စကားအများကြီးမပြောတတ်တဲ့သူတွေက ဘယ်လိုလူမျိုးတွေလဲ?
lifestylemyanmar.com
|
2021-08-26



တစ်ချို့လူတွေက စကားပြောနည်းကြတာကို တွေ့ဖူးကြမှာပါ။ ဒါပေမယ့် သူတို့က နားထောင်တဲ့နေရာမှာတော့ ကောင်းလေ့ရှိပါတယ်။ သူတို့က ပျင်းစရာကောင်းတယ်၊ အရမ်းရှက်တတ်ကြတယ်၊ သူတို့နဲ့ အချိန်ကုန်ရတာက အချိန်အလကားဖြုန်းသလို ဖြစ်တယ်လို့ တစ်ချို့လူတွေက ပြောကြပါတယ်။ ဒါပေမယ့် စကားနည်းတဲ့လူတွေက သူတို့ရဲ့ တိတ်ဆိတ်မှုနောက်ကွယ်မှာ မယုံနိုင်စရာကမ္ဘာတစ်ခုကို ဖုံးကွယ်လေ့ရှိပါတယ်။ ဒါ့အပြင် သူတို့က အများအားဖြင့် ယုံကြည်ထိုက်သူတွေ ဖြစ်ကြပါတယ်။

ဗြိတိန်လူမျိုး သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Sir Alec Guinness ဟာအရမ်းတိတ်ဆိတ်တဲ့ သူတစ်ယောက်ပါ။ သူက သရုပ်ဆောင်ကျွမ်းကျင်တဲ့အပြင် သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တစ်ခုစီမှာ သူ့ရဲ့အသံနေအသံထားနဲ့ timbre အမျိုးမျိုးကြောင့် လူသိများပါတယ်။ အော်စကာဆုယူဖို့သွားတိုင်း လူတိုင်းက သူပြောမယ့်အရာကို ကြားချင်ကြပါတယ် ။ လူတွေက သူရဲ့ပင်ကိုယ်သံကို ကြားရဖို့ ၊ သူ့ဆီကနေ မိန့်ခွန်းကြားရဖို့ စောင့်မျှော်တတ်ကြပေမယ့် Guinnessက အရမ်းစကားနည်းသူ ဖြစ်တာကြောင့် “ကျေးဇူးတင်ပါတယ်”လို့ တွန့်ဆုတ်ဆုတ်နဲ့ အကျဉ်းချုံးသာပြောပြီး ပျောက်ကွယ်သွားတတ်ပါတယ်။ ဒီအရာကပဲ သူ့ကို ဝန်းရံထားတဲ့ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ စွဲဆောင်မှုကို ဆက်တည်မြဲစေတာလားတော့ မပြောတတ်ပါဘူး။

စကားအများကြီးမပြောတတ်သူတွေ

သူတို့ကို “နှုတ်နည်းတဲ့သူတွေ”၊ “သီးသန့်ဆန်တဲ့သူတွေ” ၊ “တိတ်တဆိတ်နေတဲ့သူတွေ”လို့ ကျွန်တော်တို့ခေါ်ကြပါတယ်။ အမှန်တော့ စကားပြော နည်းတဲ့သူတွေဟာဟာ ဒီကမ္ဘာမှာ တော်တော်ရှားပါတယ်။ ယေဘုယျအားဖြင့် စကားအများကြီးပြောတဲ့သူတွေက ပိုအောင်မြင်တယ်၊ ဆွဲဆောင်မှုရှိတယ်၊ ပိုအာရုံစိုက်ခံရပါတယ်။ အများစုက စကားပြောကောင်းတဲ့သူတွေကို ပိုကြိုက်ပုံရပါတယ်။ ဒီလူတွေက အချိန်တိုအတွင်းမှာ သူ့ဘဝဇာတ်ကြောင်းအပြင် ရာပေါင်းများစွာသော ပုံတိုပတ်စတွေကို ပြောပြနိုင်ကြပါတယ်။

သို့သော် စကားအမျှင်မပြတ်ပြောသူတွေက တစ်ခါတစ်ရံမှာ ပင်ပန်းနိုင်ပါတယ်။ တစ်ဖက်ကကြည့်ရင် တိတ်ဆိတ်တဲ့သူတွေက စိတ်ဝင်စားဖွယ်ကောင်းနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်စေ ကျွန်တော်တို့ဟာ အငြင်းပွားမှုတွေနဲ့ စကားအသုံးအနှုန်းတွေက အောင်မြင်မှုနဲ့ ထပ်တူကျတယ်ဆိုတဲ့ အယူအဆကို အသုံးပြုခဲ့ကြပုံရပါတယ်။ ဒီအရည်အချင်းကို ကျွမ်းကျင်တဲ့သူတွေပဲ ခေါင်းဆောင်မှုအရည်အချင်းပိုင်ဆိုင်ပြီး ယုံကြည်မှုလည်း ပိုရှိတယ်လို့ ယုံကြည်ကြပါတယ်။




ဒါကအမှန်လားဆိုတော့ ဥပမာအားဖြင့် ၂၀၀၇ခုနှစ်မှာ University of Georgia (USA) က extroverts နဲ့ introverts တွေရဲ့ခေါင်းဆောင်မှုပုံစံကို ဆန်းစစ်ဖို့ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

သူတို့ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတစ်ခုက လူအများစုဟာ ဘယ်အဖွဲ့အစည်းမှာမဆို အရမ်းအသုံးဝင်တဲ့ ကျွမ်းကျင်မှုတွေ၊ communication ပုံစံတွေ ရှိတတ်ကြတယ်။ ဒါက မတူကွဲပြားတဲ့ ခေါင်းဆောင်မှုပုံစံတစ်ခု ဖြစ်စေတယ်လို့ ဆိုပါတယ်။

စကားအများကြီး မပြောတတ်သူအများစုဟာ introverts တွေ ဖြစ်လေ့ရှိပါတယ်။ Jennifer B. Kahnweiler က “The Introverted Leader: မင်းရဲ့တိတ်ဆိတ်မှုစွမ်းအားကို အာရုံစိုက်ပါ” ဆိုတဲ့ စာအုပ်တစ်အုပ်ရေးခဲ့ဖူးပါတယ်။ ဒီစာအုပ်မှာ သူမက ဒီကိုယ်ရည်ကိုယ်သွေးပုံစံက ဘယ်လိုမျိုးလဲဆိုတာကို ရှင်းပြထားပါတယ်။ သူတို့ကို အောက်ပါအမူအကျင့်တွေနဲ့ သတ်မှတ်ပါတယ်။
သူတို့က မပြောခင်မှာ စဉ်းစားတတ်ကြတယ်။
သူတို့ ဘယ်လိုနားထောင်ရမလဲဆိုတာ သိကြပါတယ်။ တကယ့်တော့ သူတို့က သူတို့ပြောသမျှကို ပြန်စဉ်းစားပြီး တုံ့ပြန်ဖို့ ပိုကြာတတ်ပါတယ်။
သူတို့က လေ့လာသူတွေပါ။ စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့ဘဝကို လေ့လာသုံးသပ်သူတွေလည်း ဖြစ်ပါတယ်။
သူတို့က လူမှုဆက်ဆံရေးကို မရှက်ကြပေမယ့် မိတ်ဆွေအပေါင်းအသင်းတည်ဆောက်ရာမှာ ရွေးချယ်တတ်ကြပါတယ်။
တစ်ယောက်တည်း နေရတာကို ပိုကြိုက်ကြပါတယ်။
သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးကို အစွမ်းကုန် ဂရုစိုက်တတ်ကြတယ်။ ဒါ့အပြင် သူတို့က ယုံကြည်ထိုက်သူတွေ ဖြစ်တတ်ကြတယ်။ ယုံကြည်မှုတွေ ဝေမျှနိုင်တဲ့သူတွေ ရှိခြင်းကိုလည်း တန်ဖိုးထားတတ်ကြပါတယ်။


.

ရှက်တတ်ပြီး စကားအများကြီး မပြောတတ်သူတွေ

တစ်ချို့တွေက စိတ်မလုံခြုံတဲ့အတွက် စကားအများကြီးမပြောတတ်ကြပါဘူး။ ဒီအခြေအနေတွေဆိုရင် သူတို့မှာ ရှက်တတ်တဲ့ စရိုက်တွေ ရှိပါတယ်။ သူတို့က လူမှုဆက်ဆံရေးအခြေအနေတွေမှာ သက်တောင့်သက်သာ မဖြစ်ပေမယ့် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် အလုပ်ပတ်ဝန်းကျင်မှာ မအောင်မြင်ဘူးလို့တော့ မဆိုလိုပါဘူး။

Reflective ကိုယ်ရည်ကိုယ်သွေး- ဖုတ်ပူမီးတိုက်ကမ္ဘာကြီးမှာ အတွင်းစိတ်အေးချမ်းမှု

အတွေးအခေါ်တွေ၊ ထင်မြင်ယူဆချက်တွေနဲ့ အတွေးတွေကို စစ်ထုတ်တာမရှိသလောက် ဖလှယ်နေကြတဲ့ လူတွေရဲ့ကမ္ဘာကြီးမှာ စကားအများကြီး မပြောတတ်သူတွေမှာ လုံးဝကွဲပြားတဲ့ rhythm ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ အခြားအချက်တစ်ခုကို ထည့်စဉ်းစားဖို့လိုပါတယ်။ ဒါက reflective ချဉ်းကပ်မှုပါ။

မပြောခင် သူတို့ပြောမယ့်အရာတွေအတွက် အမြဲစဉ်းစားနေသူတွေ ရှိပါတယ်။ သူတို့က မတုံ့ပြန်ခင်မှာ သူတို့ရဲ့ senses အားလုံးကို နားထောင်ပါတယ်။ အချိန်ယူပါတယ်။ ဒါ့ကြောင့်လည်း သူတို့ရဲ့ communication က အမြဲတမ်းစစ်မှန်နေပါတယ်။ သူတိုရဲ့ယုံကြည်ချက်တွေနဲ့အညီ ရိုးသားစွာ ပြောဆိုတတ်ကြပါတယ်။ သူတို့က သူတို့ပတ်ဝန်းကျင်ကို အမြဲသတိထားတတ်ကြတယ်။ ဒါ့အပြင် သူတို့က ကိုယ်ချင်းစာတတ်တယ်။ အခြားသူတွေ ဘာလိုအပ်လဲ၊ ဘာကြိုက်လဲဆိုတာကို နားလည်ဖို့ ကျွမ်းကျင်ကြတယ်၊ အလိုလိုသိတတ်ကြပါတယ်။ ဒီအရာတွေအားလုံးက အေးအေးဆေးဆေးချဉ်းကပ်ဖို့ လိုအပ်ပါတယ်။ အမှန်ကတော့ ဒီလူတွေဟာ အခြားသူတွေကို အရင်စကားပြောခွင့်ပေးပြီး အမြဲတမ်းနားထောင်နေတယ်။ အာရုံစိုက်နေတယ်ဆိုတာက ပြောနေတဲ့အရာတွေကို လေ့လာနေတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ပြောတာတွေကို အထောက်အကူ ဖြစ်စေဖို့နဲ့ လေးလေးစားစားဖြစ်ဖို့လည်း အမြဲမျှော်လင့်တတ်ပါတယ်။




လူအများစုအတွက် ဒီစရိုက်က ပုံမှန်မဟုတ်ဟု ထင်ကောင်းထင်နိုင်ပါတယ်။ သို့သော် ဒါက ရိုးရှင်းတဲ့ အခြားစရိုက်လက္ခဏာတစ်ခုသာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အားလုံးက တစ်မူထူးခြားပါတယ်။ လူတိုင်းက လက်တန်းပြောနိုင်စွမ်း မရှိကြပါဘူး။ ဒါကို ကျွန်တော်တို့ နားလည်ထားရင် ကိုယ်နဲ့မတူတဲ့ တခြားသူတွေရဲ့အမူအကျင့်ကို ပိုနားလည်နိုင်ပါလိမ့်မယ်။

Lifestyle_Myanmar
LM_Nandar


Source-exploringyourmind


#စကား
#ခေါင်းဆောင်မှု
#စရိုက်
#အရာ
#လူမှုဆက်ဆံရေး

Some text some message..