ယောကျာ်းလေးတွေကို ဒူးထောက်ကျရှုံးရလောက်အောင် ဆွဲဆောင်နိုင်တဲ့ရေမွှေးနံ့ (၁၁) မျိုး
mystylemyanmar.com
|
2021-08-17

မွှေးရနံ့က လူတစ်ယောက်ကို လွှမ်းမိုးမှုရှိတဲ့ အရာတစ်ခုပါ။ သင့်မှာ ထူးခြားတဲ့ မွှေးရနံ့ တစ်ခု ရှိမယ်ဆိုရင် လူတွေက သင့်ဆီက ရနံ့နဲ့ ဆင်တူတာ ကြုံတာနဲ့ သင့်ကို တန်းသတိရစေမှာပါ။ အထူးသဖြင့် သင်က ဆန့်ကျင်ဘက် လိင် ယောကျာ်းလေးတွေကို ဆွဲဆောင်ချင်တယ်ဆိုရင် ကိုယ်ပိုင် မွှေးရနံ့ တစ်ခု ပိုင်ဆိုင်ထား သင့်ပါတယ်။ ဒီလိုမှ သင်နဲ့ သူ မတွေ့တဲ့အချိန်မှာတောင် သူသင့်ကို သတိရတိုင်း သင့်မွှေးရနံ့လေးပါ အတူ ပြန်တမ်းတနေမှာပါ။ ကိုယ့် Crush ကို ဆွဲဆောင်ချင်တဲ့ ပျိုမေတို့အတွက်လည်း ဒီသဘောတရားအတိုင်းပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ယောကျာ်းလေးတွေ နှစ်သက်တယ်ဆိုတာထက် ကိုယ်သဘောကျတဲ့ ရေမွှေးနံ့ကိုပဲ ဦးစားပေးသင့်ပါတယ်။ ဒီရေမွှေးအနံ့တွေကတော့ ယောကျာ်းလေးတွေ သဘောကျလေ့ရှိတဲ့ ရေမွှေးနံ့တွေပဲ ဖြစ်ပါတယ်။

၁။ Vanilla




Vanilla အနံ့က စိတ်ဖိစီးမှုကို လျော့ကျစေတဲ့ အနံ့တစ်မျိုး ဖြစ်ပါတယ်။ Vanilla ရေမွှေးရနံ့တွေက စိတ်ဖိစီးမှု လျော့ကျစေတာကြောင့် လူအများစုက သင့်အနားရောက်တဲ့အချိန် စိတ်ချမ်းသာနေမှာပါ။ သင်က နွေးထွေးမှု၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ ဆွဲဆောင်အားပြင်းမှုတို့ကို ကိုယ်စားပြုချင်ရင်တော့ Vanilla ရနံ့ကို ရွေးသင့်ပါတယ်။

၂။ Sandalwood




Sandalwood အနံ့က နွေးထွေးမှုကို ကိုယ်စားပြုပြီး ဆွဲဆောင်မှု ပြည့်ဝတဲ့ ရနံ့ဖြစ်ပါတယ်။

၃။ Lavender နံ့




Lavender အနံ့ဟာ အမျိုးသားတွေကို အဆွဲဆောင်နိုင်ဆုံး ရနံ့တွေထဲက တစ်ခုလို့ ပြောစမှတ်ပြုကြပါတယ်။ စိတ်ဖိစီးမှုလျော့ကျစေတဲ့ ရနံ့တွေထဲက တစ်ခုဖြစ်ပါတယ်။

၄။ Musk




Musk ရေမွှေးအနံ့က Sandalwood နဲ့ Vanilla အနံ့တွေလို သဘောတရားတူပါတယ်။

၅။ Violet




Violet ပန်းရနံ့က တခြားပန်းရနံ့တွေလို အနံ့ပြင်းတာမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှုရှိတဲ့ ရနံ့ဖြစ်ပါတယ်။

၆။ သစ်ခွနံ့




သစ်ခွနံ့က စိတ်ကူးယဉ်ဆန်တဲ့ ရေမွှေးရနံ့လို့ အဓိပ္ပာယ် သတ်မှတ်ကြပါတယ်။

၇။ စံပယ်




အမျိုးသားတွေက စံပယ်ပန်း ရနံ့ကို ဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်လေ့ရှိပါတယ်။ စံပယ်ရနံ့ကို ရေမွှေးတွေထဲမှာ တခြားရနံ့တွေနဲ့ ပေါင်းစပ်ပြီး တွေ့ရတတ်ပါတယ်။

၈။ လိမ္မော်နံ့




လိမ္မော်အနံ့သင်းသင်းလေးက အရွယ်ရောက် အမျိုးသား တွေကို ဆွဲဆောင်နိင်ကြောင်း လေ့လာမှုတွေက ဆိုထားပါတယ်။ လန်းဆန်းပြီး ချိုမြန်တဲ့ရနံ့ကို လိမ္မော် ရေမွှေးနံ့က ပေးစွမ်းနိုင်ပါတယ်။

၉။ Pink Grapefruit




အမျိုးသားတွေက Pink Grapefruit ရေမွှေး ဆွတ်ထားတဲ့ အမျိုးသမီးတွေကို နဂိုရှိရင်းစွဲ အသက်ထက် ပိုငယ်တယ်လို့ ထင်တတ်ကြပါတယ်။ လန်းဆန်းတက်ကြွတဲ့ Vibe မျိုးကို လိုချင်ရင်တော့ Pink Grapefruit နံ့က သင်နဲ့ သင့်တော်ပါတယ်။

၁၀။ Lily




ပန်းရနံ့တွေက မိန်းမဆန်တဲ့ ဘက် သွားပါတယ်။ ဒီထဲ Lily ရနံ့လည်း ပါဝင်ပါတယ်။ Lily ရဲ့ ချိုမြန်တဲ့ ပန်းရနံ့က အမျိုးသားတွေကို ဆွဲဆောင်နိုင်မှာ မလွဲပါပဲ။

၁၁။ Cinnamon




သစ်ကြမ်းခေါက်မှုန့် Cinnamon ရေမွှေးနံ့က အစားအသောက် နှစ်သက်တဲ့ မိန်းကလေးတွေနဲ့ သင့်တော်ပါတယ်။ ကောင်လေးနဲ့ ညဘက် Dinner Date ဆိုရင် Cinnamon ရေမွှေးနံ့က အံကိုက်ပါပဲ။

Source: Allwomenstalk

By MyStyle Myanmar


#ရနံ့
#ရေမွှေး
#ပန်းရနံ့
#အနံ့
#Pink

Some text some message..