်းချုပ်နိုင်တာ

သင့်ရဲ့လက်တွဲဖော် အနားမှာရှိနေမှသာ ပျော်ရွှင်ခြင်းကို သင်ခံစားရနိုင်ပါတယ်။ သင့်အနားမှာ သူတို့ရှိမနေတဲ့အခါ ကိုယ့်ခံစားချက်ကိုယ် မထိန်းချုပ်နိုင်တာ၊ စိတ်အပြောင်းအလဲတွေ၊ ဒေါသနှင့် စိုးရိမ်စိတ်တွေ သင်တွေ့ကြုံရပါတယ်။ “ခုချိန်မှာ သူတို့ ဘာတွေအလုပ်များနေသလဲ”ဆိုတာကို အမြဲတစေ တွေးနေတတ်ပါတယ်။ သူတို့ သင့်ကို ချစ်နေသေးရင် ဒါက သင့်ရဲ့ ကိုယ်ပိုင် harmony နဲ့ ပျော်ရွင်မှုကို ပျက်ပြားစေပါတယ်။

သင့်ရဲ့ချစ်ရသူပေါ်မှာ စိတ်ခံစားမှုဆိုင်ရာ မှီခိုနေရတာကို နှစ်သက်နေပါသလား? (ဒါမှမဟုတ်) ဒီစိတ်ခံစားမှုအခြေအနေကို တွန်းလှန်ဖို့ ကြိုးစားနေပါသလား? Relationship မှာ သင့်ရဲ့ပျော်ရွင်မှုကို ပျက်စီးစေနိုင်တဲ့အရာက ဘာလဲ?

Lifestyle_Myanmar
LM_Nandar


Source-brightside


#စိတ်ခံစားမှု
#ပျော်ရွှင်မှု
#အိမ်ထောင်ရေး
#စိတ်နေစိတ်ထား
#အချစ်

Some text some message..