မိန်းကလေးတစ်ယောက်ကို အပေါ်ယံကြည့်ရုံနဲ့ သူမရဲ့ တန်ဖိုးကို ဘယ်သူကမှ အတိအကျမပြောနိုင်ပါဘူး။ တစ်ဖက်မှာလည်း စိတ်နေစိတ်ထားမြင့်မားသော မိန်းကလေးတွေကို တန်ဖိုးကြီးတဲ့ အမျိုးသမီးလေးတွေလို့ အကြမ်းဖျင်းအားဖြင့် သတ်မှတ်ကြပါတယ်။ ဒီကနေ့မှာ ပြောပြပေးချင်တာကလည်း တန်ဖိုးမြင့်မားသော အမျိုးသမီးတွေမှာသာ ရှိတတ်တဲ့ စိတ်နေသဘောထားတစ်ချို့ကို မျှဝေပေးချင်တာပါ။
၁။ *ငါ့ တန်ဖိုးကို ငါပဲ ဆုံးဖြတ်မယ် *ဆိုတဲ့ စိတ်နေသဘောထား
ဒီအချက်ကို နားလည်ဖို့ အင်မတန်အရေးကြီးပါတယ်။ သင့်အနေနဲ့ တန်ဖိုးမြင့်မားတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးကို ဆုံးဖြတ်နိုင်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်မိသားစုအသိုင်းအဝိုင်း၊ ဆွေမျိုးသူငယ်ချင်းတွေနဲ့ လူမှုအသိုင်းအဝိုင်းက ဝေဖန်မှုတွေ အာရုံစိုက်ပြီး ဗျာများနေမယ့်အစား ကိုယ့်တန်ဖိုးကို ကိုယ်တိုင်ဆုံးဖြတ်ပြီး ကိုယ်အဆင့်အတန်းကို ကိုယ်တိုင်သတ်မှတ်ပါ။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ပြီး ကိုယ့်တန်ဖိုးတွေကို မြင့်သထက် မြင့်လာအောင်သာ ကြိုးစားပါ။
၂။ ငြင်းပယ်ခံရမှာ မကြောက်ဘူး ဆိုတဲ့ စိတ်ထားမျိုး
သင် အငြင်းခံရဖူးတယ်ဆိုရင် ဒီအရာက ဘယ်လောက်နာကျင်ရလဲဆိုတာ သင်ကိုယ်တိုင်သိနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ရဲ့ အရင်းနှီးဆုံးလူတွေဆီကနေပေါ့။ အငြင်းခံရတာက ဘယ်တုန်းကမှ ပျော်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုတော့ ဖြစ်မှာမဟုတ်ပါဘူး။ တစ်ဆက်တည်းမှာပြ သာမန်အမျိုးသမီးနှင့် တန်ဖိုးမြင့်မားသော အမျိုးသမီးနှစ်ယောက်ရဲ့ ခြားနားချက်က ဒီလိုငြင်းပယ်ခံရခြင်းရဲ့ နောက်ဆက်တွဲတုံ့ပြန်မှုဖြစ်ပါတယ်။
အသိဉာဏ်ရှိသော အမျိုးသမီးတစ်ယောက်က ငြင်းပယ်ခံရခြင်းဆိုတာ အဖြစ်အပျက်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာ လက်ခံနိုင်ပြီး ခံစားချက်နဲ့ ဘဝဖြစ်တည်မှုကို ခွဲခြားနိုင်သူဖြစ်ပါတယ်။ သာမန်အသိဉာဏ်နည်းပါးသော အမျိုးသမီးတွေကတော့ ဒီလိုငြင်းပယ်ခံရတာဟာ ကိုယ့်ရဲ့ အမှားအယွင်းတစ်ခုခုကြောင့် တွေးတောပြီး ရေရှည်ခံစားနေတတ်ကြပါတယ်။
၃။ အကောင်းဆုံးတွေကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားမယ်
အမျိုးသမီးတစ်ဦးမှာ ဒီလိုစိတ်နေသဘောထားမျိုးပိုင်ဆိုင်ထားမယ်ဆိုရင် သူမကို တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ မျှော်လင့်ချက်ဖန်ခွက်ထဲမှာ အနာဂတ်မှာဖြစ်လာနိုင်တဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဓာတ်ကျတာတွေနဲ့ ကိုယ့်ကိုယ်ကိုယ်အားမရတာတွေပါလာနိုင်တာကြောင့် ကိုယ့်စိတ်ကို ထိန်းညှိပါ။ တစ်ဆက်တည်းမှာပဲ အဆိုးဆုံးတွေကို ကြိုတင်ခံစားမိပြီး ရင်ဆိုင်ရလွယ်လာပါလိမ့်မယ်။ အကောင်းဆုံးတွေကို မျှော်လင့်မယ်။ ပိုဆိုးတဲ့ အခြေအနေတွေအတွက် ကိုယ့်ရဲ့ စိတ်ကို လေ့ကျင့်ပေးမယ်။ ဒီလိုဆိုရင် မျှော်လင့်ချက်တွေက ပေးခဲ့တဲ့ နာကျင်မှုနှင့် ဝမ်းနည်းမှုတွေကို လျော့ပါးစေဖို့ ကူညီပေးပါလိမ့်မယ်။
၄။ ဘယ်သူ့ကိုမှ ဘယ်တော့မှ လှည့်စားမှာမဟုတ်ဘူးဆိုတဲ့ စိတ်ထားမျိုး
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားသော မိန်းမတစ်ယောက်ရဲ့ နောက်ထပ်စိတ်ထားတစ်မျိုးက ယောင်္ကျားတစ်ယောက်ကို ဘယ်တော့မှ လှည့်စားမှာမဟုတ်လို့ ဆုံးဖြတ်ထားခြင်းပါတယ်။ ကိုယ့်ရဲ့ စံနှုန်းတွေကို အမြဲမြင့်မြင့်ထားပြီး ကိုယ့်ရဲ့ အချိန်နှင့် ခွန်အားတွေကို ယောင်္ကျားတစ်ယောက်ကို လှည့်စားရင်း ဘယ်တော့မှ အချိန်ဖြုန်းမယ့်လူတွေမဟုတ်ပါဘူး။ အမျိုးသားတစ်ယောက်ကိုလည်း အရေအတွက်ကြည့်ပြီး ရွေးချယ်မှာမဟုတ်သလို ကိုယ်ခင်ပွန်းကို ပြိုင်ဖက်လိုမျိုး သဘောမထားမယ့် မိန်းကလေးမျိုးတွေပါ။
၅။ လှပခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း
ကိုယ့်တန်ဖိုးကို ကောင်းကောင်းနားလည်တဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ်လည်း အင်မတန်ဂရုစိုက်တတ်ကြသူတွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးချစ်နိုင်မှ တစ်ခြားလူတွေကို အကောင်းဆုံးနားလည်ပေးနိုင်မယ်လို့ တွေးကြသူတွေဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ပထမဦးစားပေး ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးနားလည်ပေးကြပါတယ်။ ပျော်ရွှင်မှုနှင့် လုံခြုံမှုဟာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းကနေ လာတယ်ဆိုတာလည်း အပြည့်အဝနားလည်ကြသူတွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရှိတဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်ပြီး ကိုယ်တိုင်လည်း ကျေနပ်အားရမှုရှိသူတွေပါ။
Lifestyle_Myanmar
Nyein_Thu