သင့်ရဲ့အိမ်လေးကို ပန်းရနံ့တွေနဲ့ သင်းပျံ့စေမယ့် Fragrant Indoor Plants တစ်ချို့
lifestylemyanmar.com
|
2021-08-24



ဘဝရဲ့ပြည့်စုံမှုနဲ့ စိတ်ကိုလန်းဆန်းစေတဲ့ အရာတစ်ခုကို တွေးတဲ့အခါ စိတ်ထဲမှာ ပထမဆုံးဖြစ်ပေါ်လာတဲ့အရာက အပင်တွေပဲ ဖြစ်မှာပါ။ အပင်တွေက အိမ်အလှဆင်မှုတွေမှာ မရှိမဖြစ်လိုအပ်ပါတယ်။ အပင်တွေက သင့်ရဲ့စိတ်နေစိတ်ထားကို တိုးတတ်ကောင်းမွန်စေပါတယ်။ ကျန်းမာရေးကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။ ဒါတင်မက သူတို့က သင့်ကို တိမ်တွေပေါ်မှာ လဲလျောင်းနေသလို ခံစားရစေမယ့် အံ့သြဖွယ်ရနံ့တွေကို ထုတ်လုပ်နိုင်ပါတယ်။ ဒါ့ကြောင့် ပန်းရနံ့တွေကို နှစ်သက်မြတ်နိုးကြသူတွေအတွက် အိမ်မှာ စိုက်ပျိုးထားသင့်တဲ့ အပင်တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ ရေမွှေးလိုရနံ့ရှိတဲ့ ဇီဇဝါပန်း

ဇီဇဝါပန်းက ပတ်ဝန်းကျင်တစ်ခုလုံးကို မွှေးပျံ့စေတဲ့ပန်းတွေထဲက တစ်ခုဆိုတာ သင်သိမှာပါ။ သင်ဟာ စွဲဆောင်မှုရှိတဲ့ ပန်းတွေနဲ့ မမေ့နိုင်စရာရနံ့တွေကို နှစ်သက်တယ်ဆိုရင် ဇီဇဝါပန်းကို မဖြစ်မနေ စိုက်ပျိုးထားသင့်ပါတယ်။ မြေဆွေး၊ ရေဆင်းကောင်းတဲ့မြေ၊ မနက်ခင်းနေရောင်၊ နေ့လယ်ခင်းအရိပ်နဲ့ အက်စစ်ဓါတ် ကဲ့သို့သော သင့်တော်တဲ့ အခြေအနေအောက်မှာ စိုက်ပျိုးလို့ရပါတယ်။




၂။ ပန်းသီးလို ရနံ့ရှိတဲ့ ရေမွှေးပန်း

ရေမွှေးပန်းဟာ အနံ့မျိုးစုံကြောင့် နာမည်ကြီးပါတယ်။ ပန်းသီး၊ သံပရိုသီး၊ စတော်ဘယ်ရီနှင့် တခြားအနံလေးတွေ ရနိုင်ပါတယ်။ ရေမွှေးပန်းကို အလင်းရောင် အနည်းငယ်ရတဲ့နေရာမှာ အိုးဖြင့် စိုက်ပျိုးနိုင်ပါတယ်။ Pelargonium Odoratissimum နဲ့ Fringed Apple လို ပန်းသီးရနံ့ ရေမွှေးပန်းတွေမှာ အံ့သြစရာကောင်းတဲ့ ပန်းသီးရနံ့တွေရှိပါတယ်။ သူတို့က အလှအပနဲ့ မွှေးရနံ့ကို ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။




၃။ နာနတ်သီးလို ရနံ့ရှိတဲ့ တရုတ်စကားပန်း

Frangipani လို့လည်းခေါ်ပါတယ်၊ တရုတ်စကားပန်းရဲ့ ထူးခြားတဲ့ရနံ့ကို ရေမွှေး၊ ဖယောင်းတိုင်နှင့် လိုးရှင်းတွေမှာ သုံးပါတယ်။ Essential oils ကိုလည်း နှင်းဆီ၊ ဇီဇဝါ ၊နာနတ်၊ ဇီးသီး၊ ငှက်ပျောမှည့်၊ စပျစ်သီး၊ အုန်းသီး၊ ဂျင်း၊ သကြားလုံးနဲ့ ဟင်းခတ်အမွေးအကြိုင်လို အမွှေးနံသာမျိုးစုံပေးတဲ့ ဒီအပင်ကနေ ထုတ်ယူပါတယ်။ အနီရောင်တရုတ်စကားပန်းက အိမ်တွင်းစိုက်ပျိုးမှုနဲ့ ပတ်သတ်လာရင် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။




၄။ ဗနီလာနှင့် သစ်ကြံပိုးလို ရနံ့ရှိတဲ့သစ်ခွတွေ

သစ်ခွပန်းတွေက အပွင့်လေးတွေတင် လှတာမဟုတ်ပါဘူး။ သူတို့မှာ အရမ်းအံ့သြဖို့ကောင်းတဲ့ အနံ့ရှိပါတယ်။ သစ်ခွပင်မှာ မျိုးစိတ်အမျိုးမျိုးရှိကြပြီး တစ်မျိုးစီမှာ အရောင်၊ အရွယ်အစားနဲ့ အနံ့ကွဲပြားပါတယ်။ သူတို့မှာ vanilla နဲ့ citrus လို မမေ့နိုင်စရာ အမွှေးရနံ့တွေရှိပါတယ်။ သူတို့ကို ဂရုစိုက်ဖို့ အကောင်းဆုံးနည်းလမ်းက အလင်းရောင်သွယ်ဝိုက်ပေးဖို့နှင့် ရေပေးတာ မနည်းလွန်းမများလွန်းဖို့ ဖြစ်ပါတယ်။ Cattleya Walkeriana အမျိုးအစားက ရနံ့ပြင်းသော သစ်ခွဖြစ်ပြီး သစ်ကြံပိုးနဲ့ ဗနီလာလိုရနံ့ကို ထုတ်လုပ်ပါတယ်။




၅။ sensual-sweet ရနံ့ရှိတဲ့ စံပယ်ပန်း

မွှေးကြိုင်တဲ့အပင်တွေကို ရှာဖွေတဲ့အခါ ထူးခြားသော sensual-sweet မွှေးရနံနဲ့ လှပတဲ့ အဖြူရောင်အဆင်းရှိသော စံပယ်ပန်းလေးတွေကို မေ့ထားလို့မရပါဘူး။ စံပယ်ပန်းက စိုက်ပျိုးဖို့ သိပ်မခက်ခဲပါဘူး။ စိုထိုင်းသောမြေနဲ့ နေရောင်ခြည်ကောင်းစွာရမယ့် နေရာမှာ စိုက်ပျိုးပါ။ jasminum Polyanthum ကအမွှေးဆုံးစံပယ်ပင်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ညဘက်တွေမှာ သင်းပျံ့တဲ့ မွှေးရနံ့ရှိပါတယ်။




၆။ စိတ်အပန်းပြေစေသော ရနံ့ရှိတဲ့ လာဗင်ဒါပန်း

လာဗင်ဒါပန်းကို ရှုရှိုက်ခြင်းက အိပ်စက်မှုအရည်အသွေးကို တိုးတတ်ကောင်းမွန်စေတာကြောင့် လာဗင်ဒါ essential oilကို ရနံ့ကုထုံးတွေမှာ သုံးကြတာဖြစ်ပါတယ်။ ခရမ်းရောင်အဆင်းရှိတဲ့ ပန်းလေးတွေ၊ သင်းပျံ့ပြီး စိတ်အပန်းပြေစေတဲ့ ရနံ့လေးတွေကို နှစ်သက်ရင် ဒီလာဗင်ဒါပန်းတွေကို အိမ်မှာ စိုက်ပျိုးထားသင့်ပါတယ်။ စနစ်တကျ စိုက်ပျိုးဖို့ ရေဆင်းပေါက်ပါတဲ့ အိုးကို ရွေးပါ။




၇။ ပူစီနံမှာ လတ်ဆတ်တဲ့ရနံ့ရှိပါတယ်

ပူစီနံဟာ လန်းဆန်းစေပြီး အရသာရှိသော အမွှေးနံ့ရှိတဲ့အပြင် အပင်က အချိန်တိုအတွင်း ကြီးထွားမြန်ပါတယ်။ ပူစီနံအပင်ကို ပြုစုဖို့ မခဲယဉ်းတာကြောင့် ကြီးထွားဖို့အလွယ်ဆုံးနဲ့ အဆင်ပြေဆုံးအပင်တွေထဲက တစ်ခုဖြစ်ပါတယ်။ ပူစီနံပင်တွေဟာ အလင်း၊ မြေဆီလွှာကို အစိုဓါတ်ထိန်းဖို့ လုံလောက်တဲ့ရေ လိုအပ်ပါတယ်။ အိမ်ကို အနံ့အသက် မွှေးစေရုံမကပဲ အစားအစာထဲထည့်ဖို့အတွက် အရမ်းကောင်းတဲ့ ဆေးဘက်ဝင်အပင်တစ်ခုလည်းဖြစ်ပါတယ်။ Spearmint, Peppermint, နဲ့ Apple Mint တို့ဟာ မွှေးရနံအကြိုင်ဆုံး ပူစီနံမျိုးတွေဖြစ်ပါတယ်။




၈။ Citrus တွေမှာ ချိုမြိန်သာယာတဲ့ အနံ့ရှိပါတယ်

လတ်ဆတ်တဲ့ မွှေးရနံ့တွေကို ရှာနေတယ်ဆိုရင် Citrus ပင်တွေကို စိုက်ပျိုးတာက အကောင်းဆုံးပါပဲ။ လိမ္မော်၊ သံပုရာ၊ သံပရို (ဒါမှမဟုတ်) ကျွဲကောသီးပင်ဖြစ်စေ၊ သင့်အိမ်မှာ ဒီမွှေးရနံ့တွေရှိခြင်းကို နောင်တရလိမ့်မှာ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီအပင်တွေက ထိန်းသိမ်းမှု လိုအပ်တာကြောင့် စိန်ခေါ်မှုအနည်းငယ် ရှိနိုင်ပါတယ်။ လိမ္မော်သီးနဲ့ ကျွဲကောသီးတွေဟာ အပူချိန်မြင့်ဖို့လိုအပ်ပါတယ်။ Citrus ပင်တွေဟာ နေရောင်ခြည်အနည်းဆုံး ၆နာရီလိုအပ်ပါတယ်။ လိမ္မော်ပင်တွေက အချဉ်ပင်မျိုးနွယ်တွေကြားမှာ ရနံ့ပြင်းပြင်းရှိတဲ့ အပင်တွေဖြစ်ပြီး ကြီးထွားဖို့နဲ့ ထိန်းသိမ်းဖို့လည်း လွယ်ကူပါတယ်။




၉။ ယူကလစ်ပင်က ပျားရည်နဲ့တူသော ရနံ့ရှိပါတယ်

ယူကလစ်ပင်တွေက အပွင့်မပွင့်ပါဘူး၊ အလွယ်တကူ ကြီးထွားနိုင်ပါတယ်။ အရွက်တွေကထွက်လာတဲ့ရနံ့က ပျားရည်အနည်းငယ်နဲ့ ပူစီနံလိုရနံ့မျိုးကို ရစေပါတယ်။ သင့်အိမ်ထဲမှာ ယူကလစ်ပင်ရဲ့ ချစ်စရာရနံ့အပြင် အရွက်ကို လက်ဖက်ရည်ပြုလုပ်ပြီး သုံးနိုင်သလို သဘာဝ ဆပ်ပြာနဲ့ scrubs တွေထဲကို ကြိတ်ချေပြီး ထည့်သုံးနိုင်ပါတယ်။ ဒီအပင်တွေက ဂရုစိုက်ဖို့ မခဲယဉ်းပါဘူး၊ နေရောင်ကောင်းတဲ့နတေရာနဲ့ ရေများများအပြင် အပင်ကြီးထွားဖို့ အိုးကောင်းကောင်းတစ်လုံး မဖြစ်မနေလိုအပ်ပါတယ်။ အိမ်တွင်းစိုက်ပျိုးဖို့ အဆင်ပြေဆုံးက Eucalyptus Gunnii မျိုးဖြစ်ပြီး သူက အိုးတစ်လုံးမှာ တစ်နှစ်လျှင် ၁၂-၁၈လက်မ ထက်မပိုတာကြောင့်ဖြစ်ပါတယ်။




၁၀။ အစိမ်းရောင်ပန်းရနံ့ရှိတဲ့ ဒက်ဖဒိလ်ပန်း

Daffodils (သို့) Narcissus ပန်းဟာ စိုက်ပျိုးရလွယ်ပြီး နွေဦးရာသီမှာ လှပတဲ့ အဝါရောင်အပွင့်လေးတွေ ပွင့်ပါတယ်။ သူ့ရဲ့စိမ်းလန်းတဲ့ ပန်းရနံ့က ထူးခြားပါတယ်။ အိမ်သုံးအမွှေးနံ့တွေနဲ့ အနံ့သင်းပျံ့တဲ့ ပစ္စည်းတစ်ချို့မှာ narcissus oil ကိုထည့်ကြပါတယ်။ အပင်ကို ဆောင်းနှောင်းပိုင်းမှာ ရေ (သို့) မြေဆီလွှာမှာ အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။


Lifestyle_Myanmar
LM_Nandar


Source-brightside


#ရနံ့
#ရေမွှေး
#အပင်
#ဇီဇဝါ
#အမွှေး

Some text some message..