Self-Confidence ရှိလာစေဖို့ ကိုယ်တိုင်လုပ်ဆောင်ရမယ့်အရာ ၅ ခု
mystylemyanmar.com
|
2021-08-27

ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ Self-Confidence ရှိလာစေဖို့ ကိုယ်တိုင်ပဲ ပုံမှန်လုပ်ဆောင်သွားရမယ့် အရာ ၅ ခု ရှိပါတယ်။


ကိုယ့်ကိုယ်ကိုတခြားသူတွေနဲ့မနှိုင်းယှဉ်ပါနဲ့




Self-Confidence မရှိအောင်လုပ်နိုင်တဲ့ အဓိကအရာကတော့ ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်တာပါပဲ။ အဲ့လိုလိုက်နှိုင်းယှဉ်လေ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ပြီး သိမ်ငယ်စိတ်ဝင်လေပါပဲ။ ဒါကြောင့် Self-Confidence ရှိချင်ရင် ကိုယ့်ပုံစံအတိုင်းပဲနေပါ။ ကိုယ့်ဖြစ်တည်မှုကိုလက်ခံပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။


Positive ဖြစ်စေတဲ့သူတွေနားမှာပဲနေပါ




Toxic ဖြစ်တဲ့လူတွေနဲ့ ပတ်သက်မိရင် ကိုယ့်အတွက် Self-Confidence ပျောက်ဆုံးစေပါတယ်။ ကိုယ့်ကို တစ်ချိန်လုံးကြည့်ပြီး လိုက်ပြောနေတာမျိုး၊ လိုက်ကဲ့ရဲ့ပြီး ဝေဖန်နေတာမျိုးတွေကြောင့် ယုံကြည်မှုပိုပျောက်ရပါတယ်။ ဒါကြောင့် ကိုယ့်ကို အကောင်းမြင်ပြီး အားပေးတတ်တဲ့သူ၊ စစ်မှန်တဲ့သူ၊ Positive ဖြစ်စေတဲ့သူတွေ အနားမှာပဲနေပါ။


ကိုယ့်အလှအပကိုဂရုစိုက်ပါ




Self-Confidence ရှိဖို့အတွက် ကိုယ်တိုင်ကလည်း အမြဲလှနေဖို့ လိုပါတယ်။ အဲ့လိုလှနေဖို့အတွက် ကိုယ့်မျက်နှာ၊ ခန္ဓာကိုယ် အသားအရေကို အမြဲတမ်းဂရုစိုက်ပါ။ ပြင်ပြင်ဆင်ဆင်နဲ့ သပ်သပ်ရပ်ရပ်နေပါ။ ကျန်းမာလှပအောင် လေ့ကျင့်ခန်းလည်း လုပ်ပေးပါ။ အမြဲလှနေမှ ကိုယ့်ကိုယ်ကို Self-Confidence ပိုရှိလာမှာပါ။


ကိုယ့်ကိုယ်ကိုကြင်နာပါ




ဘာတွေပဲဖြစ်နေပါစေ ကိုယ့်ကိုယ်ကို ဂရုစိုက်ရပါမယ်။ တခြားသူကိုအားမကိုးပဲ ကိုယ့်ကိုယ်ကိုအားကိုးပြီး တစ်ယောက်ထဲဖြစ်အောင်၊ သန်မာအောင်နေပါ။ ကိုယ့်ကိုယ်ကိုကြင်နာပါ။ တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုချစ်ပါ။


Positive ဖြစ်တဲ့စကားပဲပြောပါ




Self-Confidence ရှိဖို့အတွက် ကိုယ်ပြောတဲ့စကားနဲ့ ကိုယ့်အတွေးတွေကလည်း အမြဲ Positive ဘက်ရောက်နေဖို့ လိုပါတယ်။ တချိန်လုံး မကောင်းတဲ့ဘက်ကအရင်တွေးပြီး ပြောနေရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုက တစ်ဖြေးဖြေးနဲ့ လျော့နည်းလာပါတယ်။


#ယုံကြည်မှု
#အရာ
#အလှအပ
#စကား
#လေ့ကျင့်ခန်း

Some text some message..