အသက် ၃၀ ကျော်တာနဲ့ ပြောင်းလဲသင့်တဲ့ ကိုယ့်ရဲ့ဖက်ရှင်စတိုင်တွေ
mystylemyanmar.com
|
2021-09-07

အသက်အရွယ်တစ်ခုရောက်လာပြီးဆိုတာနဲ့ ကိုယ့်ရဲ့ အဝတ်အစားပုံစံ၊ အနေအထိုင်တွေကအစ မသိမသာနဲ့တဖြည်းဖြည်းပြောင်းလဲလာခဲ့ကြပါတယ်။ အဝတ်အစားဆိုတာကလည်း လူတစ်ယောက်အတွက် လိုအပ်တဲ့နေထိုင်မှုပုံစံထဲမှာပါဝင်ပါတယ်။ အဝတ်အစားရဲ့ပြောင်းလဲမှုက ကိုယ့်ရဲ့ပုံစံကိုပြောင်းလဲပေးနိုင်သလို အရွယ်တင်အောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ အသက်တွေကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့စတိုင်ပြောင်းလဲမှုကလည်း လုပ်ဖို့လိုအပ်တယ်နော်။ အသက် ၃၀ ကျော်လာရင် မိန်းမတစ်ယောက်က လူသက်တမ်းရဲ့သုံးပုံတစ်ပုံလည်း ရောက်လာပြီဆိုတော့ တော်တော်လည်း ရင့်ကျင့်နေကြပါပြီ။ အသက်တွေကြီးလို့ လှလှပပမနေသင့်တော့ဘူး ကိုယ့်ကိုကြည့်မဲ့သူလည်း တစ်ယောက်မှ ရှိမှာမဟုတ်တော့ဘူးဆိုတဲ့ အတွေးတွေမဝင်သင့်တော့ပါဘူး။ဘယ်အသက်အရွယ်မဆို မိန်းမတိုင်းက လှနေဖို့တော့လိုအပ်ပါတယ်။ ဖက်ရှင်ဆိုတာလည်း ကိုယ့်ရဲ့စတိုင်နဲ့လည်းအများကြီးဆိုင်တဲ့အတွက် ဘယ်နေရာသွားသွားယုံကြည်မှုရှိအောင်လည်း လုပ်ပေးနိုင်တယ်။ အဝတ်အစားကြောင့် ကိုယ့်ပုံစံလေးက ၃၀ ကျော်လို့မထင်ရဘူးလို့ ချီးမွမ်းခံရတာကို မိန်းမတိုင်းသဘောကျတတ်ကြပါတယ်။ ကဲ့ဒီလိုဆိုရင် အသက်၃၀ကျော်တာနဲ့ ဘယ်လိုမျိုးဝတ်စားဆင်ရင် သင့်လဲဆိုတာကိုမျှဝေပေးချင်ပါတယ်။

Jumpsuit




Jumpsuit ကိုတော်တော်များများက အသက်ငယ်ငယ်လေးတွေမှဝတ်လို့ရတယ်။ အသက်ငယ်တဲ့ ဆယ်ကျော်သက်တွေပဲလိုက်ဖက်ကြတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ Long Jumpsuitလေးတွေက အသက်လတ်ပိုင်းတွေအတွက် ပိုပြီးစမတ်ကျပြီး Offic Women ပုံစံလေးဖြစ်စေပါတယ်။ Jumpsuit လေးတွေကို Floral Print တွေဝတ်ရင် နည်းနည်းကလေးဆန်တယ်လို့ထင်ရတဲ့အတွက် ပိတ်စဗျောင်ဖြစ်တဲ့ဒီဇိုင်းမျိုးကို ပိုပြီးရွေးချယ်စေချင်ပါတယ်။ Jumpsuit နဲ့ High Heel ကလည်းအတွဲအစပ်အရမ်းမိတဲ့အတွက် သင့်ပုံစံကို ပိုပြီးရင့်ကျင့်စေပြီး ပိုပြီးအထာကျစေနိုင်ပါတယ်။

Blazer




ကိုယ့်ရဲ့စတိုင်က မိန်းမလည်းအရမ်းဆန်တာမျိုးမဟုတ်ဘူးဆိုရင်တော့ Blazer တွေကသင်နဲ့အလိုက်ဖက်ဆုံးဖက်ရှင်တစ်ခုဖြစ်လောက်ပါတယ်။ Blazer ကိုအောက်က T-shirt , ဘောင်းဘီအတိုလေးတွေနဲ့တွဲဝတ်လို့လည်း အဆင်ပြေပါတယ်။ အပေါ်ကနေ Blazer ကိုထပ်ဝတ်လိုက်တာမျိုးလည်း လုပ်လို့ရပါတယ်။ လူငယ်ဆန်ပြီးတော့ မမဆိုတဲ့ Vibe လေးကိုပေးတဲ့စတိုင်မျိုးဖြစ်ပါတယ်။ အောက်ကနေ ပေါ့ပေါ့ပါးပါးဖြစ်ချင်တယ်ဆိုရင် Sneaker နဲ့လည်းတွဲစီးလို့ရနိုင်သလို Slipper လှလှလေးတွေနဲ့လည်း လိုက်ဖက်နေတာမျိုးပါ။

Crop Top + Skirt




Crop Top ကိုမှခန္ဓာကိုယ်မှာတင်းကြပ်နေတဲ့ စတိုင်မျိုးထက် ချည်သားဆန်ပြီး သက်တောင့်သက်သာဖြစ်တဲ့ ပိတ်စမျိုးနဲ့ပိုပြီးလိုက်ဖက်ပါတယ်။ Skirt ကိုလည်း Floral Design ပါတဲ့Skirt မျိုးကိုပိုပြီးရွေးချယ်သင့်ပါတယ်။ French Girl လေးတွေရဲ့စတိုင်မျိုးဆိုလည်းမမှားပါဘူး။ ဒီစတိုင်လေးက Vintage လေးလည်းဆန်တဲ့အတွက် Try သင့်တဲ့ Fashion စတိုင်မျိုးထဲမှာပါတယ်နော်။

Photo Source – Pinterest


#croptop
#fashion

Some text some message..