ယောကျ်ားလေးတွေက လမ်းခွဲပြီးရင် ဘာ့ကြောင့် (Silent Treatment) ဥပေက္ခာပြုသွားတတ်တာလဲ?
lifestylemyanmar.com
|
2021-09-03

ကျွန်တော်တို့အားလုံးက လမ်းခွဲခြင်းတွေကို ကိုယ်ပိုင်နည်းလမ်းနဲ့ ကိုင်တွယ်ကြပါတယ်။ အချို့ယောကျ်ားလေးတွေက သင်နဲ့ relationship ပြတ်သွားပြီးနောက်မှာ ကိုယ်က အဆက်အသွယ်ရှိနေချင်သေးတယ်၊ အရာရာကို သင့်သင့်မြတ်မြတ်နဲ့ အဆုံးသတ်သွားချင်ခဲ့တယ် ဆိုရင်တောင် သင့်အား ဥပေက္ခာပြုသွားလေ့ရှိတာကို သင်သတိထားမိနိုင်ပါတယ်။ သေချာတာပေါ့ ၊ အထူးသဖြင့် ဒီအပြုအမှုက ရှုပ်ထွေးပြီး နားလည်ရခက်တဲ့ပုံပေါက်တာကြောင့် သင့်အတွက် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်၊ ဒါကတော့ တစ်ချို့ယောကျ်ားလေးတွေက သင်နဲ့ပြတ်ပြီးနောက်ပိုင်းမှာ ဘာ့ကြောင့် နှုတ်ဆိတ်နေတဲ့နည်းကို သုံးတာလဲ? ဒါနဲ့ပတ်သတ်ပြီး သင်ဘာလုပ်နိုင်သလဲ ? ဆိုတဲ့အကြောင်းတွေပါ။

၁။ သူတို့က လမ်းခွဲမှုနှင့်ပတ်သတ်လို့ မတွေးကြပါဘူး

ရက်စက်လွန်းတယ်လို့ မထင်ပါနဲ့။ တစ်ချို့ယောက်ျားလေးတွေက သူတို့အကြောင်းတွေကို အရမ်းကြီးမတွေးဘဲ အတိတ်က လမ်းခွဲမှုတွေကို move လုပ်နိုင်စွမ်းရှိကြပါတယ်။ ဒါက သင်မျှော်လင့်ထားတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့လိုဖြစ်လာပါတယ်။ လမ်းခွဲပြီးနောက်ပိုင်းမှာ သင်ဟာ ကွယ်ရင်မေ့သွားလိမ့်မှာ ဖြစ်ပါတယ်။ သူကလည်း သင့်အကြောင်း စဉ်းစားမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သူက ရှေ့ဆက်ဖို့ အဆင်သင့်ဖြစ်နေတဲ့အတွက် သင့်ကို Silent Treatment လုပ်နေကြောင်း သူတောင်သတိထားမိမှာ မဟုတ်ပါဘူး။


၂။ သူတို့က သူငယ်ချင်းဖြစ်ဖို့ စိတ်မဝင်စားပါဘူး

လမ်းခွဲပြီးနောက်ပိုင်းမှာ ယောကျ်ားလေးတစ်ယောက်ကို သင့်ရဲ့မိတ်ဆွေကောင်း ဖြစ်ကျန်ခဲ့ဖို့ဆိုတာ အမြဲတမ်းမဖြစ်နိုင်ပါဘူး။ အနည်းဆုံးတော့ ကိုယ့်ရည်းစားဟောင်းနဲ့ ဖော်ဖော်ရွေရွေ နေနိုင်တာကောင်းပေမယ့် သူက သင့်သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရင် သင့်ကို စကားပြောမှာ မဟုတ်ပါဘူး။ သူ့ဘက်ကကြည့်ရင်တော့ သင်က နောက်ထပ်အတူမနေတော့ဘူး၊ သင်က သူ့အဖော်တစ်ယောက် မဟုတ်တော့ဘူး၊ အဲ့ဒီအတွက် သူဘာ့ကြောင့် ဆက်ပြီးပြောဆိုဆက်ဆံနေဦးမှာလဲ? ။

၃။ သင်နဲ့ စကားပြောရခြင်းက နှိပ်စက်သလို ခံစားရလို့

တစ်ချို့ယောကျ်ားလေးတွေဟာ လမ်းခွဲပြီးတဲ့နောက်မှာ အရမ်းစိတ်ထိခိုက်ပြီး သင်နဲ့စကားမပြောနိုင်တော့ပါဘူး။ သင်နဲ့စကားပြောရတာ ခက်ခဲစေတဲ့ ခံစားချက်တွေနဲ့ နောင်တတွေ ရှိနိုင်ပါတယ်။ သူ့ခံစားချက်တွေ ထိခိုက်ရင် သင်နဲ့ စကားပြောတာက သူ့အတွက် အဆင်မပြေပါဘူး။ လမ်းခွဲပြီးနောက် သူဘာပြောရမှန်းတောင် မသိတော့ပါဘူး၊ ဆိုလိုတာက သူ သင့်ကို လုံးဝရှောင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါလိမ့်မယ်။


၄။ သူတို့က သင်လိုတာကို မပေးချင်တော့ဘူး

အမှန်အတိုင်းပြောရရင် ဒါက လမ်းခွဲမှုအတွက် အရင့်ကျက်ဆုံး တုံ့ပြန်မှု မဟုတ်ပေမယ့် တစ်ချို့ယောကျ်ားလေးတွေဟာ သူတို့ ပစ်ထားခဲ့ပြီးနောက်မှာ နာကြဉ်းပြီး အငြိုးထားမှာကို သိကြပါတယ်။ သင် သူနဲ့စကားပြောချင်တယ်ဆိုတာ သူသိရင် ဥပေက္ခာပြုလိုက်ပါမယ်။ သူစိတ်ထဲမှာ နာကျင်နေဆဲဆိုရင် သင့်ကိုစကားမပြောဘဲ နေခြင်းက သူလိုချင်တဲ့ သင့်ကို နာကျင်စေသော တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။


၅။ သူတို့ အချိုးပြောင်းချင်လို့

အချို့ယောကျ်ားလေးတွေအတွက် တစ်စုံတစ်ယောက်ကို ပစ်ထားခဲ့ပြီးနောက်(သို့) စွန့်ပစ်ခံရပြီးနောက် အချိုးပြောင်းသွားတာက ရှေ့ဆက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ သူဘယ်လို ရှေ့ဆက်ရမယ်ကို မသိသေးပေမယ့် ရှေ့ဆက်ချင်တာကိုတော့ သူသိပါတယ်။ ဘယ်နေရာမှ ရှေ့မဆက်ရသေးတဲ့တာကြောင့် သင်နဲ့ စကားဆက်မပြောချင်ပါဘူး။ ပြန်ဆက်သွယ်ခြင်းက အခြေအနေတွေကို ကြာရှည်စေပြီး ရှေ့ဆက်ဖို့ ပိုခက်ခဲလာစေပါတယ်။ ဒါ့ကြောင့် အချိုးပြောင်းဖို့ နည်းလမ်းတစ်ခုအဖြစ် နှုတ်ဆိတ်နေတဲ့နည်းကို သုံးတာဖြစ်ပါတယ်။


၆။ နာကျင်မှုကို ဖုံးကွယ်ချင်ကြလို့

လမ်းခွဲပြီးနောက်မှာ တစ်ချို့တွေက ကိုယ့်ရဲ့နာကျင်မှုကို မပြချင်ကြပါဘူး။ သင့်ရည်းစားဟောင်းက သင့်ကို စကားလာပြောရင် သူဘယ်လောက်နာကျင်နေလဲဆိုတာ ဖုံးကွယ်ထားလို့ မရပါဘူး။ သင်နဲ့ စကားပြောတာက သူ့ကို စိတ်ဆိုးစေ၊ စိတ်လှုပ်ရှားစေပါလိမ့်မယ်။ သင့်ကို ဥပေက္ခာပြုတဲ့နည်းသုံးတာက အဲ့အခြေအနေကနေ ရှောင်ရှားဖို့ သူ့ကို ကူညီပေးပါတယ်။

၇။ အခြေအနေကောင်းလာပြီးမှ ဒုံရင်းပြန်ဖြစ်သွားမှာကို ကြောက်လို့

ကျွန်တော်တို့အားလုံးဟာ ရည်းစားဟောင်းနဲ့ နောက်ပြန်ဆုတ်ခဲ့ရတဲ့ အခြေအနေမှာ ရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါက “စကားပြောချင်ရုံသက်သက်” နဲ့ပဲ စတင်တာ မဟုတ်ပါလား။ သင့်နားမှာဆိုရင် သူ့ကိုယ်သူ


၈။ ရှေ့ဆက်ဖို့ စတင်ပါ

သင်နဲ့စကားပြောဖို့ ငြင်းတဲ့ယောကျ်ားလေးရှိရင် သင်အကောင်းဆုံးလုပ်နိုင်တာက သူ့ဆီကနေ ရှေ့ဆက်ဖို့ စတင်တာပါ။ အသစ်တစ်ယောက်ရှာဖို့ (သို့) တွေ့တဲ့ယောကျ်ားလေးတွဲဖို့ လိုတယ်လို့ မဆိုလိုပါဘူး။ သင်ဒီလောကထဲက ထွက်ပြီး လမ်းခွဲမှုကို ရှာတွေ့ဖို့ တခုခုလုပ်ပါ။ ဒါက သင့်ဘဝကို ရှေ့ဆက်ဖို့နဲ့ ဥပေက္ခာပြုထားတဲ့ ယောကျ်ားတစ်ယောက်နဲ့ သင့်ရဲ့ relationship ကိုကျော်ဖြတ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-bolde.


#အချစ်ရေးဆက်နွယ်မှု
#အထွေထွေဗဟုသုတ
#လမ်းခွဲ

Some text some message..